Friday, November 15, 2024

တိုက်ဖွန်းအူဆာဂီနီးလာ၍ထိုင်ဝမ်၌ သတိပေးချက်ထုတ်ပြန်ထားရ

တိုင်ပေ၊နိုဝင်ဘာ ၁၄ ထိုင်ဝမ်သို့ တိုက်ဖွန်းအူဆာဂီနီးကပ်လာသဖြင့် ထိုင်ဝမ်မိုး‌လေဝသဌာနက မူလကထုတ်ပြန်ထားသည့် ပင်လယ်ရေပြင်သတိပေးချက်အပြင် ယခုအခါ ကုန်းတွင်းပိုင်းမြေပြင်အတွက်ပါ ထပ်တိုးသတိပေးချက်ထုတ်ပြန်လိုက်ကြောင်းသိရသည်။ ကြာသပတေးနေ့၊ညနေ ၆ နာရီတွင် တိုက်ဖွန်းမုန်တိုင်း၏ဗဟိုသည် ကျွန်း၏တောင်ဘက်စွန်းအရှေ့တောင်ဘက်...

မြန်မာ-ရုရှား ဘဏ်လုပ်ငန်းအပါအဝင် အနာဂတ် ၌ပူးပေါင်းဆောင်ရွက်နိုင်မည့်အလားအလာများကိုဆွေးနွေး

မြန်မာ-ရုရှား ဘဏ်လုပ်ငန်းအပါအဝင် အနာဂတ် ၌ပူးပေါင်းဆောင်ရွက်နိုင်မည့်အလားအလာများနှင့်ပတ်သက်၍ နစက ၏ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ရုရှားနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ Mr. Alexey Sambuevich Tsydenov...

မုန်တိုင်းမပြတ်ဖြစ်နေသော ဖိလစ်ပိုင်ကို စူပါတိုက်ဖွန်း ထပ်ဝင်မည်

စူပါတိုက်ဖွန်း အူဆာဂီ မဝင်ရောက်မီ နိုင်ငံအရှေ့မြောက်ပိုင်းရှိ မြို့များတွင် ဘေးလွတ်ရာ ရွှေ့ပြောင်းခြင်းများဆောင်ရွက်ရန် ဖိလစ်ပိုင်အာဏာပိုင်များက ကြာသပတေးနေ့(နိုဝင်ဘာ ၁၄) တွင် အမိန့်ထုတ်ပြန်ခဲ့သည်။ မုန်တိုင်းမပြတ်ဖြစ်နေသော...

တာချီလိတ်မြို့တွင် ဖုန်းဆိုင်အတွင်းဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်ကာလုယက်မှုကျူးလွန်သူ(၄)ဦးကို အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့တွင် နိုဝင်ဘာ ၁၃ ရက်နံနက် ၁၀ နာရီ ၄၅ မိနစ်ခန့်က ဖုန်းဆိုင်အတွင်းဝင်ရောက်၍ သေနတ်ဖြင့်ပစ်ခတ်ကာလုယက်မှုကျူးလွန်သူ အမျိုးသား(၄)ဦးအား အသေပစ်ခတ်ဖမ်းဆီးနိုင်ခဲ့ကြောင်း...
HomeInternationalကန်အစိုးရသစ်နှင့်ပြည့်စုံသောလုံခြုံရေးမိတ်ဖက်တည်ဆောက်မည်--ဆိုးလ်

ကန်အစိုးရသစ်နှင့်ပြည့်စုံသောလုံခြုံရေးမိတ်ဖက်တည်ဆောက်မည်–ဆိုးလ်

အမေရိကန် အစိုးရသစ်နှင့် ပြီးပြည့်စုံသော လုံခြုံရေးမိတ်ဖက်ဆက်ဆံမှု ကို တည်ဆောက်သွားမည်ဟု တောင်ကိုရီးယားသမ္မတရုံးက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

သမ္မတ ယွန်းဆွတ်ယိုးလ်သည် လာမည့်ရက်များအတွင်း ရွေးကောက်ခံအမေရိကန်သမ္မတနှင့် ဆွေးနွေးသွားရန် မျှော်လင့်ထားသည်ဟုသမ္မတရုံးအဆင့်မြင့်အရာရှိတစ်ဦးကသတင်းထောက်များကိုပြောကြားခဲ့သည်။

ဆိုးလ်သည် ဒေသတွင်းရှိ အမေရိက၏ ခိုင်မာသော မဟာမိတ်နိုင်ငံဖြစ်ပြီး နျူကလီးယားလက်နက်ပိုင်ဆိုင်သော မြောက်ကိုရီးယားကို ဟန့်တားရန် ကြိုးပမ်းမှု ၏တစ်စိတ်တစ်ဒေသအဖြစ် တောင်ကိုရီးယားတွင် အမေရိကန်တပ်ဖွဲ့ဝင် ၂၈,၅၀၀ ကို ဖြန့်ကျက်တပ်စွဲထားသည်။

တောင်ကိုရီးယားနှင့် အမေရိကအကြား မဟာမိတ်ဆက်ဆံမှု၏ အရေးပါမှုနှင့် ကမ္ဘာ့အဆင့်တွင် ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်မှုကို အမေရိကန်ပြည်ထောင်စုရှိ မည်သည့်နိုင်ငံရေးအစုအဖွဲ့ဘက်ကမှ စောဒတက်မေးခွန်းထုတ်မှုမျိုး မရှိဟု အဆိုပါအရာရှိက ပြောကြားခဲ့သည်။

ပြီးခဲ့သောလတွင် ဝါရှင်တန်နှင့် ဆိုးလ်တို့သည် တောင်ကိုရီးယားတွင် အမေရိကန်တပ်များဖြန့်ကျက်ချထားခြင်း ၏ ကုန်ကျစရိတ်ကို ခွဲဝေကျခံမည့်နောက်ငါးနှစ် စီမံကိန်းအသစ်အတွက် သဘောတူခဲ့ကြသည်။ တောင်ကိုရီးယားသည်အမေရိက၏ စစ်အင်အားကို အခမဲ့ခိုစီးနေသည်ဟု အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က သူ၏ ပြီးခဲ့သော သမ္မတသက်တမ်းအတွင်း ပြောဆိုဖူးပြီး အမေရိကန်တပ်များ ကိုဖြန့်ချထားမှုအတွက် တစ်နှစ်ဒေါ်လာ ၅ ဘီလျံပေးအပ်ရမည်ဟု တောင်းဆိုခဲ့သည်။

Ref: ယူအက်စ်နူးစ်

spot_img

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results!

Continue reading

တိုက်ဖွန်းအူဆာဂီနီးလာ၍ထိုင်ဝမ်၌ သတိပေးချက်ထုတ်ပြန်ထားရ

တိုင်ပေ၊နိုဝင်ဘာ ၁၄ ထိုင်ဝမ်သို့ တိုက်ဖွန်းအူဆာဂီနီးကပ်လာသဖြင့် ထိုင်ဝမ်မိုး‌လေဝသဌာနက မူလကထုတ်ပြန်ထားသည့် ပင်လယ်ရေပြင်သတိပေးချက်အပြင် ယခုအခါ ကုန်းတွင်းပိုင်းမြေပြင်အတွက်ပါ ထပ်တိုးသတိပေးချက်ထုတ်ပြန်လိုက်ကြောင်းသိရသည်။ ကြာသပတေးနေ့၊ညနေ ၆ နာရီတွင် တိုက်ဖွန်းမုန်တိုင်း၏ဗဟိုသည် ကျွန်း၏တောင်ဘက်စွန်းအရှေ့တောင်ဘက် ကီလိုမီတာ ၄၀၀ ခန့်အကွာတွင် တည်ရှိနေရာမှ အနောက်မြောက်ဘက်သို့ တစ်နာရီလျှင် ၁၁ ကီလိုမီတာမှ ၁၈ ကီလိုမီတာနှုန်းဖြင့် ရွေ့လျားလာခဲ့ကြောင်းပြောကြားခဲ့သည်။မုန်တိုင်းဗဟိုချက်အနီးတွင် အမြန်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် ၁၅၅ ကီလိုမီတာဖြစ်သည်ဟုလည်းဆိုသည်။ မိုးလေဝသဌာန အ‌နေဖြင့် အူဆာဂီ၏ ခန့်မှန်းမရသောလမ်းကြောင်းကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပြီး ပြည်သူများသည်လည်း တိုက်ဖွန်းမုန်တိုင်း၏ ရွေ့လျားမှုဆိုင်ရာနောက်ဆုံးသတင်းများကို သတိထားစောင့်ကြည့်နေထိုင်ရန်ကိုပါအကြံပြုထားသည်။ လတ်တလောအ‌ခြေအနေအရ ထိုင်ဝမ်တစ်ဝန်း ကူးတို့ဝန်ဆောင်မှုနှင့် လေယာဉ်ခရီးစဉ်အများအပြားကို...

မြန်မာ-ရုရှား ဘဏ်လုပ်ငန်းအပါအဝင် အနာဂတ် ၌ပူးပေါင်းဆောင်ရွက်နိုင်မည့်အလားအလာများကိုဆွေးနွေး

မြန်မာ-ရုရှား ဘဏ်လုပ်ငန်းအပါအဝင် အနာဂတ် ၌ပူးပေါင်းဆောင်ရွက်နိုင်မည့်အလားအလာများနှင့်ပတ်သက်၍ နစက ၏ပြည်ထောင်စုဝန်ကြီးများနှင့် မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ရုရှားနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲ Mr. Alexey Sambuevich Tsydenov တို့တွေ့ဆုံဆွေးနွေးခဲ့ကြသည်။ နစက အဖွဲ့ဝင်၊ ဒု-ဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ဒု-ဝန်ကြီးချုပ်နှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဝင်းရှိန်တို့ ဦးဆောင်သော ပြည်ထောင်စုဝန်ကြီးများနှင့် ရုရှားနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲတို့သည် နိုဝင်ဘာ ၁၄ ရက်နေ့လည်ပိုင်းက တွေ့ဆုံခဲ့ကြသည်။ တွေ့ဆုံစဉ် ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံကြား လေကြောင်းခရီးသွားလာမှုနှင့် ပြည်သူအချင်းချင်းဆက်ဆံမှုတိုးမြှင့်ရေး၊ ဘဏ်လုပ်ငန်း၊ ရင်းနှီးမြှုပ်နှံမှု၊ သာသနာရေးနှင့်ယဉ်ကျေးမှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး၊...

မုန်တိုင်းမပြတ်ဖြစ်နေသော ဖိလစ်ပိုင်ကို စူပါတိုက်ဖွန်း ထပ်ဝင်မည်

စူပါတိုက်ဖွန်း အူဆာဂီ မဝင်ရောက်မီ နိုင်ငံအရှေ့မြောက်ပိုင်းရှိ မြို့များတွင် ဘေးလွတ်ရာ ရွှေ့ပြောင်းခြင်းများဆောင်ရွက်ရန် ဖိလစ်ပိုင်အာဏာပိုင်များက ကြာသပတေးနေ့(နိုဝင်ဘာ ၁၄) တွင် အမိန့်ထုတ်ပြန်ခဲ့သည်။ မုန်တိုင်းမပြတ်ဖြစ်နေသော နိုင်ငံတွင် တစ်လအတွင်း ပဉ္စမမြောက်မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်နေရခြင်းဖြစ်သကဲ့သို့ ယခုသီတင်းပတ်အနှောင်းပိုင်းတွင်လည်း ဆဋ္ဌမမြောက်မုန်တိုင်း ထပ်ဝင်ရန် ရှိနေသည်ဟု သိရသည်။ ယခင်တိုက်ဖွန်းများကြောင့် ၎င်းတို့မြို့များရေမြုပ်ခဲ့ဖြင့် ရေဘေးရှောင်ခဲ့ရသူများအပါအဝင် ကာဂါယန်ပြည်နယ်တွင် လူပေါင်း ၂၄,၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့သည်ဟု အစိုးရ၏ ကိန်းဂဏန်းအချက်အလက်များက ဖော်ပြသည်။ ဘေးလွတ်ရာ ရွှေ့ပြောင်းမှုများကို ဆက်လက်လုပ်ဆောင်နေဆဲဟုလည်း သိရသည်။ ဒေသတွင်း၌ အိုဖဲလ်ဟု သိကြသည့်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results!