Friday, December 27, 2024

ကယားပြည်နယ် ပြည်သူ့ပါတီ (KySPP) နိုင်ငံရေးပါတီတည်ထောင်ခွင့်လျှောက်ထားချက်ကို...

နိုင်ငံရေးပါတီ တည်ထောင်ခွင့်လျှောက်ထားခြင်းများကို စိစစ်ခွင့်ပြုပေးလျက်ရှိရာ ကယားပြည်နယ်ပြည်သူ့ပါတီ (Ky SPP)သည် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ၊ နည်းဥပဒေများနှင့် ညီညွတ်ကြောင်း စိစစ်တွေ့ရှိရသဖြင့် ကော်မရှင်က ဒီဇင်ဘာ (၂၆)...

အလောင်းအစားဖြင့် အရက်စိန်ခေါ်သောက်သည့် ထိုင်းလူငယ် သေဆုံး

ဆိုရှယ်မီဒီယာတွင် လူသိများသော ထိုင်းလူငယ်တစ်ဦးသည် ဘတ် ၃၀,၀၀၀ အလောင်းအစားကြေးခေါ်မှုအတွက် ၃၅၀ မီလီလီတာ ဝီစကီပုလင်းကို တကြိုက်တည်းသောက်ခဲ့ပြီးနောက် မကြာမီတွင် သေဆုံးခဲ့ကြောင်း သိရသည်။ ပန်းကုံးများရောင်းချ၍...

စမ်းချောင်း ဟုမ်းလမ်းဘူတာရပ်ကျေးအုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအ တွင်း...

ရန်ကုန်တိုင်း၊ စမ်းချောင်းမြို့နယ်၊ ဟုမ်းလမ်းဘူတာရပ်ကွက်၏ ရပ်ကွက်အုပ်ချုပ်ရေးမှူးအားပစ်ခတ်မှုအပါအဝင် ရန်ကုန်တိုင်းအတွင်း ဖောက်ခွဲမှုများပြုလုပ်ခဲ့သည့် Free Land Attack Force (FLA)အဖွဲ့ဝင်(၂)ဦးကို လက်နက်၊ခဲယမ်းများနှင့်အတူဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်...

တရုတ်ကကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည် တည်ဆောက်မည်

တရုတ်နိုင်ငံသည် ကမ္ဘာ့အကြီးဆုံး ရေအားလျှပ်စစ်ဆည်ဖြစ်လာမည့် ဆောက်လုပ်ရေးစီမံကိန်းကို အတည်ပြုလိုက်ပြီဖြစ်ပြီး တိဘက်ကုန်းပြင်မြင့်၏ အရှေ့ဘက်စွန်း၌အခြေခံအဆောက်အဦစီမံကိန်းတစ်ခုကို အစပြုလိုက်သည်။ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ် မြစ်အောက်ပိုင်းဒေသများတွင် သက်ရောက်မှုကြီးကြီးမားမားရှိမည့် စီမံကိန်းသည်...
HomeInterviewsအကယ်ဒမီ သက်မွန်မြင့်၏ ...

အကယ်ဒမီ သက်မွန်မြင့်၏ ရင်သွေး အားချစ် အား ပြုစု ထိန်းသိမ်း စောင့်ရှောက်နေသည့် မိသားစု ဆရာဝန် ပါမောက္ခ ဒေါက်တာ ကေသီထွန်း နှင့် တွေ့ဆုံခြင်း

daw-k-thi-tun-5ယခင်အပတ် မှအဆက်

ပတ်ဝန်းကျင်က ပဲဖြစ်စေ၊ မိဘကပဲ ဖြစ်စေ ကလေးတွေကို စိတ်ဒဏ်ရာ ရရှိအောင် သတိမထား မိဘဲ လုပ်မိ တဲ့ အပြုအမူ လေးတွေက ဘာတွေဖြစ်နိုင်မလဲ ဆိုတာကို မိဘတွေ သတိထားပြီး ကြိုတင်ပြင် ဆင် လို့ရအောင် အကြံပြုစကားလေး လက်ဆောင် ပါးပေးပါဦး။

ကလေး ဆိုတာ ကတော့ အကုန် လုံး စမ်းသပ်ပြီးတော့ လုပ်ရင်း နဲ့ပဲ ပတ်ဝန်းကျင်နဲ့ သူတို့ကြားမှာ ရှိတဲ့ သဟဇာတ ဖြစ်မှုရယ်၊ ပတ်ဝန်း ကျင် နဲ့ သူတို့ကြားမှာ ရှိတဲ့ သူတို့ကိုယ် သူတို့ ပြုစု ပျိုးထောင်ရမယ် ဆိုတဲ့ စိတ်တွေက သူ့ကို စမ်းသပ်ရင်းနဲ့ ဖြစ် လာတာ။ ဒါကြောင့်မို့ မိဘတွေက ကလေးတွေကို နားလည် ပေးဖို့လို ပါတယ်။ ကလေးတွေမှာ မှားသွားတဲ့ အမှားတွေ ရှိနိုင်တယ်။ အဲဒီ မှားသွား တဲ့ အမှားတွေ မှာ ကလေး ကိုယ်တိုင်ကို အန္တရာယ် ဖြစ်စေမယ်၊ ပတ်ဝန်းကျင် ကိုလည်း စိတ်အနှောင့် အယှက်ဖြစ်စေမယ် ဆိုရင် မိဘက တားရ မယ်။ တားတယ် ဆိုတဲ့နေရာ မှာလည်း တစ်ယောက်က တာဝန်ယူ ပြီးတားမယ်။ နောက် တစ်ယောက်က ကလေးကို ပြန်ပြီး တည့်မတ်ပေးတဲ့ သဘောမျိုးလည်း ဖြစ်ရမယ်ပေါ့။ မိဘ နှစ်ယောက်စလုံး က ပြိုင်တူဆူ လိုက်မယ်။ ပြီးတော့ နောက်တစ်ခါ ဒီအမှားကို ကလေးက ထပ်ကျူးလွန် မယ်။ အဖေနဲ့ အမေက မသိချင် ယောင်ဆောင်လိုက်မယ် ဆိုရင် ကလေးစိတ်ထဲမှာ တော်တော်လေး ရှုပ်ထွေးသွားမယ်။ သူလုပ်နေတာ က မှားလား၊ မှန်လား ဆိုတာ မသိတော့ ဘူး။ မိဘ စိတ်ကြည်သာလို့ ရှိရင် သူက အမှန်ဖြစ် သွားတယ်။ စိတ် မကြည်သာချိန် အဖေ နဲ့ အမေကြား ပြဿနာဖြစ်ချိန် မှာ ဒါ သူ့အတွက် အမှားဖြစ်သွားမယ်။ အဲဒါဆိုလို့ ရှိရင် ကလေးက သူ့အတွက် မှန်ကန်တဲ့ လေ့ကျင့်ပြုစု ပျိုးထောင်ပေးမှု ရလာ တယ်လို့ မပြောနိုင်ဘူး။ အဲဒါကြောင့် ကလေးတွေကို စည်းကမ်း ချပေးတဲ့ အချိန်မှာ ထပ်ဖန် တလဲလဲ တူညီတဲ့ စည်းကမ်းဖြစ်ဖို့ လိုပါတယ်။ နောက် တစ်ခုက ကလေးကို မျက်နှာအမူ အရာ နဲ့ သော်လည်းကောင်း၊ ကိုယ်ဟန်အမူအရာ နဲ့သော် လည်းကောင်း တားမြစ်ရတာလေး တွေ ရှိမယ်။ ဒါပေမဲ့လို့ တားမြစ် ထားတဲ့အချိန် တစ်ခု ကြာလာတဲ့ အခါ မှာ အဲဒီအချိန်က ဘာကြောင့် တားမြစ် ရတာပါ ဆိုတာလေးကို သူနဲ့ ရယ်ရယ်မောမော ပြန်ပြောထား လိုက်မယ် ဆိုရင် ကလေးက ဒါသည် မိဘဆီက လုံလောက်တဲ့ စေတနာနဲ့ အကြံပေးတယ် ဆိုတဲ့ စကားကိုလည်း သူရသွားမယ်။ နောက်ထပ် သူ လုပ်သင့် မလုပ်သင့် ဆိုတာလည်း သူ့အနေနဲ့ သဘောပေါက် သွားမယ်။ အဲဒါ ကတော့ ကလေးကို အကောင်း ဆုံး ပြုစု ပျိုးထောင်နည်းပေါ့နော်။ နောက်တစ်ခုက ကလေးက လူကြီး တွေကြားထဲ မှာပဲ နေနေရပြီးတော့ သူ့မှာ အဖော် မရှိဘူး။ အဲဒီလိုမျိုး ဆိုရင်လည်း ကျွန်မ တို့က ၂ နှစ်ကျော် အရွယ်မှာ သင့်တော်တဲ့ နေ့ကလေး ထိန်းကျောင်းမှာ အဖော်ရအောင် ထားပေးဖို့ လိုပါ တယ်။ ပေါင်းသင်း ဆက်ဆံရေး နဲ့ ဗဟုသုတတွေ ရ အောင် လေ့ကျင့်ပေးတဲ့ ကျောင်းမျိုး တွေမှာ ထားပေးဖို့ လိုပါတယ်။ မိဘ နှစ်ပါးက အမြဲတမ်း ကတောက် ကဆ ဖြစ်မယ်။ အဖေက အရက်သောက် တတ်မယ်။ ဆွေမျိုးတွေကို ပြဿနာ ရှာမယ်။ အဲဒီလို အသိုက်အဝန်းမှာ ကြီးပြင်းလာတဲ့ ကလေးတွေက အဖေ့ ပုံစံ အတိုင်းပဲ ပြဿနာ တစ်ခု ကို အလွယ်တကူ ဒေါသနဲ့ ဆုံးဖြတ် တတ်လေ့ ရှိတယ်။ ဒါကြောင့် အဆင် မပြေ သဘောထား မညီတဲ့ ကိစ္စတစ်ခု ညှိနှိုင်းမယ်ဆိုရင် ကလေးမရှိတဲ့ အချိန်မှာ ညှိနှိုင်းဖို့ လိုပါတယ်။ နောက်တစ်ခုက ကလေးကို မရိုက်ပါနဲ့။ ကလေးတွေကို ရိုက်လိုက် တာဟာ မကြိုက်တဲ့ အလုပ်တစ်ခုကို ချက်ချင်း ဟန့်တားနိုင်တယ် ဆိုပေ မယ့် နောက် တစ်ခါ လည်း ကလေးက ထပ်စမ်းဦးမှာပဲ။ ကျွန်မ တို့ ဘယ်နှခါ ရိုက်မှာလဲ။  မကြာခဏ အရိုက်ခံရတဲ့ ကလေးတွေ၊ တအား ကို ပေါက်ကွဲ လွယ်တဲ့ဂိမ်းတွေ ကစားတဲ့ ကလေး တွေ၊ ပတ်ဝန်းကျင်မှာ ဖခင်က အရက်စွဲပြီး  ရန်ဖြစ်၊ ဆူညံမှုတွေနဲ့ ကြုံရတဲ့ ကလေးတွေ က ပြဿနာ တစ်ရပ် ဖြစ်တယ်ဆိုရင် စိတ်အေး လက်အေး မဖြေရှင်းတတ်ဘဲ ပြဿ နာကို အရေးယူ အပြစ်ပေးခံရတဲ့ အခြေ အနေတွေထိ ဖြစ်သွားနိုင် တယ်။ လူမှု အသိုင်းအဝိုင်းက အဖယ် ခံရတဲ့ လူတွေဖြစ်သွား နိုင်တယ်။ မိဘတွေက ကြိုသိထား လို့ ပြုပြင်ပေး  ထားနိုင်ရင်တော့ ကလေးတွေရဲ့ အနာဂတ်ကို ကောင်းအောင် ပံ့ပိုး ပေးသလို ဖြစ်မှာပါ။

ကလေးတွေရဲ့ အသက် အရွယ် အတိုင်းအတာ အလိုက် မိဘတွေ အနေနဲ့ ပြုမူ ပြောဆို ပျိုးထောင်ရာမှာ သတိထားသင့်တဲ့ အပိုင်း အခြားလေး တွေကို ပြောပြပေးပါဦး။

ကလေးတွေက ၆ လကနေ ၉ လ အရွယ်လောက် အထိမှာ သူတို့က ပတ်ဝန်းကျင်ကို ထိကြည့်မယ်။ ပါး စပ်လေးနဲ့ ကိုက်ကြည့်မယ်။ အဲဒီ လောက်ပဲ သူတို့ ဖွံ့ဖြိုးမှုက ရှိသေး တယ်။ သူတို့သိတာ က မိဘတွေရဲ့ ပြုံးနေတဲ့ မျက်နှာရယ်၊ မပြုံးတော့တဲ့ မျက်နှာရယ်။ အဲဒီလောက် ပဲ သူတို့ ခွဲတတ်တာပဲ ရှိမယ်။ အဲဒီ အရွယ်မှာ မိဘ လုပ်ပေး သလောက် လက်ခံ တယ်။ ထမင်းကျွေးရင်လည်း အကုန် လုံး စားပစ် လိုက်မယ်ပေါ့။ ဒါပေမဲ့ ၁ဝ လ ၁၂ လကျတော့ သူနဲ့သူ့ ပတ် ဝန်းကျင်ကြားထဲမှာ ရှိနေတဲ့ ကွာဟမှု ကို သူသဘောပေါက် လာတယ်။

သူ ဗိုက် မဆာတော့တဲ့ အချိန် ထမင်း သွားကျွေးမယ် ဆိုရင် သူမကြိုက်တာ ဆို သူက မစားတော့ဘူး။ သူငြင်းဆန် တာကို မိဘက သိနေမယ်။ သူကြိုက် တတ်တာလေးတွေ ကို မှတ်ထားပြီး ကျွေးမယ် ဆိုရင် အဆင်ပြေတာပေါ့ လေ။ နောက်တစ်ခါ တစ်နှစ်ကျော်  လာချိန် မှာ သူက အရာရာကို တုံ့ပြန် မှုနဲ့ ဆုံးဖြတ်တယ်။ အဲဒါကြောင့်မို့ မဂ္ဂဇင်း စာအုပ်တွေ တွေ့ရင် လှန် ကြည့်နေရာ ကနေ စာရွက်တွေ ဆွဲဖြဲ ပစ်တာမျိုးလည်း ဖြစ်မယ်။ ဒါမှ မဟုတ်ရင် ကော်ဖီခွက်၊ အအေးခွက် ကို တွေ့တဲ့အခါ စားပွဲပေါ် ကနေ လှဲ ချလိုက် ပြီးတော့ အောက်ကို ရေတွေ ကျလာတဲ့ အသံနဲ့ ဖန်ခွက်တွေ ကွဲ သွားတဲ့ အသံပဲဖြစ်ဖြစ်ပေါ့။ ဒီအပေါ် မှာ ပတ်ဝန်းကျင်က ဘယ်လိုလုပ် သလဲ ဆိုတာကို သူက စူးစမ်းတဲ့ အရွယ်ဖြစ်တယ်။ ဒီအချိန်မှာ မိဘ တွေက တအားစပ်စုတဲ့ ကလေး တအား ပြဿနာရှာတဲ့ ကလေး ဆိုပြီး တော့ မြင်တတ်တယ်။ ဒီအချိန်မှာ သူက ပတ်ဝန်းကျင် ကို စူးစမ်းနေ တာ။ စူးစမ်းပေမယ့်လည်း သူမှား လိုက်တဲ့ အမှားကို သူက အဖြေမဖော် တတ်ဘူး။ အဲဒါကြောင့်မို့လို့ သူ့ကို အဲဒီ အချိန်မှာ ပြင်းပြင်း ထန်ထန် ဆူ လိုက်မယ်၊ အော်လိုက်မယ်၊ ရိုက် လိုက်မယ်။ ဒါတွေ အားလုံးဟာ သူတို့ ရဲ့စိတ်ထဲမှာ သူနားမလည်နိုင်တဲ့ အဖြေတွေ ပဲဖြစ်တယ်။ ဒါလေးတွေ ကို သတိထားဖို့ လိုပါတယ်။ နောက် တစ်ခါ ၃ နှစ် ၄ နှစ် အရွယ် ကလေး ဆိုလို့ရှိရင် ပတ်ဝန်းကျင်က ကလေး တွေနဲ့ ကစားတဲ့အခါမှာ အနိုင်ကျင့် လွန်းတဲ့ ကလေးတွေ ရှိမယ်။ သူ့ အပေါ်မှာ အသာရမှ ပေါင်းချင်တဲ့ ကလေးတွေ ရှိမယ်။ ဒါတွေကအစ မိဘတွေက စောင့်ကြည့်ပြီးတော့ တည့်မတ်ပေး သွားရမှာ ဖြစ်ပါ တယ်။ သူ့အသက်အရွယ် နဲ့ သူ ပတ် ဝန်းကျင်နဲ့ ဆက်ဆံတဲ့ အခါမှာ မိဘ ဘက်က ပံ့ပိုးပေးမယ်။ ဝန်းရံထား ပေးမယ်ဆိုရင် ကလေးတွေဘက်က အများကြီး အဆင်ပြေတာပေါ့နော်။

နောက်ဆုံး မေးချင်တာက အားချစ် လို ကျန်းမာတဲ့ ကလေးမျိုး ဖြစ်အောင် ဘယ်လိုမျိုး ပြုစုပျိုး ထောင်ကြမလဲ ဆိုတဲ့ ဆရာမကြီးရဲ့ စကား လက်ဆောင်လေး ပါးပေးပါဦး။

မိသားစုထဲမှာ ကျန်းကျန်းမာ မာ ပျော်ပျော်ရွှင်ရွှင် နဲ့ ကလေးလေး တစ်ယောက် ရောက်လာတယ် ဆိုတာက တော်တော့်ကို မင်္ဂလာရှိ တာပါ။ ဒီကလေးကို ချစ်ကြတဲ့ အဖေနဲ့ အမေကလည်း ကလေး ကြီးပြင်းလာတာ နဲ့အမျှ ပြန်ပြီးတော့ မြင်လိုက်ရတယ် ဆိုတာ ကလည်း တော်တော့်ကို အားရစရာ ကောင်းတဲ့ အချက်ဖြစ်ပါတယ်။ အကြောင်းအမျိုး မျိုးကြောင့် ကိုယ့်ကလေးကို လိုက်  ကလေးကို ပြုစု စောင့်ရှောက်မယ့် သူတွေရဲ့ အရည် အသွေးကို လေ့လာထားဖို့ လိုပါ တယ်။ သင့်တော်တဲ့သူ ကို ရှာဖွေ ပြီးမှ ကလေးကို ပြုစုစောင့် ရှောက်စေတာ ကောင်းပါတယ်။ နာမကျန်းဖြစ်တဲ့ အခါမှာ သူတို့အတွက် တိုက်ရ မယ့် ဆေးတွေ ၊ ပြုစု ရမယ့် နည်းလမ်း တွေက အစ မိဘတွေလည်း သိထား ရပါမယ်။ အထူးသဖြင့်က ကလေး တစ်ယောက်ဟာ ဘယ်လို စိုးရိမ် ဖွယ်ရာ လက္ခဏာတွေ ရှိလို့ ရှိရင်ဖြင့် ဆရာဝန်ဆီကို အမြန်ဆုံး သွားရ မယ် ဆိုတဲ့ အချက်ဟာ ကလေးကို ချစ်တဲ့မိဘတိုင်း၊ ဆွေမျိုးတိုင်း ကလေးထိန်းပြုစုတဲ့ သူတိုင်းဟာ သိ ထားဖို့ လိုပါတယ်။ ကလေးရဲ့ ဖွံ့ဖြိုး မှုကို အထောက်အကူ ဖြစ်စေမယ့် အပြုအမူတွေ ကို အားပေး ရမယ်။ ကလေးရဲ့ အငုံ့စိတ်၊ အကြောက်စိတ်၊ ဝေခွဲမရတဲ့ စိတ်တွေ၊ ဒေါသပြင်းထန် သွားတာမျိုးတွေ၊ ဒါမျိုးတွေဖြစ် မ လာနိုင်အောင် မိဘတွေဘက်က ဝိုင်းဝန်း တည့်မတ်ပေးဖို့က အရေး ကြီးပါတယ်။

(စိတ်ရှည်လက်ရှည်အချိန်ပေးဖြေ ကြားပေးတဲ့ ဆရာမကြီးကို အထူး ကျေးဇူးတင်ပါတယ်ခင်ဗျာ)

ညိုသစ်ငယ်

Ads Space Available


Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071