အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၏ မဟာဗျူဟာကျသည့် မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှု မူဘောင်များကို ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးသန်းဆွေ တက်ရောက်ဆွေးနွေး
ဗီယက်နမ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထဲ ရေး ဝန်ကြီး H.E. Pham Thi Thanh Tra ၏ ဖိတ်ကြားချက်အရ ဗီယက်နမ်နိုင်ငံ၊ဟနွိုင်းမြို့၌ ဩဂုတ် ၃ ရက်မှ ၅ ရက်အထိ ပြုလုပ်သည့် အစည်းအဝေးများသို့တက်ရောက်ခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌဦးသန်းဆွေသည် ၂၁ ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်း အကြီးအကဲများအစည်းအဝေး၊ ၆ ကြိမ်မြောက် အာဆီယံနှင့်အပေါင်းသုံးနိုင်ငံ့ဝန် ထမ်း အဖွဲ့အစည်းအကြီးအကဲများ အစည်းအ ဝေးနှင့်ကောင်းမွန်သောအုပ်ချုပ်မှုဆိုင်ရာဖိုရမ်တို့သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။
အစည်းအဝေးများ၌ အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင် ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၏ လုပ်ငန်းစီမံချက်(၂၀၂၁-၂၀၂၅)နှင့်အာဆီယံအပေါင်းသုံးနိုင်ငံ့ ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ ၏ လုပ်ငန်းစီမံချက် (၂၀၂၁-၂၀၂၅)အောက်၌ သက်ဆိုင် ရာအာဆီယံနိုင်ငံအလိုက် အကောင်အ ထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်များ၏ အခြေအနေအား ဆွေးနွေးအတည်ပြုခဲ့ကြသည်။
ထို့ပြင် အာဆီယံအပေါင်း သုံးနိုင်ငံများဖြစ်သည့် တရုတ်၊ဂျပန်နှင့်ကိုရီးယားနိုင်ငံတို့နှင့်ပူးပေါင်းဆောင်ရွက်မှုအား မြှင့်တင်ခြင်း၊အာဆီယံ၏ အ ခြားဆက်စပ်အစည်းအဝေးများတွင် ACCSM ကဏ္ဍနှင့်သက်ဆိုင်သည့် အတည်ပြုချက်နှင့်ဆုံး ဖြတ်ချက်များကို လေ့လာသုံးသပ်ခြင်း၊အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ၏ မဟာဗျူဟာကျသည့် မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှု မူဘောင်များကိုလည်း ဆွေးနွေးခဲ့ကြသည်။
အလားတူ ဗီယက်နမ်နိုင်ငံမှ အဆိုပြုထားသည့် “စိန်ခေါ်မှုအသစ်များအပေါ် နိုင်ငံ့ဝန်ထမ်းများ၏ လိုက်လျောညီထွေရှိမှုကို မြှင့်တင်ပေးခြင်းဆိုင် ရာ အာဆီယံကြေညာချက်”နှင့်ပတ်သက်၍ ဆက်လက်လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များ၊ အာဆီယံအဖွဲ့ဝင် နိုင်ငံများရှိ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများအတွင်း တွေ့ကြုံနေရသည့် စိန်ခေါ်မှုများ၊အခွင့်အလမ်းများနှင့်အောင်မြင်စွာ ကျော်လွှားနိုင်ခဲ့မှု အတွေ့အကြုံများအား မျှဝေဆွေးနွေးခဲ့ကြသည်။
ထို့အတူ အာဆီယံမိတ်ဖက်အဖွဲ့အစည်းဖြစ်သည့် ဩစတြေးလျနိုင်ငံ Australian Public Service Commission(APSC)နှင့်ပူးပေါင်းဆောင်ရွက်မှုနှင့်ရှေ့ဆောင်ရွက်မည့် လုပ်ငန်းစဉ်အားဆွေးနွေးခဲ့ကြသည်။
ထို့ပြင် ဗီယက်နမ်နိုင်ငံမှဘရူနိုင်းနိုင်ငံသို့ ၂၂ ကြိမ်မြောက် အာဆီယံနိုင်ငံ့ဝန်ထမ်းဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးကဏ္ဍ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်အား လွှဲပြောင်းပေးအပ်ပြီး ဘရူနိုင်းနိုင်ငံ ၏ နိုင်ငံ့ဝန်ထမ်းအကြီးအကဲက ၎င်းတို့ တာဝန်ယူမည့်ကာလအတွင်း ဆောင်ရွက်မည့် နိုင်ငံ့ဝန်ထမ်းဆိုင်ရာအစည်းအဝေးများနှင့်ဆက်စပ်လုပ်ငန်းစဉ်များအတွက် ကြိုတင်ပြင်ဆင်ထားရှိမှုများကို တင်ပြခဲ့သည်။
အစည်းအဝေးများအား “စည်းလုံးညီညွတ်ပြီး စွမ်းအားရှိသော အာဆီယံ အသိုက်အဝန်းသို့ ဦးတည်စေမည့် ခေတ်မီနိုင်ငံ့ ဝန်ထမ်းစနစ်တည်ဆောက်ရေး”ခေါင်းစဉ်၊ ဩဂုတ် ၄ ရက်တွင် ကျင်းပသည့် ကောင်းမွန်သောအုပ်ချုပ်မှုဆိုင်ရာဖိုရမ်အား “Renovation of Civil Servants Training and Upgrading for Building Capacity and meeting International Integration requirement”ခေါင်းစဉ်တို့ဖြင် ကျင်းပခဲ့ခြင်းဖြစ်သည်။