၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် ၁၄ ခု အပါအဝင် ဆုတံဆိပ်များ ဆွတ်ခူးပြီး ပြန်လည်ရောက်ရှိလာ
၁၁ ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲ၌ မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် ရွှေတံဆိပ် ၁၄ ခု၊ငွေတံဆိပ် ၁၂ ခုနှင့်ကြေးတံဆိပ် ၁၇ ခု(စုစုပေါင်း ၄၃ ခု)ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံ၍ ဆိုလိုမြို့၌ ဇူလိုင် ၃၀ ရက်မှသြဂုတ် ၆ ရက်အထိ ကျင်း ပခဲ့သည့် ၁၁ ကြိမ်မြောက်အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး အောင်ပွဲရမြန်မာမသန်စွမ်းအားကစားအဖွဲ့ဝင်များ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည်။
မြန်မာအားကစားအဖွဲ့သည် မြန်မာနိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်လှမိုးဦးဆောင်၍ သြဂုတ် ၈ ရက်(ယနေ့)နံနက် ၅ နာရီခွဲက မြန်မာအမျိုးသားလေကြောင်းလိုင်း၏ စင်းလုံးဌားလေယာဥ်ဖြင့် ရန်ကုန်လေဆိပ်သို့ပြန်လည်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
မြန်မာမသန်စွမ်းအားကစားအဖွဲ့အား အားကစားနှင့်လူငယ်ရေးရာ၀န်ကြီးဌာန ဒု-၀န်ကြီး၊ရန်ကုန် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများ၊အားကစားနှင့်ကာယပညာဦးစီးဌာန ဒု-ညွှန်ကြားရေးမှုးချုပ်နင့်ညွှန်ကြားရေးမှူးများ၊အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှအားကစားသမားများနှင့်မြန်မာ နိုင်ငံမသန်စွမ်းသူများအားကစားအဖွဲ့ချုပ်မှတာ ၀န်ရှိသူများက ကြိုဆိုခဲ့ကြသည်။