အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီသည် နစက မှ ၂၀၂၃ ခုနှစ်တွင်ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအ ထွေထွေရွေးကောက်ပွဲနှင့်ပတ်သက်၍ သဘော ထားထုတ်ပြန်ချက်တစ်စောင်အား ဇွန် ၁၄ ရက် (ယနေ့)တွင် ထုတ်ပြန်ကြေညာခဲ့သည်။
NDF ပါတီ၏ထုတ်ပြန်ချက်တွင် နစက ၏ရှေ့လုပ်ငန်းစဉ် ၅ ရပ်အပိုဒ်ပွဲ ၅ တွင် ၂၀၀၈-အခြေခံ ဥပဒေနှင့်အညီ တရားမျှတ၍လွတ်လပ်သော ပါ တီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအား ပြန်လည်ကျင်းပပေးမည်ဟု ဖော်ပြပါရှိသည်ဟု ရေးသားထားသည်။
အလားတူ နစက ၏သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်မှလည်း “လာမည့်ရွေးကောက်ပွဲအား တစ်နိုင်ငံလုံးအကြားအလပ်မရှိကျင်းပသွားရန်ရှိကြောင်း”ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတော်တည်ငြိမ်ရေးနှင့်ဒီမိုကရေစီထွန်းကားရေးအား ဖော်ဆောင်နိုင်ရန် နိုင်ငံတော်အား အဖွဲ့အစည်းအမျိုးမျိုးအမည်ခံ၍ ဆန့်ကျင်နေသည့် အဖွဲ့များ၌ပါဝင်နေကြသော အနာဂတ်လူ့စွမ်းအား လူငယ်လူသားရင်းမြစ်များမဆုံးရှုံးစေရန် ဥပဒေဘောင်အတွင်း ဝင်ရောက်ရေးကို အလေးပေး၍ သတင်းထုတ်ပြန်ရေးအဖွဲ့မှ အသိ ပေးထုတ်ပြန်ထားသည်ကို တွေ့မြင်ရသည်ဟု ထုတ်ပြန်ရေးသားထားသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်တစ်ဦးမှလည်း“ယခုအခါသည် ၂ဝ၂၃ ရွေး ကောက်ပွဲအကြိုကာလဖြစ်ကြောင်း” ပြောကြားခဲ့သည်ဟု NDF ပါတီ၏ထုတ်ပြန်ချက်၌ ရေးသားထားသည်။
ဒီမိုကရေစီနည်းလမ်းနှင့်လျှော်ညီစွာ ပြည်သူရွေးချယ်တင်မြှောက်သည့် လွှတ်တော်နှင့်အစိုးရပေါ် ပေါက်ရေးအားရှေ့ရှု၍ ၂၀၂၃ ခုနှစ်၌ PR စနစ်ဖြင့်ကျင်းပရန်ရှိသည့် အထွေထွေရွေးကောက်ပွဲဖြစ်မြောက်ရေးအား NDF ပါတီမှ အထူးကြိုဆိုကာ ယင်း ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးအ ပြောင်းအလဲနှင့်နိုင်ငံရေးထွက်ပေါက်တစ်ခုအ ဖြစ်မှတ်ယူနိုင်သည်ဟု ထုတ်ပြန်ရေးသားထား သည်။
ထို့ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ရွေးကောက်ပွဲအကြိုကာလအဖြစ် သတ်မှတ်ထား၍ တရားဝင်နိုင်ငံရေးပါတီများမှ သဘောထားအမြင်များတင်ပြနိုင်ရန် နိုင်ငံရေးပါ တီများနှင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွေ့ဆုံပွဲများပြုလုပ်ပေးရန် NDF ပါတီမှတောင်းဆိုခဲ့သည်။
အလားတူ နစက ဥက္ကဋ္ဌအနေဖြင့် ရှေးကပြုလုပ်ခဲ့သည့်အစဉ်အလာအတိုင်း ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးပါတီများနှင့်တွေ့ဆုံ၍ နိုင်ငံရေးပါတီများ၏ သဘောထားများကို တွေ့ဆုံတင်ပြခွင့်ပြုရန်လည်း NDF ပါတီမှသဘောထားထုတ်ပြန်တောင်းဆိုတင်ပြခဲ့သည်။