ဂျာနယ်ဟူသည် သတင်းစာနှင့် တစ်အူထုံ့ဆင်းဖြစ်၊ ဆက်စပ်နေသည် ကြောင့် ဖြစ်ပွားပေါ်ပေါက်သော သတင်းများကို မူတည်၍ ထင်မြင် ချက် ဝေဖန်ချက်များကို ဖော်ပြလေ့ ရှိသည်။ သတင်းစာများကဲ့သို့ပင် အရေးကြီးသတင်းများကို မှတ်တမ်း တင် ဖော်ပြကြသည်။
ဂျာနယ်ဟူသော အင်္ဂလိပ်ဘာ သာစကားလုံးသည် ဒိုင်ယာနယ် (Diurnal) ဟူသော လက်တင်ဘာ သာမှ ဆင်းသက်လာခြင်းဖြစ်သည်။ ချိမ်းဘားအဘိဓာန်တွင် ”တစ်နေ့တာ ဖြစ်ရပ်များကို စုပေါင်းထုတ်ဝေသော စာစောင်”ဟူ၍ အဓိပ္ပာယ်ဖွင့်ဆိုထား သည်ကို တွေ့ရပေမည်။ ဒိုင်ယာရီဟူ သည့်စကားလုံးသည်လည်း လက် တင်ဘာသာမှ ဆင်းသက်လာခြင်းဖြစ် သည်။ ဒိုင်ယာရီနှင့် ဒိုင်ယာနယ်နှစ် ခုစလုံးသည်
နေ့စဉ်မှတ်တမ်းပင်ဖြစ် သည်။ ခေတ်ကာလရွေ့လျားလာကာ ဒိုင်ယာရီနှင့် ဒိုင်ယာနယ်မှ ဒိုင်ယာရီ နှင့် ဂျာနယ်ဟူ၍ ဖြစ်လာသည်။
ဂျာနယ်ကို ရက်သတ္တတစ်ပတ် တစ်ကြိမ်ထုတ် စာစောင်ဟူ၍ သတ် မှတ်ကြသည်။ ထုတ်ဝေသည့် လုပ် ငန်းအခြေအနေအရ နှစ်ပတ်တစ် ကြိမ်၊ တစ်လတစ်ကြိမ် ထုတ်ဝေကြ ခဲ့၊ ထုတ်ဝေကြဆဲလည်း ရှိသည်။
မြန်မာနိုင်ငံတွင် ဟံသာဝတီ သတင်းစာသည် အစောဆုံးဂျာနယ် အဖြစ် သတ်မှတ်ထားသည်။ ၁၈၉၇ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့တွင် စတင်ထုတ်ဝေခဲ့သည်။ စတင်ထုတ် ဝေစဉ်က ဟံသာဝတီသတင်းစာဟု မြန်မာဘာသာဖြင့် အမည်တပ်ခဲ့ပြီး အင်္ဂလိပ်ဘာသာဖြင့် ‘ဟံသာဝတီ အ ပတ်စဉ်ရီဗျူး’ (Hanthawaddy Weekly Review) ဟု အမည်တပ် ခဲ့သည်။ တစ်ပတ်တစ်ကြိမ်ထုတ်ဖြစ် သည့်အပြင် ရေးသားတင်ဆက်ဖော် ပြမှုများသည် ဂျာနယ်သဘောပင်ဖြစ် ခဲ့သည်။
၁၉ဝ၆ ခုနှစ်ထုတ် စီးပွားရေး စုံစမ်းရေးဂျာနယ်နှင့် ၁၉ဝ၈ ခုနှစ် ထုတ် ဓမ္မဒေသနာတရား သတင်း စာတို့သည် အစောဆုံးထုတ်ဂျာနယ် များအဖြစ် သတ်မှတ်နိုင်ဖွယ်ရှိသည်။ တရားသတင်းစာမှာ သတင်းစာဟူ၍ အမည်တပ်ထားသော်လည်း ဘာသာ ရေးဆောင်းပါးများ သက်သက်သာ ဖော်ပြခဲ့သည်။ ၁၉၁ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံသုတေသနအသင်းသည် ‘မြန်မာသုတေသနဂျာနယ်’နှင့် ၁၉၁ဝ ပြည့်နှစ်တွင် သူရိယသတင်း စာတိုက်သည်လည်း သူရိယ ‘သူရိ ယအပတ်စဉ်’ ထုတ်ဝေခဲ့သည်ဟူ၍ မှတ်တမ်းတင်ထားခဲ့သည်ကို တွေ့ရ သည်။
ဝတ္ထု၊ ဆောင်းပါး၊ ကဗျာ၊ သ တင်း၊ ထင်မြင်ချက်များဖြင့် ဝေဝေ ဆာဆာဖော်ပြပြီး ဂျာနယ်ဟူ၍ ပီပီ သသပေါ်လာသော အချိန်သည် ၁၉၁၉ ခုနှစ်တွင် ဖြစ်သည်ဟုဆို၏။ ဆရာကြီး ရွှေဥဒေါင်းနှင့် သူရိယျ အယ်ဒီတာအဖွဲ့ဝင်များသည် ၁၉၁၉ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက် စနေနေ့ တွင် ‘မြန်မာဗျူဟာဂျာနယ်’ကို စတင် ထုတ်ဝေခဲ့ကြသည်။ သတင်းဝေဖန် ချက်၊ ထင်မြင်ချက်များနှင့် ဝေဝေ ဆာဆာထုတ်ဝေခဲ့သောကြောင့် လူ ကြိုက်များခဲ့သည်။ ဝံသာနုလှုပ်ရှား မှု၊ အမျိုးသားရေးလှုပ်ရှားမှုများတွင် မြှုပ်နှံပါဝင်ခဲ့သော ဆရာကြီးသခင် ကိုယ်တော်မှိုင်းသည် ပါဝင်ရေးသား ခဲ့ခြင်း၊ ရွှေတလေး အမည်ခံ ဦးဘက လေး၏ ကာတွန်းများ ထိမိခြင်းတို့ ကြောင့်လည်း လူကြိုက်များခဲ့ခြင်း ဖြစ်သည်။ သို့သော် သက်တမ်း ခြောက်နှစ်ခန့်သာ ရှည်ကြာခဲ့သည်။
မြန်မာဗျူဟာထွက်လာပြီး နောက် ရှေ့ဆင့်နောက်ဆင့်ပင် ဂျာ နယ်များ ပေါ်ထွက်လာခဲ့သည်။ ၁၉၂ဝပြည့်နှစ်မှ ၁၉၃ဝ ပြည့် နှစ်တစ်ဝိုက် တွင် ဂျာနယ်များစွာ ထုတ်ဝေခဲ့ကြ သည်။ ထိုဂျာနယ်များ သည် အများစုမှာ အမျိုးသား ရေးလှုပ်ရှားမှုနှင့် ထွက်ပေါ် လာကြခြင်း ဖြစ်သည်။ ဟုပ္ပရူးတောင် ညိုမှ၊ ဝံသာနု လှုပ်ရှား မှု၊ နယ်ချဲ့ ဆန့်ကျင်ရေးတို့ သည် ထိုဂျာနယ်များ တွင် အရိပ် ထင်နေရာ ယူခဲ့သည်။ ၁၉၃ဝ ပြည့်နှစ်မှ ဒုတိယကမ္ဘာစစ် ဖြစ်သည့် အချိန် ကြားတွင်လည်း ခေတ်အခြေ အနေ ကို မီးမောင်းထိုး ပြသည့် ဂျာနယ်သစ် များ ထွက်ပေါ် လာခဲ့သေးသည်။ ထိုဂျာနယ်များ အနက်’ဂျာနယ် ကျော်’နှင့် ‘စနေနဂါး နီ’ဂျာနယ် နှစ်စောင် သည် နိုင်ငံ လွတ်လပ်ရေး အတွက် ပြည်သူတို့ ရှေ့မှမားမားမတ်မတ် ရပ်တည် ခဲ့ကြပြီး ဦး ဆောင် စည်းရုံးတိုက်ပွဲ ဝင်ခဲ့ကြခြင်း ကြောင့် လူကြိုက်များ၍ သြဇာရှိ သော ဂျာနယ်များဖြစ်ခဲ့သည်။ အလားတူပင် ‘ဘားမားဂျာနယ်’ သည်လည်းထက်မြက်၍ လူကြိုက် များခဲ့သည်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန် ခေတ်တွင် ဂျာနယ်များ ထုတ်ဝေမှု ရပ်ဆိုင်းကြကုန်သည်။ ဒုတိယကမ္ဘာ စစ်ပြီးနောက်တွင် ဂျာနယ်များ ပြန် လည်ထွက်ပေါ်လာကြပြန်သည်။ မန္တ လေးတွင် ‘လူထုဂျာနယ်’၊ ရန်ကုန် တွင် ‘ဂျာနယ်ကျော်’၊ ‘တိုးတက်ရေး’၊ ‘ဒီးဒုတ်’၊ ‘ပြည်သူ့အာဏာ’၊ ‘နေသူ ရိန်’၊ ‘ဇဝန’၊ ‘တိုင်းရင်းသူဂျာနယ်’၊ ‘ဂွဂျာနယ်’၊ ‘ယုဝတီဂျာနယ်’၊ ‘ဝိသာ ခါ’၊ ‘အမိမြန်မာဂျာနယ်’များဖြစ် ကြောင်း လေ့လာတွေ့ရှိရပေမည်။ ထိုအချိန်တွင် မြန်မာပြည်သူတစ်ရပ် လုံးသည် ဖက်ဆစ်ဆန့်ကျင်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေး၊ နိုင်ငံလွတ်လပ် ရေးရရှိရေးအတွက် လူထုအုံကြွမှု အဟုန်ကြီးမားနေချိန်ဖြစ်၍ ထိုဂျာ နယ်အပေါင်းတို့သည်လည်း ပြည်သူ နှင့်အတူ ရပ်တည်ခဲ့ကြသည်ကို တွေ့ ရပေမည်။
လွတ်လပ်ရေးရပြီးသည့်နောက် ဂျာနယ်များစွာ ထုတ်ဝေခဲ့ကြသည်။ ပုဂ္ဂလိကများက ထုတ်ဝေသည်များ ရှိသလို ဌာနဆိုင်ရာများက ထုတ် ဝေကြသည်လည်း ရှိခဲ့သည်။ ထုတ် ဝေသူတို့၏ အားသန်ရာ သန်ရာ ကဏ္ဍကို ဦးစားပေးပြီး နိုင်ငံရေး သတင်းဂျာနယ်၊ အားကစားသတင်း ဂျာနယ်၊ လုပ်သားဂျာနယ်၊ တောင် သူလယ်သမားဂျာနယ်၊ လူငယ်ဂျာ နယ်၊ စီးပွားရေးဂျာနယ်၊ စာပေအနု ပညာဂျာနယ်စသည်ဖြင့် လိုင်းအမျိုး မျိုး ထုတ်ဝေလာခဲ့ကြသည်။ မြန်မာ နိုင်ငံ ဂျာနယ်သက်တမ်းသည် ၁၈၉၇ ခုနှစ်မှ စတင်ရေတွက်က နှစ်ပေါင်း ၁၂၁ ကျော်ခန့်ရှိခဲ့ပြီ ဖြစ်သည်။ ယင်းကာလတွင် ထင်ရှားသော လူ ကြိုက်များ သြဇာရှိသော ဂျာနယ်များ စွာ ပေါ်ထွက်ခဲ့သော်လည်း ခေတ် အခြေအနေနှင့်တကွ အကြောင်း ကြောင်းတို့ကြောင့် သက်တမ်းရှည် သော ဂျာနယ်များကား ရှားလှပြီး ပြုတ်ချည်၊ ပျက်ချည်၊ မြုပ်ချည်၊ ပေါ် ချည်နှင့် ဖြစ်ခဲ့ရသည်။
ဤသို့ မြုပ်ချည် ပေါ်ချည် ဂျာ နယ်လောက၏ နှစ် (၁ဝဝ) ပြည့်ချိန် ၁၉၉၇ ခုနှစ် (၁၈၉၇ မှ ၁၉၉၇ အ ထိ)၊ ဇွန်လ ၃၁ ရက်နေ့တွင် စာပေ အနုပညာစစ်ဂျာနယ်အဖြစ် ‘ပေါ်ပြူ လာစာပေအနုပညာဂျာနယ်’ ပေါ် ထွက်လာခဲ့သည်။ ထိုအချိန်တွင် ပုဂ္ဂလိက အပတ်စဉ်ဂျာနယ်ဟူ၍ ‘ပြည်မြန်မာ’တစ်စောင်တည်း ရှိနေ သည်။
ပေါ်ပြူလာဂျာနယ်ကို ဝတ္ထု၊ ကဗျာဘက်စုံထူးချွန်သည့် ‘ဆရာ အောင်ပြည့်’၊ ကဗျာဆန်ဆန် အနု အလှများနှင့် လူထုအကြား ရေပန်း စားနေသော သီချင်းရေးသူ ‘ဆရာမြ သန်းစံ’၊ စာပေအသိုင်းအဝိုင်းတွင် နှစ် ၂ဝ ခန့်ကျင်လည်ကာ ထဲထဲဝင် ဝင်နှံ့နှံ့စပ်စပ်ရှိသော ‘ဆရာဟိန်း လတ်’တို့ ဦးဆောင်မှုဖြင့် ဖွဲ့စည်းခဲ့ သည်။ ထုတ်ဝေသူကိုယ်တိုင်ကလည်း စာပေနှစ်သက်မြတ်နိုးကာ ကိုယ်တိုင် ဘက်ပေါင်းစုံမှ ပါဝင်သည့် ‘ဆရာမ ငွေသော်တာ’ဖြစ်သည်။
ဤသို့ မျိုးစေ့မှန်ချပြီး၊ ပျိုး ထောင်သူကလည်း နည်းမှန်လမ်းမှန် ပျိုးထောင်ခဲ့သည်ကြောင့် ပေါ်ပြူလာ စာပေအနုပညာဂျာနယ်ထွက်ထွက် ချင်း စာပေနှစ်သက်မြတ်နိုးသည့် စာ ဖတ်ပရိသတ်တို့၏ အားပေးမှုအပြည့် အဝရရှိခဲ့သည်။
ဤသို့ မျိုးစေ့မှန် ပျိုးထောင်မှု မှန်ကန်သည့် ပေါ်ပြူလာစာပေအနု ပညာဂျာနယ်သည် စာပေလောက တွင် သိက္ခာရှိရှိ တည်တည်ကြည်ကြည် ဖြင့် လျှောက်လှမ်းခဲ့ရာ ၂၁ နှစ်တိုင် ခဲ့ပြီဖြစ်သည်။ ယင်းသို့ ၂၁ နှစ်ခရီး တွင် ကျွန်တော်ကိုယ်တိုင် ၁ဝ နှစ် ခို လှုံခွင့်ရရှိခဲ့သည်။ ဌာနဆိုင်ရာမှ အငြိမ်းစားယူပြီး ပြင်ပတွင် ယောင် လည်လည်ဖြစ်နေချိန် ပေါ်ပြူလာက လို လိုလားလား နားခိုခွင့်ပြု၍လည်း ပုဂ္ဂလိက ဂျာနယ်များ၏ ပင်ပန်းကြီး စွာ ကြိုးစားကြရသည်ကို မျက်ဝါးထင် ထင်တွေ့ခဲ့ရသည်။
မျိုးစေ့ချပေးခဲ့သော ဆရာများ မရှိကြ အနားယူသွားခဲ့ကြပြီဖြစ်သော် လည်း မျိုးဆက်သစ်များ၏ စည်းလုံး ညီညွတ်အားထုတ်မှုဖြင့် ချမှတ်ပေးခဲ့ သည့် လမ်းကြောင်းပေါ်မှန်ကန်စွာ လျှောက်လှမ်းနိုင်မှု၊ ခေတ်ရေစီး ကြောင်းနှင့် လိုက်လျောညီထွေစွာ စာဖတ်ပရိသတ်များထံ စာပေအနုပ ညာသတင်းဦး သတင်းထူး၊ သတင်း မှန်များကို ပို့ပေးနိုင်စွမ်းကြောင့်လည်း အားပေးလက်ခံနေကြသည့် စာပေ ပရိသတ်အခိုင်အမာရရှိ ရပ်တည်နေ နိုင်ခြင်းဖြစ်ပေသည်။
ကိုယ်တိုင် ၁ဝ နှစ်ခန့် ပါဝင် ခွင့်ရရှိခဲ့သည့်၊ နားခိုခွင့်ပြုခဲ့သည့် ပေါ်ပြူလာစာပေအနုပညာဂျာနယ် သည် ကျွန်တော်နှင့်တကွ စာဖတ် ပရိသတ်တို့ နှလုံးသားတွင် စာပေ လောကတည်မြဲနေသမျှ စွဲထင်နေ အောင် ဆက်၍လျှောက်လှမ်းနေဦး မည်ကို ယုံကြည်မိပါပေတော့သည်။
မြတ်မင်းလှိုင်
မှီငြိမ်း။ ။ဟံသာဝတီ၊ စာပေနှင့် ယဉ်ကျေးမှု အဖွဲ့ငယ်၏ ၁၉၇၅ ခုနှစ်ထုတ် စာနယ်ဇင်း ကမ္ဘာ။