ကဗျာဆရာဟူသည်မှာ စကား လုံးအလုပ်သမားဖြစ်သည်။ သူသည် စကားလုံးများကို အဓိပ္ပာယ် တစ်ခုဖြစ်လာအောင် တည်ဆောက် သည်။ သူ၏ တည်ဆောက်ဖန်တီးမှု သည် သူ၏ အနုပညာပင်ဖြစ်သည်။
ကဗျာတစ်ပုဒ်ကို ဖတ်ရသော အခါ ဘာကိုဆိုလိုမှန်း ရုတ်တရက် မသိနိုင်သော အခြေအနေကို ကြုံရ တတ်သည်။ ထို့အတူ ကဗျာတစ်ပုဒ် ကိုဖတ်ရပြီး ဒက်ခနဲ ဘာဆိုလိုမှန်း တန်းသိလိုက်ရသော အခြေအနေ လည်း ရှိသည်။ နောက်ထပ်တစ်ခုရှိ သေးသည်။ ကဗျာတစ်ပုဒ်ကိုဖတ်ပြီး ဒီလိုအဓိပ္ပာယ်ရှိနေသလိုလို၊ မဟုတ် သေးဘူး။ ဟိုလိုအဓိပ္ပာယ်ရှိနေသလို လို၊ အဆုံး၌မည်သည့်အဓိပ္ပာယ်ဟု ယတိပြတ်ပြော၍ မရနိုင်သောအခြေ အနေကိုလည်း ကြုံရတတ်ပါသည်။
ကဗျာဆရာသည် စကားလုံး အလုပ်သမားဟု ဦးစွာဆိုခဲ့ပါသည်။ သူသည် စကားလုံးများဖြင့် အဓိ ပ္ပာယ်တစ်ခုကို တည်ဆောက်ပြီး သူ ၏ တည်ဆောက်ထားသော အဆောက်အအုံထဲသို့ စာဖတ်သူက ဝင်ရောက်ကြည့်ရှုနိုင်ခွင့်ရှိပါသည်။ မြို့တော်ကြီးတမျှ ကြီးကျယ်ခမ်းနား စွာ ဖန်တီးထားသော စကားလုံးများ ကို ဖတ်ရှုနိုင်ပါသည်။ ရွာငယ်ဇနပုဒ် ကလေးတစ်ခုလို ရိုးရှင်းစွာဖန်တီး ထားသော စကားလုံးများကိုလည်း ဖတ်ရှုနိုင်ပါသည်။ ရှေးဟောင်းမြို့ ပျက်ကြီးတစ်ခုလို စာဖတ်သူကို အံ့ သြစေမည့် စကားလုံးများကိုလည်း ဖတ်ရှုနိုင်ပါလိမ့်မည်။ မျက်စိတစ်ဆုံး စိမ်းလန်းနေသော လယ်ခင်းယာခင်း များလို မြင်ကွင်းမျိုးကိုလည်း ကြုံ တွေ့နိုင်ပါသည်။
ကဗျာဆရာတစ်ယောက်တွင် အပိုင်းအခြား (၃)ခု သို့မဟုတ် ခေတ် (၃)ခေတ် ရှိနိုင်သည်ဟု ဆိုချင်ပါ သည်။ ယင်းမှာ (၁) ချစ်မေတ္တာစိတ်ြ<ွကယ်ဝသောခေတ် (၂) ရင့်ကျက် တည်ငြိမ်သောခေတ် (၃) သံဝေဂပွား ၍ ဒဿနဆင်ခြင်သောခေတ်တို့ဖြစ် ပါသည်။ ယင်းသည် အသက်အရွယ် နှင့် ဘဝအတွေ့အကြုံအရ တစ်ဦးနှင့် တစ်ဦး ရှေ့နောက်အစီအစဉ်တူချင် မှ တူနိုင်ပါလိမ့်မည်။ ယေဘုယျအား ဖြင့်မူ ထိုအတိုင်းပင် ဖြစ်ပါသည်။
မှော်ဝင်လရောင်၏ ကဗျာများ ကို ဖတ်ရှုကြည့်သောအခါ သူသည် စကားလုံးများကိုအသုံးပြု၍ အဓိပ္ပာယ် တည်ဆောက်ရန် ကြိုးစားနေပြီး သူ၏ အဆောက်အအုံထဲ၌ နီနီစွေး စွေး နှင်းဆီကလေးတစ်ပွင့်ကို မြင်ရ သည်ဟု ဆိုချင်ပါသည်။
ထိုနှင်းဆီကလေးတစ်ပွင့်သည် မိုင်ပေါင်းများစွာ အဝေးမှ သူ၏ ရနံ့ ကို ဖွဖွကလေး ဆောင်ကြဉ်းလာခဲ့ သလိုပင်ဖြစ်ပါသည်။ ဖတ်ရှုခံစား ကြည့်ပါဘိ။
ကျွန်တော်သည် အထက်ပါ အတိုင်း အမှာစာတိုကလေး ရေးပေး ခဲ့သည်။ ညီငယ်ကဗျာဆရာတစ် ယောက်အတွက်ဖြစ်သည်။ ယင်း သည် ကျွန်တော်၏ အလုပ်တစ်ခု လည်းဖြစ်ပါသည်။
ချစ်ခင်စွာဖြင့်
နေမျိုး