ကမ္ဘာတစ်ဝန်းမှ အကူအညီလိုအပ်နေသည့် ကလေ-းသူငယ်များအား လှူဒါန်းနိုင်ရန်ရည်ရွယ်၍ အပြည်ပြည်ဆိုင်ရာဈေးရောင်းပွဲတော်တွင် မြန်မာ့ရိုးရာ အဝတ်အထည်များနှင့် လက်မှုပစ္စည်းများကို ပါဝင်ရောင်းချခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဗီယင်နာအခြေစိုက် ကုလသမဂ္ဂအမျိုးသမီးများအသင်း (UNWG)က ကြီးမှူးကာ နိုဝင်ဘာ (၃၀)ရက်က ဩစတြီးယားစင်တာ၌ ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ ဈေးရောင်းပွဲတော်တွင် ဗီယင်နာမြို့ရှိ မြန်မာသံရုံး/အမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးမှ ပါဝင်ဆင်နွှဲခဲ့ကြောင်း သိရသည်။
အဆိုပါ ဈေးရောင်းပွဲတော်တွင် မြန်မာသံရုံး/အဖွဲ့ရုံးသည် ဗီယင်နာမြို့အခြေစိုက် အခြားအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးများနှင့် အဖွဲ့အစည်းများနှင့်အတူ ကမ္ဘာ့တစ်ဝန်းရှိ အကူအညီ လိုအပ်နေသည့် ကလေ-းသူငယ်များအား လှူဒါန်းနိုင်ရန်အတွက် မြန်မာ့ရိုးရာ အဝတ်အထည်များနှင့် လက်မှု ပစ္စည်းများကို ရောင်းချခဲ့ကြောင်း သိရသည်။
ထို့ပြင် နိုင်ငံများအလိုက် ကမ္ဘာ့ဝတ်စား ဆင်ယင်မှုပြပွဲနှင့်ရိုးရာအကဖျော်ဖြေပွဲများတွင်လည်း ပါဝင်တင်ဆက်ပြသခဲ့ကြောင်း သိရသည်။
UNWG သည် ကမ္ဘာတစ်ဝန်းရှိ အကူအညီလိုအပ်နေသည့် အမျိုးသမီးနှင့် ကလေ-းသူငယ်များအား အကူအညီပေးအပ်ရေး အစီအစဉ်များ၊ ပညာရေးနှင့် မရှိမဖြစ်လိုအပ်မှုများကို ဖြည့်ဆည်းပေးနိုင်ရန် ရန်ပုံငွေ ရှာဖွေပေးသည့် အဖွဲ့အစည်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အဖွဲ့မှ ဩစတြီးယားနှင့် အခြားနိုင်ငံတကာအဖွဲ့အစည်းများနှင့် မိတ်ဖက်ပူးပေါင်း၍ ဒေသတွင်းနှင့် ကမ္ဘာ့အရပ်ရပ်ရှိ လှူဒါန်းမှုများကို ကူညီပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။