ဓာတ်ပုံဆရာ အေးဇော်မိုး(စက်မှု) ဦးစီးတည်ထောင်တဲ့ ဖြိုးမိုးသိင်္ခ(ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးရေး) စတူဒီယိုက ၂ဝ၁၇ခုနှစ်ဇွန်လ၁ရက်နေ့မှာဆိုရင် ၁၇နှစ်ပြည့်မြောက် ခဲ့ပြီဖြစ်ပါတယ်။ ၁၇နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ ပြုလုပ်သွားမယ့် အလှူများနဲ့ပတ်သက်ပြီး ကိုအေးဇော်မိုးက ” အလှူက နှစ်တိုင်းလုပ်ဖြစ်ပါတယ်။ ဒီနှစ်ကတော့ ဆရာတော်အရှင် ဆေကိန္ဒရဲ့ ပညာရေးဖောင်ဒေးရှင်မှာ ဒေါ်လာ ၁ဝဝ လှူတယ်။ ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ် ပြန်လည်ပြုပြင် ဖို့အတွက်လည်း ငွေကျပ်တစ်သိန်းလှူပါတယ်။ ဓမ္မဝိဟာရဘုန်းတော်ကြီးကျောင်း မိဘမဲ့ကလေးတွေအတွက်လည်း ငွေကျပ်တစ်သိန်း လှူတယ်။ နောက်ပြီး မိုင်းရှာတဲ့လုံခြုံရေး ခွေးတွေအတွက်လည်း အလှူငွေတစ်သိန်းလှူ ဖြစ်တယ်။ ဆိုင်နှစ်ပတ်လည်တိုင်းမှာ လှူဖြစ်တယ်။ တစ်နည်း အားဖြင့် ကိုယ့်ဆိုင်ကိုအားပေးတဲ့ ခုနစ်ရက်သား သမီးတွေအတွက်ကို ကျေးဇူးပြန်ဆပ်တာပါ” လို့ ပြောပါတယ်။ ကိုအေးဇော်မိုးက ၁၉၉၄ ခုနှစ်ကစပြီး ဓာတ်ပုံဆရာအလုပ်ကို စတင်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံဆရာဘဝကိုအနှစ်နှစ်ဆယ် ကျော်ဖြတ်သန်းလာခဲ့တဲ့ကိုအေးဇော်မိုးက သူ့ရဲ့အတွေ့ အကြုံတွေကိုလည်း အခုလိုပြောပြခဲ့တာက…
” ကိုယ့်အဖေက ဓာတ်ပုံ ဆရာဆိုတော့ ပညာအမွေရခဲ့တယ်။ အဲဒီအပေါ်မှာ Customer တွေ၊ ဆရာတွေ၊မိတ်ဆွေကောင်းတွေရဲ့ အားပေးမှု ကြောင့် ဒီလိုမျိုးရပ်တည်နိုင်တာ။ ကိုယ်ဝါ သနာပါ တဲ့ အလုပ်လည်းလုပ်ရတယ်။ ကိုယ့်မိဘကျေးဇူး လည်းဆပ်ရတယ်။ ကိုယ်ကတော့ရောင့်ရဲတယ် ပဲ ပြောပြောကျေနပ်တယ်။ ကိုယ့်အနေနဲ့စိတ်ချမ်း သာတယ်။ ကိုယ်နဲ့ထိတွ့ လုပ်ကိုင်နေတဲ့မိတ်ဆွေ တွေ၊ Customer တွေကို တတ်နိုင်သမျှသူတို့ရဲ့ လိုအပ်ချက်တွေကို အမြဲတမ်းသည်းခံလိုက်လျော နိုင်ဖို့ပဲကြိုးစားနေတယ်” လို့ဆိုပါတယ်။
ထူးရွှေရည်ဝင်း