ဇာတ်လမ်းတွဲရိုက်ကူးရတာကို ပိုပြီးအားသန်တယ်လို့ဆိုတဲ့ သားညီက ” ဇာတ်လမ်းတွဲရဲ့အားသားချက်က ခုရိုက်ခုပြလို့ရတယ်။ ကျွန်တော်တို့ ရတနာပုံဇာတ်လမ်းတွဲဆိုရင် ရိုက်ကူးထားတာမကြာသေးဘူး။ ချက်ချင်းတန်းပြတယ်။ ရုပ်ရှင်ကားကြီးကျတော့ ကျွန်တော်တို့ ရိုက်ပြီး တော်တော်လေးကြာမှပြရတယ်။ တခါတလေကျရင် ခေတ်နဲ့ မအပ်စပ်တော့တာ မျိုးတွေရှိတယ်။ ကျွန်တော်တို့က ကျွန်တော်တို့ အနုပညာကိုလတ်လတ် ဆတ်ဆတ်လေးချပြချင်တာ။ ဇာတ်လမ်းတွဲက အချိန်သိပ်မစောင့်ရဘူး။ အလွန်ဆုံးစောင့်မှ ၂လ ၃လပဲ။ တအားလတ်ဆတ်တယ်။ ကျွန်တော်တို့ ပြောချင်တာလည်း ပရိသတ်ဆီကို ချက်ချင်းရောက်တယ်။ ရုပ်ရှင်ဇာတ်ကား ကြီးကျတော့ ကျွန်တော်တို့ပေးချင်တဲ့မက်ဆေ့ခ်ျက အနည်းဆုံးတော့ နောက် ၂နှစ်လောက်နေမှ ပရိတ်သတ်ဆီကိုရောက်မှာလေ။ အဲဒီအချိန်ကျရင် ကျွန်တော်တို့ရဲ့ခံယူချက်တွေက ပြောင်းချင်ပြောင်းနေမှာ။ ကိုယ့်ဇာတ်ကားကို ကိုယ်ပြန်ကြည့်တဲ့အခါမှာ စိတ်တိုင်းမကျတာတွေ အားမရတာတွေ ဖြစ်လာနိုင်တယ်” လို့ပြောပါ တယ်။ ဒါရိုက်တာအနေနဲ့ ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးနေတဲ့ သားညီက ဒီဇင် ဘာလမှာတော့ ရုပ်ရှင်ဇာတ်ကား ကြီးမှာ သရုပ်ဆောင်ဖို့ ကမ်းလှမ်းခံထား ရပါ တယ်။ အခုလို သရုပ်ဆောင်ဖို့ကမ်းလှမ်း ခံရ တဲ့အတွက် တအားပျော်ရွှင်ရပြီးကမ်း လှမ်းတဲ့မင်းသမီးလေးကိုလည်း ကျေးဇူး တင်မိတယ်လို့ပြောပါတယ်။
” ကျွန်တော် အဓိကဝါသနာပါတာက သရုပ်ဆောင်ပါ။ သရုပ် ဆောင်ပဲဖြစ်ချင်တာပါ။ ဒါပေမဲ့လည်း မမျှော်လင့်ပဲ ဒါရိုက်တာ ဖြစ်လာတယ်။ အခါ အခွင့်ကြုံရင် တော့သရုပ် ဆောင်အနေနဲ့လည်းရပ်တည်ပါဦးမယ်” လို့ ပြောပါတယ်။
ခိုင်ဝေလွင်၊ ဓာတ်ပုံ-မင်းမင်းထွန်း