Wednesday, January 8, 2025

” မနက်ဖြန်ပွဲက ကျွန်တော်တို့အတွက်အရေးကြီးပါတယ်”ဟု ရှမ်းယူနိုက်တက်အသင်း...

ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် မစ္စတာဟီရိုကီအိုနိုမှ " မနက်ဖြန်ပွဲက ကျွန်တော်တို့အတွက်အရေးကြီးပါတယ်"ဟု ပြောကြားခဲ့သည်။ ယနေ့ ဇန်နဝါရီ ၇ ရက်ညနေ ၅ နာရီခွဲက သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့်...

ငွေကျပ်(၂၀၀၀၀)တန်ထွက်မည်ဟု ကောလာဟလထုတ်လွှင့်သူများကို စီစစ်ဖော်ထုတ်အရေးယူသွားမည်

ငွေကျပ်(၂၀၀၀၀)တန်ထွက်မည်ဟု လူမှုကွန်ယက်စာမျက်နှာများပေါ်မှတစ်ဆင့် ကောလာဟလရေးသားထုတ်လွှင့်သူများကို စီစစ်ဖော်ထုတ်အရေးယူသွားမည်ဟု ဗဟိုဘဏ်ကအသိပေးခဲ့သည်။ လူမှုကွန်ယက်စာမျက်နှာဖြစ်သည့်“အခေါက်ရွှေ ရောင်းသူ ဝယ်သူတိုက်ရိုက်” facebook Group တွင် Anonymous participant အမည်ဖြင့်...

ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှလေ့လာရေးအဖွဲ့များကိုဖိတ်ခေါ် သွားမည်ဟု နစက...

ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှလေ့လာရေးအဖွဲ့များကိုဖိတ်ခေါ် သွားမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့ ဇန်နဝါရီ ၇ ရက်နံနက် ၁၀...

ဒေါ်လာနှင့် ထိုင်းဘတ်များကို ဗဟိုဘဏ်ထပ်မံထုတ်ရောင်း

ယခု ၂၀၂၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဗဟိုဘဏ်မှ တတိယအကြိမ် ဒေါ်လာနှင့် ထိုင်းဘတ်များကို ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။ ဗဟိုဘဏ်မှ သွင်းကုန်လုပ်ငန်းရှင်များအတွက်...
HomeNewsLocal Newsကချင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် မနောတိုင်စိုက်ထူ

ကချင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် မနောတိုင်စိုက်ထူ

လာမည့် ဇန်နဝါရီ ၁၀ ရက်တွင်ကျရောက်မည့် (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့အထိမ်းအ မှတ်အဖြစ် ဇန်နဝါရီ ၅ ရက်နံနက် ၉ နာရီက မြစ်ကြီးနားမြို့၊ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းမြက်ခင်းပြင်၌ ရိုးရာအစဉ်အလာနှင့်အညီ မနောတိုင် စိုက်ထူခဲ့ကြောင်း သိရသည်။

အဆိုပါ မနောတိုင်အား (၇၇)နှစ်မြောက် ကချင် ပြည်နယ်နေ့အခမ်းအနားတွင် ပြည်ထောင်စု၏ စည်းလုံးခြင်း၊ စီးပွားလာဘ်လာဘတိုးပွားစေခြင်းနှင့် အောင်မြင်ခြင်းအထိမ်းအမှတ်ဖြစ်သည့် မနောအကဖြင့်ဆင်နွှဲနိုင်ရန်စိုက်ထူခြင်းဖြစ် ကြောင်း သိရသည်။

ထိုသို့ မနောတိုင် စိုက်ထူးခြင်းအား ပြည်နယ်ဝန် ကြီးချူပ်ဦးခက်ထိန်နန်နှင့်တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်မှ ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ပြည်‌ထောင်စု၏ စည်း လုံးခြင်း၊ အေးချမ်းသာယာခြင်း၊ စီးပွားရေးဖွံ့ ဖြိုးတိုးတက်စေခြင်းနှင့် အောင်မြင်ခြင်းအထိမ်းအမှတ်အဖြစ် ရိုးရာအစဉ်အလာနှင့်အညီ မနောအကဖြင့် အောင်မြင်စွာကျင်းပဆင်နွှဲနိုင်ရေးဆုမွန်တောင်းခံပေးနိုင်ရန်ပြောကြားခဲ့သည်။

ထို့ကြောင့် ဖာသာဒေါက်တာဂေါ်လူယုံဝါက ဆု တောင်းဆက်ကပ်ကောင်းချီးတောင်းခံပေးပြီးနောက် မနောပွဲဦးဆောင်သူ နောင်ရှောင်ခေါင်း ဆောင်က ရိုးရာအစဉ်အလာနှင့်အညီ မနောပွဲ တော်ကျင်းပနိုင်ရေး၊ မနောတိုင်စိုက်ထူခြင်းတို့အတွက် ဆုမွန်ကောင်းများတောင်းခံပေးကာ သိက္ခာတော်ရဆရာကကောင်းချီးပေးပြီး မနောတိုင်အား စုပေါင်းစိုက်ထူခဲ့ကြသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

” မနက်ဖြန်ပွဲက ကျွန်တော်တို့အတွက်အရေးကြီးပါတယ်”ဟု ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ်ပြော

ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် မစ္စတာဟီရိုကီအိုနိုမှ " မနက်ဖြန်ပွဲက ကျွန်တော်တို့အတွက်အရေးကြီးပါတယ်"ဟု ပြောကြားခဲ့သည်။ ယနေ့ ဇန်နဝါရီ ၇ ရက်ညနေ ၅ နာရီခွဲက သုဝဏ္ဏဘောလုံးကွင်း၌ပြုလုပ်သည့် Asean Club Championship/AFF Shopee Cup 2024-2025 အုပ်စု(A)ပွဲစဉ်အဖြစ်ယှဉ်ပြိုင်ကစားမည့် ရှမ်းယူနိုက်တက်နှင့် တီရန်ဂါနူးအသင်းတို့၏ ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ "ရှေ့နှစ်ပွဲမှာ ရလဒ်မကောင်းခဲ့လို့ မနက်ဖြန်ပွဲက ကျွန်တော်တို့အတွက် အရေးကြီးပါတယ်။ တီရန်ဂါနူးအသင်းက ထိပ်တန်းကစားသမားတွေ ပိုင်ဆိုင်ထားတဲ့အသင်း။ ပြည်ပကစားသမားကောင်းတွေပိုင်ဆိုင်ထားတဲ့အသင်းပါ။ ဒါပေမယ့် အသင်းရဲ့အားနည်းချက်တွေအားလုံးကို ပြင်ဆင်ထားပါတယ်" ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ် မစ္စတာဟီရိုကီအိုနို ကပြောသည်။ ထို့အတူ...

ငွေကျပ်(၂၀၀၀၀)တန်ထွက်မည်ဟု ကောလာဟလထုတ်လွှင့်သူများကို စီစစ်ဖော်ထုတ်အရေးယူသွားမည်

ငွေကျပ်(၂၀၀၀၀)တန်ထွက်မည်ဟု လူမှုကွန်ယက်စာမျက်နှာများပေါ်မှတစ်ဆင့် ကောလာဟလရေးသားထုတ်လွှင့်သူများကို စီစစ်ဖော်ထုတ်အရေးယူသွားမည်ဟု ဗဟိုဘဏ်ကအသိပေးခဲ့သည်။ လူမှုကွန်ယက်စာမျက်နှာဖြစ်သည့်“အခေါက်ရွှေ ရောင်းသူ ဝယ်သူတိုက်ရိုက်” facebook Group တွင် Anonymous participant အမည်ဖြင့် ငွေကျပ်(၂၀၀၀၀)တန်ထုတ်ဝေနေပြီဖြစ်ကြောင်း" “ဒီ ၂၀၀၀၀/- ကျပ်တန်တွေက ဘယ်ကထွက်နေတာလဲ Photoshop လည်းမဟုတ်ကြည့်ရတာအတော်များများထွက်လာတာတွေ့ရတယ်” Hsung Aom အမည်ဖြင့် “ဒီနေ့ဘဏ်မှာ ငွေသွားထုတ်တာ ၂ သောင်းတန်တွေပေးလိုက်တယ်ရှင့် ၂ သောင်းတန်က တရားဝင်ထွက်နေပီးလားမသိဘူးရှင့်?”ဟူ၍ ရေးသားဖော်ပြမှုများနှင့်ပတ်သက်၍ ဗဟိုဘဏ်ကပြန်လည်ရှင်းလင်းအသိပေးခဲ့ခြင်းဖြစ်သည်။ ငွေကျပ် ၂၀,၀၀၀/- တန်နှင့်ပတ်သက်၍ ကောလာဟလသတင်းများထုတ်လွှင့်ကာ ကုန်ပစ္စည်းများဈေးကစားရန်၊ ဒေါ်လာအပါအဝင် နိုင်ငံခြား ငွေများအားဈေးကစားရန်၊...

ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှလေ့လာရေးအဖွဲ့များကိုဖိတ်ခေါ် သွားမည်ဟု နစက ဥက္ကဋ္ဌပြော

ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှလေ့လာရေးအဖွဲ့များကိုဖိတ်ခေါ် သွားမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ ၎င်းမှ ယနေ့ ဇန်နဝါရီ ၇ ရက်နံနက် ၁၀ နာရီက မြန်မာနိုင်ငံဆိုင်ရာ အီရန်နိုင်ငံသံအမတ်ကြီးအ ဖြစ်ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သော သံအ မတ်ကြီး H.E. Dr. Nassereddin HEIDARI ၏ သံအမတ်ခန့်အပ်လွှာအား လက်ခံရယူစဥ် ပြောကြားခဲ့ခြင်းဖြစ်သည်။ နစက ဥက္ကဋ္ဌမှ မြန်မာနိုင်ငံ၏နိုင်ငံရေးဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများ၊ လွှတ်လပ်၍တရားမျှတသည့် ရွေးကောက်ပွဲကျင်းပနိုင်ရန် အတတ်နိုင်ဆုံးကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု၊ လွတ်လပ် ၍တရားမျှတသောရွေးကောက်ပွဲဖြစ်စေရန် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးလိုအပ်မှုနှင့် ရွေးကောက်ပွဲကျင်းပချိန်တွင် နိုင်ငံတကာမှလေ့လာရေးအဖွဲ့များဖိတ်ခေါ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071