အင်းစိန်နှင့်လှိုင်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများနှင့်ရောင်းချသူများအား ဖမ်းဆီးရမိ
ရန်ကုန်တိုင်း၊အင်းစိန်နှင့်လှိုင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများနှင့်ရောင်းချသူများအား ဇူလိုင် ၁ ရက်ညနေ ၅ နာရီ ၄၅ မိနစ်နှင့် ဇူလိုင် ၂ ရက်နံ နက် ၉ နာရီတို့တွင် မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်ဟု သိရသည်။
အင်းစိန်မြို့နယ်၊မြို့သစ်(က/ခ)ရပ်ကွက်၊(ခ/၈) လမ်းနေ ဇင်မင်းလတ်(ခ)ဂျွန်(၄၁)နှစ်နှင့်အောင်ကျော်ထွန်း(၂၁)တို့နေထိုင်သည့် နေအိမ်အားသ တင်းအရ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်ရေးရဲတပ်ထွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ဝင်များက ၀င်ရောက်ရှာဖွေခဲ့ကြသည်။
ထိုသို့ ရှာဖွေရာ အိမ်အတွင်းမှ ဘိန်းဖြူ(၃၀၅ ဂ ရမ်)၊စိတ်ကြွဆေးပြား ၉၀၀၀ ပြား၊ ICE (၅၉၀ ဂ ရမ်)နှင့်ဆေးခြောက်(၃၇၅ ဂရမ်)တို့အား ဖမ်းဆီးရမိခဲ့သည်။
ထို့ကြောင့် မူးစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသူများအားစစ်ဆေးရာ ဇူလိုင် ၂ ရက်နံနက် ၉ နာ ရီတွင် ကြို့ကုန်းအနောက်ရပ်ကွက်၊ဘုရင့်နောင်လမ်း၌ မြမင်း(ခ)ဘစိန်(၅၉)နှစ်အား Toyota corolla Fielder ကား၊စိတ်ကြွဆေးပြား ၄၀၀၀၀ ပြားတို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အလားတူ လှိုင်မြို့နယ်၊(၁)ရပ်ကွက်၌ စိတ်ကြွ ဆေးပြားများရောင်းချသည့် ကျော်ဆွေ(ခ)ဘိုကြီး(ခ)အဘ(၆၃)နှစ်ကိုလည်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ သိရသည်။
ထို့ကြောင့် ဖမ်းဆီးရမိသူများအား အင်းစိန်မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရအရေးယူကာ ဆက်စပ်ပြစ်မှုကျူးလွန်သူများအား ထပ်မံဖမ်းဆီးရမိရေးအတွက် စစ်ဆေးလျက်ရှိကြောင်း သိရသည်။