Thursday, March 27, 2025

ဂျယ်ရှန်ကာနှင့်ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့တို့တွေ့ဆုံ

မတ် ၂၆ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဂျယ်ရှန်ကာ သည် အင်္ဂါနေ့တွင် ဒေလီမြို့၌ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးသံတမန် ဂျူလီ ဘစ်ရှော့ နှင့်တွေ့ဆုံခဲ့ပြီး နယ်စပ်တည်ငြိမ်ရေး၊...

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်အနေဖြင့်အလေးထားဆောင်ရွက်နေဟု တပ်ချုပ်ပြော

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်အနေဖြင့်အလေးထားဆောင်ရွက်နေသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆွေးနွေးပြောကြားသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၂၆ ရက်နံနက်ပိုင်းက မနက်ဖြန် မတ်...

တပ်မတော်နေ့အခမ်းအနားတက်ရောက်မည့် ဗိုလ်ချုပ်ကြီးသိန်းစိန်အပါအဝင် အငြိမ်းစားတပ်မတော်အရာရှိကြီးများကို တပ်ချုပ်နှင့်ဇနီးတို့ဦးဆောင်၍...

နေပြည်တော်၌ မနက်ဖြန် မတ် ၂၇ ရက်တွင်ကျင်းပမည့် နှစ်(၈ဝ)ပြည့် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်မည့် ဗိုလ်ချုပ်ကြီးသိန်းစိန်အပါအဝင် အငြိမ်းစားတပ်မတော်အရာရှိကြီးများအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊...

ရွှေတံဆိပ်ဆုရှင် လက်ရွေးစင်ကစား သမားဟောင်း ဒေါ်စန်းယုနိုင်ကို...

ယခုနှစ် ဘောလုံးရာသီအတွက်ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေသည့် ဧရာဝတီအက်ဖ်စီသည် ရွှေတံဆိပ်ဆုရှင် မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ဒေါ်စန်းယုနိုင်ကို အသင်းအတွက်လက် ထောက်နည်းပြတာဝန်ယူုင်တွယ်ရန် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း သိရသည်။ ဧရာဝတီဖက်စ်အသင်းအတွက်လက် ထောက်အမျိုးသမီးနည်းပြ ခေါ်ယူမှုသည် (၂)ဦးမြောက်...
HomeInternationalကန်-ရုရှား ဆွေးနွေးပွဲ မတိုင်မီ...

ကန်-ရုရှား ဆွေးနွေးပွဲ မတိုင်မီ ဆော်ဒီတွင် ကန်-ယူကရိန်း ဆွေးနွေး

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရအဖွဲ့က ကြားဝင်ဆောင်ရွက်ပေးသည့် စေ့စပ်ဆွေးနွေးမှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် အမေရိကနှင့် ယူကရိန်းအစိုးရ ကိုယ်စားလှယ်များသည် ဆော်ဒီအာရေဗျနိုင်ငံတွင် ဆွေးနွေးမှုများလုပ်ဆောင်လျက်ရှိသည်။

ရီယာ့ဒ်ဆွေးနွေးမှုတွင် ယူကရိန်းဘက်ကို ကိုယ်စားပြုသော ကာကွယ်ရေးဝန်ကြီး ရပ်စ်တန် အူမီရော့ဗ်က အကျိုးရလဒ်ထွက်ပေါ်သော ဆွေးနွေးမှုများ သည် တနင်္ဂနွေနေ့ ညပိုင်းတွင် အဆုံးသတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

အစောပိုင်းတွင် ယူကရိန်းသမ္မတ ဇလန်းစကီးက ရုပ်သံထုတ်ပြန်ချက်တစ်ခုတွင် ပြောဆိုရာ၌ မိမိတို့ ကိုယ်စားလှယ်အဖွဲ့သည် လုံး၀ အပြုသဘောဆောင်သော သဘောထားဖြင့် ဆောင်ရွက်နေကြောင်းနှင့် ဆွေးနွေးပွဲ စကားဝိုင်းသည် အလွန်အသုံးဝင်ပြီး ကိုယ်စားလှယ်အဖွဲ့၏ လုပ်ငန်းတာဝန်များကို ဆက်လက်လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့သည်။

မိမိတို့ အနေဖြင့် တိုက်ခိုက်မှုများ ရပ်တန့်ရေးအတွက် ရုရှားသမ္မတ ဗလာဒီမာပူတင်ထံမှ စစ်မှန်သော အမိန့်ပေးမှုမျိုး ထွက်လာအောင် လုပ်ဆောင်ရန်လိုအပ်ကြောင်း၊ စစ်ကို ဆောင်ကြဉ်းခဲ့သူသည် စစ်ကို ပြန်ရုပ်သိမ်းရမည်ဖြစ်ကြောင်း သူက ပြောကြားခဲ့သည်။

ဆွေးနွေးပွဲအစတွင် နှစ်ဖက်ကိုယ်စားလှယ်များသည် စွမ်းအင်နယ်မြေများ၊ အရေးကြီးသော အခြေခံအဆောက်အအုံများကို တိုက်ခိုက်ခြင်းမှ ကာကွယ်ရန် ဆွေးနွေးခဲ့ကြသည်ဟု အူမာရော့ဗ်က ပြောသည်။ တစ်စိတ်တစ်ပိုင်း အပစ်ရပ်စဲရေး သဘောတူညီချက်ကအမှန်တကယ် အသက်ဝင်လာရေးတွင် မော်စကိုနှင့် ကိဗ်တို့အကြား ကွဲပြားသော ကန့်သတ်ချက်များ ကို ပြောဆို နေကြခြင်းဖြင့် အငြင်းပွားဖွယ်ရာများဖြစ်နေသည်။

အမေရိကန်သံတမန် စတိဗ် ဝစ်ကော့ဖ်က ရုရှား-ယူကရိန်း စစ်ပွဲအဆုံးသတ်ရေးအတွက် အကောင်းမြင်သည်ဟု ယခု ဆွေးနွေးပွဲများ မတိုင်မီတွင် ထုတ်ဖော်ပြောဆိုခဲ့ပြီး ပူတင်သည် ငြိမ်းချမ်းရေး လိုချင်သည်ဟု သူ ယုံကြည်ကြောင်း Fox News ကို ပြောကြားခဲ့သည်။ “ဥရောပတစ်ခုလုံးကို သူလိုချင်နေတယ်လို့တော့ ကျွန်တော် မမြင်ပါဘူး” ဟု ဝစ်ကော့ဖ်က ဆက်လက် ပြောဆိုခဲ့သည်။

ရုရှားနှင့် အမေရိကန်ကိုယ်စားလှယ်များသည် တနင်္လာနေ့၌ ရီယာ့ဒ်တွင် သီးခြား တွေ့ဆုံဆွေးနွေးကြမည်ဖြစ်သည်။

ယင်းအတောအတွင်း ယူကရိန်းအပေါ် ရုရှား၏ ညပိုင်း ဒရုန်းတိုက်ခိုက်မှုများကြောင့် လူ ၇ ဦးထက်မနည်း ‌ေ-သဆုံးခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုများ မတိုင်မီတွင် နိုင်ငံအပေါ် ရုရှား၏ တိုက်ခိုက်မှုများ ရပ်တန့်ရန် ဖိအားပေးရေး အနောက်နိုင်ငံမဟာမိတ်များကို ဇလန်းစကီးက တိုက်တွန်းခဲ့သည်။

Ref: အယ်ဂျာဇီးယား

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဂျယ်ရှန်ကာနှင့်ကုလသမဂ္ဂအထူးကိုယ်စားလှယ်ဂျူလီဘစ်ရှော့တို့တွေ့ဆုံ

မတ် ၂၆ အိန္ဒိယပြည်ပရေးရာဝန်ကြီး ဂျယ်ရှန်ကာ သည် အင်္ဂါနေ့တွင် ဒေလီမြို့၌ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ အထူးသံတမန် ဂျူလီ ဘစ်ရှော့ နှင့်တွေ့ဆုံခဲ့ပြီး နယ်စပ်တည်ငြိမ်ရေး၊ ဒုက္ခသည်အခြေအနေ၊ နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများနှင့် စီးပွားရေးဆိုင်ရာ အထောက်အပံ့များ ပေးအပ်နိုင်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံစဉ်အတွင်း ဂျယ်ရှန်ကာနှင့်ဂျူလီဘစ်ရှော့တို့သည် နိုင်ငံရေး အခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။ ဂျယ်ရှန်ကာ က “မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် ဂျူလီ ဘစ်ရှော့ နဲ့ ယနေ့ညနေပိုင်းမှာ ဒေလီမှာ တွေ့ဆုံရတာ ဝမ်းမြောက်မိပါတယ်။ နယ်စပ်တည်ငြိမ်ရေး၊ ဒုက္ခသည် အခြေအနေ၊...

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်အနေဖြင့်အလေးထားဆောင်ရွက်နေဟု တပ်ချုပ်ပြော

နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်အနေဖြင့်အလေးထားဆောင်ရွက်နေသည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဆွေးနွေးပြောကြားသည်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ မတ် ၂၆ ရက်နံနက်ပိုင်းက မနက်ဖြန် မတ် ၂၇ ရက်တွင်ကျင်းပမည့် နှစ်(၈၀)ပြည့် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတက်ရောက်ရန် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ ခေတ္တတည်းခိုနေထိုင်လျက်ရှိသည့် အငြိမ်းစားတပ်မတော်အရာရှိကြီးများနှင့်ဇနီးများအား ဂါရဝပြုတွေ့ဆုံနှုတ်ဆက်စဥ် ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။ တပ်မတော်၏ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်လျက်ပြီး စွမ်းရည်စွမ်းပကားမြင့်မားစေရေးအတွက် မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအတွက် တပ်မတော်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိကာ နစက အနေဖြင့် နိုင်ငံတော်ဘက်စုံဖွံဖြိုးတိုးတက်ရန်ဆောင်ရွက်လျက်ရှိသည်ဟု ဆွေးနွေးပြောကြားသည်။ ထို့ပြင် တစ်မျိုးသားလုံး ပညာရည်မြင့်မားရေးအတွက် ပညာရေးကိုအားပေးမြှင့်တင်ဆောင်ရွက်လျက်ရှိကာ ကျောင်းပညာရေးအပြင် ကျောင်းပြင်ပပညာရေးနှင့်...

တပ်မတော်နေ့အခမ်းအနားတက်ရောက်မည့် ဗိုလ်ချုပ်ကြီးသိန်းစိန်အပါအဝင် အငြိမ်းစားတပ်မတော်အရာရှိကြီးများကို တပ်ချုပ်နှင့်ဇနီးတို့ဦးဆောင်၍ ဂါရဝပြုကန်တော့

နေပြည်တော်၌ မနက်ဖြန် မတ် ၂၇ ရက်တွင်ကျင်းပမည့် နှစ်(၈ဝ)ပြည့် တပ်မတော်နေ့အခမ်းအနားသို့ တက်ရောက်မည့် ဗိုလ်ချုပ်ကြီးသိန်းစိန်အပါအဝင် အငြိမ်းစားတပ်မတော်အရာရှိကြီးများအား နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇနီးတို့ဦးဆောင်၍ ဂါရဝပြုကန်တော့ခဲ့ကြသည်။ အဆိုပါ အငြိမ်းစားတပ်မတော်အရာရှိကြီးများအား ဂါရဝပြုကန်တော့ပွဲအခမ်းအနားအား ယနေ့ မတ် ၂၆ ရက်မွန်းလွဲပိုင်းက နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်ခန်းမဆောင်၌ကျင်းပရာ အငြိမ်းစားတပ်မတော်အရာရှိကြီး(၁၅)ဦးနှင့် ဇနီး(၆)ဦးတို့ကန်တော့ခံတက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ လွတ်လပ်ရေးရရှိပြီးသည့်အချိန်မှစတင်၍ တပ်မတော်သည်တိုင်းပြည်အတွက်ဖြစ်ရမည်ဆိုသည့်စိတ်ဖြင့် အစဉ်အလာများကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်လျက်ရှိကာ တပ်မတော်သည် နိုင်ငံ၏ အစိတ်အပိုင်းတစ်ခု ဖြစ်သကဲ့သို့ တပ်မတော်သားများသည်လည်း ပြည်သူလူထု၏အစိတ်အပိုင်းများဖြစ်ရာ ပြည်သူလူထု၏အကျိုး၊ နိုင်ငံတော်၏အကျိုးကိုတာဝန်ယူဆောင်ရွက်ရမည်ဟု...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071