ယမန်နေ့ မတ်လ(၂၈)ရက် မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့သည့် ငလျင်ဖြစ်စဉ်အတွက် သက်သာခြင်းမရှိသော အခြေအနေတွင်ရှိကြသူများ နှင့် အတူရပ်တည်လျက်ရှိသည်ဟု မန်ချက်စတာယူနိုက်တက်အသင်းက အသိပေးထားသည်။
မန်ချက်စတာယူနိုက်တက်အသင်း၏ အသိပေးချက်တွင် “The hearts of everyone at Manchester United are with those affected by the earthquake in Myanmar. Sending love and strength to you all.”ဟု ရေးသားဖော်ပြထားသည်။
ထို့အပြင် ဘရန်ဖို့ဒ်နှင့် ပြင်သစ်ထိပ်သီး PSG ကလပ်၊ စသည့်အသင်းများက လည်း မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သည့် အင်အားပြင်း ငလျင်ဘေးဒဏ်ခံရသူ နိုင်ငံသားများအတွက် ဆုတောင်းပေးထားသည်ကို၎င်းတို့၏ လူမှုကွန်ရက် စာမျက်နှာတွင် ရေးသားမျှဝေထားသည်ကို တွေ့ရသည်။