Saturday, November 30, 2024

နျူကလီးယားပဋိပက္ခများနှင့် ရင်ဆိုင်နေရသော ယူကရိန်းသို့ လက်နက်များ...

ယူကရိန်းသို့ တာဝေးပစ်ဒုံးကျည်များ ထောက်ပံ့ပေးနေသည့် ဗြိတိန်၏မူဝါဒသည် နျူကလီးယားအင်အားကြီးများနှင့် ထိပ်တိုက်တိုးမိနိုင်သည့် အန္တရာယ်နှင့် ပြည့်နှက်နေကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ် Andrey Kelin က...

ပြည်တွင်းထုတ်တာယာများဖြင့် ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေး...

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ တာယာစက်ရုံ(ရွာမ)သို့ နိုဝင်ဘာ ၂၉ ရက်မွန်းလွဲပိုင်းက နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရောက်ရှိစဉ် ပြည်တွင်းထုတ်...

(၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာ‌လျှောက်မေးပွဲအား သံဃာတော်(၂၆၄) ပါးဝင်ရောက်ဖြေဆိုတော်မူမည်

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူးကျင်းပသည့် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာ‌လျှောက်မေးပွဲအား သံဃာတော်(၂၆၄)ပါးဝင်ရောက်ဖြေဆိုတော်မူမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာ‌လျှောက်မေးပွဲအား သီးခြားစာ ချတန်းတွင် (၄၁)ပါး၊ သီးခြားစာသင်တန်းတွင် (၂၂၃)ပါး(စုစုပေါင်း ၂၆၄...

လှိုင်သာယာတွင် ရေစီးရေလာကောင်းမွန်ရေးကို အဓိကဖြေရှင်းဆောင်ရွက်ပေးရမည်ဟု နစက...

လှိုင်သာယာမြို့နယ်သည် စက်ရုံ၊ အလုပ်ရုံများတွင် အလုပ်လုပ်ကိုင်ကြသူ အများအပြားနေ ထိုင်ကြသည်ဖြစ်သဖြင့် ရေစီးရေလာကောင်းမွန်ရေးကို အဓိကဖြေရှင်းဆောင်ရွက်ပေးရမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မှာကြားသည်။ နစက...
HomeInternationalအစ္စရေးနှင့်‌ ဟေဇ်ဘိုလာတို့၏အပစ်အခတ်ရပ်စဲရေး တရုတ်ကြိုဆို

အစ္စရေးနှင့်‌ ဟေဇ်ဘိုလာတို့၏အပစ်အခတ်ရပ်စဲရေး တရုတ်ကြိုဆို

ပေကျင်း၊နိုဝင်ဘာ ၂၇

တရုတ်နိုင်ငံသည် လက်ဘနွန်နှင့် အစ္စရေး အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး သက်ဆိုင်ရာအဖွဲ့အစည်းများမှရရှိထားသည့် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူကပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟုက လက်ဘနွန်၌ အပစ်အခတ်ရပ်စဲရေးကို အစ္စရေးလုံခြုံရေးအဖွဲ့က အတည်ပြုလိုက်ပြီဟု အင်္ဂါနေ့ကကြေငြာခဲ့သကဲ့သို့ လက်ဘနွန်အစိုးရကလည်း ယခုဆုံးဖြတ်ချက်ကို ထောက်ခံကြိုဆိုခဲ့သည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏သဘောထားကိုမေးမြန်းရာ၌ တရုတ်နိုင်ငံသည် လက်ဘနွန်နှင့် အစ္စရေးတို့၏ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်အမှတ် ၁၇၀၁ ကို လိုက်နာရန် သက်ဆိုင်ရာ အဖွဲ့အားလုံးကို တစိုက်မတ်မတ်တောင်းဆိုခဲ့သည်ဟုပြန်လည်ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဂါဇာကမ်းမြောင်ဒေသ၌ အပစ်အခတ်ရပ်စဲရေး ကို မဖော်ဆောင်နိုင်ခြင်းကလည်း အရှေ့အလယ်ပိုင်းတွင် ဆက်လက်ဖြစ်ပွားနေသည့် မတည်ငြိမ်မှုများ၏ မူလဇစ်မြစ်ဖြစ်သည်ဟု တရုတ်နိုင်ငံကယုံကြည်ကြောင်းပြောကြားခဲ့သည်။

ဆက်လက်၍လည်း ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရေးကို အမြန်ဆုံးဖော်ဆောင်နိုင်ရန်နှင့် ရေရှည်ရပ်စဲ‌ရေးမျိုးဖြစ်ရန်အတွက် အင်အားစုအားလုံးက အတူတကွပူးပေါင်းဆောင်ရွက်သင့်သည်ဟုလည်း ပြောရေးဆိုခွင့်ရှိသူမော်နင်ကပြောကြားခဲ့သည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

နျူကလီးယားပဋိပက္ခများနှင့် ရင်ဆိုင်နေရသော ယူကရိန်းသို့ လက်နက်များ ဗြိတိန် ဆက်လက် ထောက်ပံ့နေ

ယူကရိန်းသို့ တာဝေးပစ်ဒုံးကျည်များ ထောက်ပံ့ပေးနေသည့် ဗြိတိန်၏မူဝါဒသည် နျူကလီးယားအင်အားကြီးများနှင့် ထိပ်တိုက်တိုးမိနိုင်သည့် အန္တရာယ်နှင့် ပြည့်နှက်နေကြောင်း ဗြိတိန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ် Andrey Kelin က ပြောကြားခဲ့သည်။ "လွန်ခဲ့တဲ့ ရက်သတ္တပတ်များစွာက Storm Shadows ဒုံးကျည်နောက်ထပ်အသုတ်တွေ ကို ပို့ဆောင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ သူတို့ တွေက ရုရှားနိုင်ငံအတွင်းပိုင်းအထိ တိုက်ခိုက်မှုအတွက် ဒီဒုံးကျည်တွေ ယူကရိန်းကို အသုံးပြုခွင့်ပေးထားတယ်လို့ ယူကရိန်းက ရှင်းရှင်းလင်းလင်းပြောထားပေမယ့်၊ အမှန်ကတော့ Kursk ဒေသကို လုပ်ကြံဖို့ ဖြစ်ပါတယ်” ဟု Rossiya-24 ရုပ်သံလိုင်းနှင့်...

ပြည်တွင်းထုတ်တာယာများဖြင့် ပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူသုံးစွဲနိုင်ရေး ဆောင်ရွက်သွားမည်

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း၊ တာယာစက်ရုံ(ရွာမ)သို့ နိုဝင်ဘာ ၂၉ ရက်မွန်းလွဲပိုင်းက နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရောက်ရှိစဉ် ပြည်တွင်းထုတ် တာယာများနှင့်ပတ်သက်၍ တာဝန်ရှိသူများနှင့်တွေ့ဆုံမှာကြားခဲ့သည်။ မြန်မာနိုင်ငံတွင် ဆိုင်ကယ်စီးရေ(၅)သန်းခန့်ရှိပြီး ပြည်တွင်းတာယာလိုအပ်ချက်ဖြည့်ဆည်းပေးနိုင်ရန် အမြတ်ကိုအဓိကမထားဘဲ အရေအတွက် များများဖြင့် အရည်အသွေးပြည့်မီစွာရောင်းချပေးနိုင်ရေးဆောင်ရွက်ရမည်ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ ထို့ပြင် တာယာစက်ရုံ(ရွာမ)မှ ထုတ်လုပ်သည့် ဆိုင်ကယ်တာယာများအပြင် အခြားပြည်တွင်းမှထုတ်လုပ်သည့် ဆိုင်ကယ်တာယာများ ဈေးကွက်ရရှိရေးကိုလည်း ဆောင်ရွက်ပေးရမည်ဟု ပြောသည်။ ပြည်တွင်းလိုအပ်ချက်အတွက် ပြည်ပမှတင်သွင်းနေရ၍ နိုင်ငံခြားငွေများကုန်ကျနေရပြီး ပြည်သူများအနေဖြင့်လည်း ဈေးနှုန်းကြီးမြင့်စွာဝယ်ယူသုံးစွဲနေရခြင်းကြောင့် ပြည်တွင်းမှထုတ်လုပ်သည့်တာယာများဖြင့် ပြည်သူများ ဈေးနှုန်းသက်သာစွာ...

(၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာ‌လျှောက်မေးပွဲအား သံဃာတော်(၂၆၄) ပါးဝင်ရောက်ဖြေဆိုတော်မူမည်

ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှကြီးမှူးကျင်းပသည့် (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာ‌လျှောက်မေးပွဲအား သံဃာတော်(၂၆၄)ပါးဝင်ရောက်ဖြေဆိုတော်မူမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာ‌လျှောက်မေးပွဲအား သီးခြားစာ ချတန်းတွင် (၄၁)ပါး၊ သီးခြားစာသင်တန်းတွင် (၂၂၃)ပါး(စုစုပေါင်း ၂၆၄ ပါး)ဝင်ရောက်ဖြေဆိုတော်မူမည်ဖြစ်သည်။ (၁၀၆)ကြိမ်မြောက် စေတိယင်္ဂဏပရိယတ္တိဓမ္မာနုဂ္ဂဟစာ‌လျှောက်မေးပွဲအား နိုဝင်ဘာ ၃၀ ရက်မှ ဒီဇင်ဘာ ၆ ရက်အထိ ရွှေတိဂုံစေတီတော်၌ ကျင်းပသွားမည်ဖြစ်သည်။ ထိုသို့ စာလျှောက်မေးပွဲကျင်းပနေချိန်၌ ၂၀၂၄- ၂၀၂၅ ခုနှစ် ရွှေတိဂုံစေတီတော် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းများဖြစ်သည့် ရွှေပြားသင်္ကန်းတော်များကပ်လှူပူဇော်ခြင်းအား ခေတ္တရပ်နားထားမည်ဖြစ်ပြီး ဒီဇင်ဘာ ၇ ရက်မှစတင်၍ သတ်မှတ်အစီအစဥ်များအတိုင်း ပြန်လည်ကပ်လှူပူဇော်သွားမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071