အနုပညာလှုပ်ရှားမှုတွေ နည်းပါးနေတဲ့ အလှမယ်မိုးစက်ဝိုင်ကတော့ လတ်တလောမှာ စီးပွားရေးလုပ်ငန်းဘက်ကို အားစိုက်ပြီး လုပ်ကိုင်ဖြစ်နေပါတယ်။ အနုပညာနဲ့စီးပွားရေး ယှဉ်လာတဲ့အခါ စီးပွားရေးဘက်ကို ပိုပြီးလုပ်ကိုင်ဖြစ်မယ်ဆိုတာကို မိုးစက်ဝိုင်က …
”သရုပ်ဆောင်ပိုင်းမှာ မိုးစက်ရဲ့ ပက်ပက်စက်စက်ညှို့ရုပ်ရှင်ကားက ရုံတင်ပြီးသွားပြီ။ နောက်ထပ်ရုံတင်ပြသဖို့က သတ္တိရှိရင်လောင်း မလားဆိုတဲ့ ရုပ်ရှင်ကားရှိသေးတယ်။ အခုနောက်ပိုင်း မိုးစက်ရဲ့ MOEZY by Moesetwine ဆိုတဲ့ Skin Care and Cosmetic Brand လေးထုတ်ထားတယ်။ အဲဒီဘက်မှာ ရောင်း ကောင်းဖို့ရယ်၊ ကိုယ့်ရဲ့ Brand လေးပေါက်ဖို့အတွက်ရယ် ကြိုးစားပြီးတော့ လုပ်ကိုင်နေပါတယ်။ ပြီးတော့ မိုးစက်ကလုပ်ချင်တာတွေကတအားများနေတယ်။ မိုးစက်ခရီးတွေလည်းထွက်ဖြစ်နေတယ်။ အဓိကတော့ မိုးစက်စီးပွားရေးဘက်ကို ပိုပြီးတော့ သွားဖြစ်နေတဲ့အတွက် အနုပညာလှုပ်ရှားမှုက ပိုပိုပြီးတော့ နည်း သွားမှာပါ။ အခြေအနေအရ စီးပွားရေးဘက်ကိုပဲ အားစိုက်ပြီးလုပ်ဖြစ်သွားမှာပါ”လို့ ပြောပြပါတယ်။
အချစ်ရေးအကြောင်း ဆက် လက်မေးမြန်းကြည့်တဲ့အခါမှာတော့ အချစ်ကို ဇွတ်မှိတ်ပြီးယုံကြည်တဲ့အထဲမှာ မပါဘူးလို့လည်း မိုးစက်ဝိုင်က ဆိုပါတယ်။ ‘အိမ်ထောင်ပြုရမယ်ဆို တဲ့ စိတ်ကူးက မရှိခဲ့ပါဘူး။ အိမ်ထောင်ပြုရမယ်ဆိုတာကို အခုကြီးလာမှ ပြန်စဉ်းစားမိတာ။ အမှန်အတိုင်းပြောရရင် မိုးစက်ခွေးလေးသေသွားတဲ့ အချိန်မှ မိုးစက်စပြီးတော့ ငါ့မိသားစု လေးရှိရမယ်။ မိုးစက်ခွေးလေးက မိုးစက်ရဲ့ မိသားစုလေးဆိုတော့။ အဲဒီတော့မှပဲ Feeling စရှိတာပါ။ အိမ်ထောင်မပြုဘူးလို့တော့ မစဉ်းစားထားပါဘူး။ ရေစက်ကြုံတဲ့လူရှိရင် ပြုဖြစ်မှာပါ။ အဓိကတော့ မိုးစက်နဲ့ရေစက်ရှိတယ်။ ဘာပဲဖြစ်ဖြစ် ကမ္ဘာမှာ ကိုယ်ယုံကြည်ရမယ့် သူဖြစ်ရမယ်။ မိုးစက်ယုံကြည်ထားတာက အိမ်ထောင်ပြုတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် အတူတူတစ်သက်လုံး နေထိုင်မယ်ဆိုတဲ့အဓိပ္ပာယ်။ ကိုယ်နဲ့အတူတူနေထိုင်မယ့် သူတစ်ယောက်ကို သံသယနေ့တိုင်းဝင်မယ်၊ မယုံကြည်ဘူး၊ ဂယက်တွေထနေမယ်ဆိုရင် သိပ်ပြီးအခြေအနေမကောင်းဘူးလေ။ တစ်ယောက်တည်းနေတာက ပိုကောင်းမယ်ထင်တယ်။ မိုးစက်က အချစ်ကိုယုံကြည်သင့်သလောက်တော့ ယုံကြည်ပါတယ်။ အချစ်ကို ဇွတ်မှိတ်ပြီးယုံကြည်တဲ့ အထဲမှာတော့မပါဘူး။ အဓိကတော့ မိုးစက်ယုံကြည်လို့ ရလောက်မယ့်သူ ဖြစ်စေချင်ပါတယ်” လို့ ပြောပြခဲ့ပါသေးတယ်။
ခိုင်ဝါဝင်း၊
ဓာတ်ပုံ – သားဒွေး