ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ် ဗဟိုလမ်းထောင့်ရှိ နေအိမ်တစ်လုံးတွင် ယမန်နေ့ နိုဝင်ဘာ ၃၀ ရက်ည ၉ နာရီ ၄၀ မိနစ်ခန့်က နှစ်ထပ်နေအိမ်မီးလောင်မှုဖြစ်တွင် ေ-သဆုံးနေသည့်အမျိုးသားတစ်ဦး၏ရုပ်အလော-င်းအား ယနေ့ ဒီဇင်ဘာ ၁ ရက်နံနက်ပိုင်းကရှာဖွေတွေ့ရှိခဲ့ကြောင်း အခင်း ဖြစ်နေရာအနီးနေသူများထံမှ သိရသည်။
ကမာရွတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ရတနာမြိုင်လမ်းနှင့် ဗဟိုလမ်းထောင့်ရှိ နှစ်ထပ်နေအိမ်တွင် မီးလောင်မှုဖြစ်ပွား၍ ကမာရွတ်မြို့နယ်မီး သတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များနှင့် အနီးဝန်းကျင်နေသူများက ပူးပေါင်းငြှိမ်းသတ်ခဲ့ကြသဖြင့် ည ၁၀ နာရီ ၃ မိနစ်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။
” မီးလောင်မှုဖြစ်ပြီးတော့ အပျက်အစီးတွေကိုရှင်းလင်းနေချိန်မှာ ေ-သဆုံးနေတဲ့အမျိုးသားတစ်ယောက်ရဲ့ ရုပ်အလေ-ာင်းကို တာဝန်ရှိတဲ့သူတွေကရှာတွေ့ခဲ့တာပါ။ မီးလောင်မှုဖြစ်တဲ့အချိန်မှာလည်း အသေးစားထိခိုက်ဒဏ်ရာရတဲ့လူနဲ့ မီးခိုးမွှန်တဲ့လူ(၇)ယောက်လောက်ရှိတယ်။ ကြက်ခြေနီအဖွဲ့ကလာပြီး ကုသပေးတာတွေလုပ်ပေးတာတွေ့တယ်”ဟု အခင်းဖြစ်နေရာအနီးနေသူတစ်ဦးက ပြောသည်။
မီးငြိမ်းသွားပြီးချိန်၌ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းဝင်များနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အပျက်အစီးများအားရှင်းလင်းဖယ်ရှားစဉ် သွပ်ပြားများအောက်မှ အသက်(၃၀) နှစ်ကျော်ခန့်ရှိ အမျိုးသားတစ်ဦး၏ရုပ်အလေ-ာင်းကို ရှာဖွေတွေ့ရှိခဲ့ကြကြောင်း သိရသည်။
ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများက ရုပ်အလေ-ာင်းအား စစ်ဆေးမှုများပြုလုပ်ပြီးနောက် အသေးစိတ်စစ်ဆေးမှုများပြုလုပ်နိုင်ရန် ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။