နိုဝင်ဘာ ၂၀ ရက်တွင် စတင်မည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကာတာနိုင်ငံသို့ သွားရောက်မည့် ဘောလုံးပရိသတ်များသည် နိုင်ငံတွင်းသို့ ဝင်ရောက်ရန်အတွက် ကိုဗစ်စည်းကမ်းများကိုပွဲစီစဉ်သူများက အတည်ပြုထုတ်ပြန်ထားပြီဖြစ်သည်။
နိုင်ငံတွင်းသို့ ဝင်ရောက်မည့်သူများသည်လွန်ခဲ့သော ၄၈နာရီအတွင်း စမ်းသပ်ထားသည့် PCR စစ်ဆေးချက်ရလဒ်ကို ပြသရမည်။
အသက် ၁၈ နှစ်အထက် နိုင်ငံတကာ ဧည့်သည်များအားလုံးသည်ကူးစက်မှုအခြေအနေကို ခြေရာခံသည့် ဖုန်းအက်ပလီကေးရှင်း Ehteraz ကို ဒေါင်းလုဒ်လုပ်ရမည်ဖြစ်သည်။
ကိုဗစ်လက္ခဏာများမပြပါက ကာတာတွင် နောက်ထပ်စစ်ဆေးမှုများမလိုအပ်ပါ။မြို့တော်ဒိုဟာနှင့် အနီးတစ်ဝိုက်ရှိ အားကစားကွင်း ရှစ်ခုနှင့်အများသုံး သယ်ယူပို့ဆောင်ရေးယာဥ်များတွင် နှာခေါင်းစည်းများ ဝတ်ဆင်ထားရမည်ဖြစ်သည်။
Source: Aljazeera