ကမ္ဘာအေးဘုရားလမ်းမကြီးပေါ်ရှိ လူကူးခုံးကျော်တံ တားပေါ်မှ အမျိုးသားကြီးတစ်ဦးခုန်ချ၍ ထိခိုက်ဒဏ်ရာရ
ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်၊ ၉ ရပ်ကွက်၊ကမ္ဘာအေးဘုရားလမ်းမကြီးပေါ်ရှိ လူကူးခုံးကျော်တံတားပေါ်မှ သြဂုတ် ၂၅ ရက်(ယနေ့)နံနက်ပိုင်းက ခုန်ချခဲ့ခြင်းဖြစ်ကြောင်း မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်းမှ သိရသည်။
ယနေ့နံနက် ၁၁ နာရီခွဲကျော်ခန့်က ဂမုန်းပွင့်ကုန် တိုက်အရှေ့ရှိ လူကူးခုံးကျော်တံတားပေါ်မှ ဦးစိုင်းမြင့်မိုး(၅၈)နှစ်သည် ခုန်ချ၍သေကြောင်းကြံစည်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ခုန်ချခဲ့သဖြင့် အမျိုးသားကြီးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့် မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်း၏ လူနာတင်ကားဖြင့် မြောက်ဥက္ကလာဆေးရုံကြီး ပို့ဆောင်ခဲ့ရကြောင်း သိရသည်။
“အခုချိန်ထိ ကျွန်တော်တို့ဆေးရုံမှာပဲရှိသေးတယ် မိသားစုနဲ့အဆက်အသွယ်မရသေးဘူး ဒါ့ကြောင့် လိုအပ်တာတွေဆက်လုပ်ပေးနေရတာပေါ့ ခုန်ချရတဲ့အကြောင်းကိုမေးကြည့်တော့ စိတ်ညစ်လို့လို့ပဲပြောတယ်”ဟု မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်းမှ ကိုလွင်မောင်ကပြောသည်။
Photo-မြန်မာ့ကြယ်ဖြူလူမှုကူညီရေးအသင်း