စိတ်ကူးယဉ် စာအုပ် Audio CD ထွက် ရှိခဲ့စဉ် လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က တည်းက ရွှေထူးကို တစ်ခဲနက် ပရိသတ် အား ပေး မှုတွေ ရှိတယ် ဆိုတာ စိတ်ကူးယဉ် စာအုပ် နဲ့ သူရရှိခဲ့တဲ့ ဂီတဆုတွေ၊ မြန်မာပြည် အနှံ့ ရှိုးတွေ ထွက်တဲ့အခါ အားပေးတဲ့ ပရိသတ်တွေ ၊ ရွှေထူးရဲ့ ကိုယ်ပိုင် လူမှုကွန်ရက် စာမျက်နှာမှာ ၁၄ သိန်းကျော်ရှိတဲ့ Follower တွေ အရ သိနိုင်ပါတယ်။ အခု ဖေဖော်ဝါရီလ ၁၈ ရက် နေ့နဲ့ ၁၉ ရက်နေ့ တို့မှာတော့ ရွှေထူးက စိတ် ကူးယဉ် စာအုပ် Music Video ထွက်ရှိခြင်း အမှတ်တရ ပရိုမိုးရှင်းပွဲ တွေကို ရန်ကုန်နဲ့ မန္တလေး ၂ မြို့မှာ ကျင်းပ ပြုလုပ်ခဲ့ပြီး အား ပေးတဲ့ပရိသတ် တွေနဲ့ ပျော်ရွှင်စွာ ဖြတ်သန်း ခဲ့ပြန်ပါပြီ။ သူက..
“ဒါကတော့ အဆိုတော် ဖြစ်ချင်တဲ့ လူ တွေရဲ့ အိပ်မက်ပဲလေ။ ကျွန်တော်ကိုယ် တိုင်လည်း ဒီလိုမျိုး ပရိသတ်တွေ အများကြီး အားပေးမယ်၊ အခွေတွေ ထုတ်မယ် ဆိုတာ လည်း အိပ်မက် တစ်ခုပါပဲ။ အခုလိုမျိုး အိပ်မက် တွေ အကုန်လုံး ဖြစ်လာတယ် ဆိုတော့ ကျွန် တော် တအားလည်း ဝမ်းသာတယ်။ တအား လည်းပျော်တယ်။ ပြီးတော့ တာဝန် လည်း တအား ကြီးလာတယ်။ ပရိ သတ်ကို အရင် ပုံစံမျိုး မဟုတ်ဘဲနဲ့ ပုံစံအသစ် ပေါ့နော်။ ရွှေထူးက ချပြတဲ့ ပုံစံ ဆိုတာ ဘယ်လို ပုံစံမျိုးဖြစ်မလဲ ဆိုတာ ပရိသတ်က စောင့်ကြည့်ပေးပါ ဦးလို့။ ကျွန်တော်လည်း နောက်ထပ် အများ ကြီး ကြိုးစား သွားဦးမှာပါ” လို့ ရွှေထူးက ဝမ်းသာ ပီတိဖြစ်စွာ ပြောပါတယ်။ သူ ဒီလို အောင်မြင် လာ တဲ့အခါ သူ့မိသားစု ကလည်း ဝမ်းသာ ပီတိဖြစ်နေမှာပါ။ အမေက ဘာပြော လဲလို့မေးတော့ ရွှေထူးက..
“အမေတို့၊ ညီမတို့ကတော့ ပျော်နေ တာပေါ့နော်။ အထူးသဖြင့် အမေပေါ့။ ဘာ ဖြစ်လို့လဲ ဆိုတော့ ကျွန်တော်က ငယ်ငယ်လေး ကတည်းက ကျောင်းမှာ ဆု လည်း မရဖူးဘူး။ ငယ်ငယ်က တအား ဆိုးတယ်။ သားဆိုး တစ် ယောက်လိုပဲ ဆိုးတော့ အမေ့ကို မျက်နှာ ရ အောင်လည်း လုပ်ပေးချင်တယ်။ အခုတော့ အမေ့ကို မျက်နှာ ရအောင်လည်း လုပ်ပေး နိုင် တယ်။ ကိုယ့်သားက ဒီလိုမျိုး ပရိသတ် ချစ်တဲ့ အဆိုတော် တစ် ယောက် ဖြစ်နေပြီ ဆိုတော့ သူ လည်း ပျော်နေမယ် ထင်ပါတယ်။ အဓိက ကတော့ အမေ စိတ် ချမ်းသာရင် ကျွန်တော် လည်း စိတ်ချမ်းသာပါတယ်” လို့ပြောပါ တယ်။ ပရိုမိုးရှင်း နေ့တုန်း က ပရိသတ်တွေ အတွက် စီစဉ်ပေးတဲ့ ဦးထုပ်၊ လက်ကိုင်ပုဝါ၊ အခွေတို့ပါတဲ့ ကျပ် ၅ဝဝဝ တန် Package က မစခင် ကတည်းက ကုန်သွားတော့ လိုချင်သူတွေ အ တွက် နောက်ထပ် စီစဉ်ထားသေးလား လို့ ရွှေထူးကို ဆက်လက် မေးတဲ့အခါ သူက ကျပ် ၅ဝဝဝ ဖိုး တစ်ခုစီတိုင်းမှာ ကျပ် ၇၅ဝ အရှုံးခံပြီး စီစဉ်ပေးထား တာဖြစ်တဲ့ အတွက် သူနည်းနည်း ငွေပြန် ထွက်လာရင် လိုချင်တဲ့ ပရိ သတ်တွေအတွက် စီစဉ်ပေး သွား ပါမယ်လို့ ဆိုပါတယ်။
စိတ်ကူးယဉ် စာအုပ် Music Video ထွက်တဲ့ အနေနဲ့ အလှူလုပ်ဖို့ လည်းရှိတယ် ဆိုတဲ့ ရွှေထူး က..
အလှူကတော့ လုပ်ဖို့ ရှိတယ်ဗျ။ ဒါပေမဲ့ လူ အများကြီးနဲ့ လုပ်ဖြစ်မလား၊ ကိုယ့်ဘာသာပဲ လုပ် ဖြစ် မလား ဆိုတာ သေသေချာချာ မသိသေးဘူး။ အလှူလုပ်ဖို့ အတွက် စီစဉ်နေပါတယ်။ စိတ်ကူးယဉ် စာအုပ် အခွေလေး ထွက်တာနဲ့ ပတ်သက် ပြီးတော့ ကျွန်တော် သွားချင်တဲ့ မိဘမဲ့ဂေဟာတွေ၊ ဘိုးဘွားရိပ်သာတို့၊ ခွေးလေး တွေထားတဲ့ တိရစ္ဆာန် ဂေဟာ တွေမှာ လှူဖို့စီစဉ်ထားပါ တယ်”လို့ပြောပြ ခဲ့ပါတယ်။
မျိုးမောင်
ဓာတ်ပုံ- မင်းမင်းထွန်း