ကမ္ဘာ့ဖလား သမိုင်းတစ်လျောက် ပထမဆုံး ၅ ကြိမ်ဆက် ဂိုးသွင်းနိုင်သူအဖြစ် ပေါ်တူဂီ တိုက်စစ်မှုး စီရော်နယ်လ်ဒို မှတ်တမ်း၀င်သွားပြီ ဖြစ်ပါတယ်။
စီရော်နယ်ဒယ်လ်ဒိုဟာ ဂါနာအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ရရှိလာတဲ့ ပင်နယ်တီ ပြစ်ဒဏ်ဘောကို သေသေသပ်သပ် သွင်းယူနိုင်ခဲ့ပြီး အဆိုပါ စံချိန်ကို ရရှိခဲ့တာဖြစ်ပါတယ်။
စီရော်နယ်လ်ဒိုဟာ ၂၀၀၆၊ ၂၀၁၀၊ ၂၀၁၄၊ ၂၀၁၈ နဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ၅ နှစ်ဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလား သမိုင်းတလျောက် ၅ ကြိမ်ဆက် ပထမဆုံး ဂိုးသွင်းနိုင်တဲ့သူဖြစ်လာပြီး သူရဲ့ ဒီစံချိန်ကို လိုက်မှီဖို့ဆိုတာ တော်တော်လေးကို ခက်ခဲမှာဖြစ်ပါတယ်။