ကမ္ဘာ့အဆင့်သတ်မှတ်ချက်(၁၁)ဆင့်ကွာခြားနေသည့် အာဖဂန်နစ္စတန်အသင်းကို မြန်မာအသင်း (၂)ဂိုး (၁)ဂိုးဖြင့်အနိုင်ရလဒ်ထွက်ပေါ်ခဲ့ပြီးဖြစ်သည်။
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ၂၀၂၇ အာရှဖလားခြေစစ်ပွဲ တတိယအဆင့်အုပ်စု(င) ပွဲစဉ်ကို ယနေ့ မတ်လ (၂၅)ရက် ညနေ (၅)နာရီအချိန်၌ မြန်မာ- အာဖဂန်နစ္စတန်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြခြင်းဖြစ်သည်။
ယနေ့ ပွဲစဉ်အတွင်း ပထမပွဲပြီးချိန်၌ တစ်ဖက်(၁)ဂိုးစီ သွင်းယူထားနိုင်ကြပြီး၊ ဒုတိယပိုင်း ပွဲချိန်အပြီးတွင် မြန်မာအသင်းက နောက်ထပ်သွင်းဂိုး (၁)ဂိုးသွင်းယူကာ အနိုင်ရရှိခဲ့သည်။
အာဖဂန်နစ္စတန်အသင်းသည် ကမ္ဘာ့အဆင့်သတ်မှတ်ချက် (၁၅၆)အဆင့်တွင်ရပ်တည်နေပြီး၊ မြန်မာအသင်းအနေဖြင့် (၁၆၇)အဆင်တွင် ရပ်တည်နေခြင်းဖြစ်သည်။
မြန်မာ့လက်ရွေးစင်အသင်း ပွဲထွက် ကစားသမားစာရင်းတွင် ဟိန်းဖြိုးဝေ၊ စိုးမိုးကျော် ၊ နန္ဒကျော်၊ ကျော်မင်းဦး၊ လွင်မိုးအောင်၊ သန်းပိုင်၊ သီဟဇော်၊ မောင်မောင်လွင်၊ သီဟထက်အောင်၊ ဟိန်းထက်အောင်၊ ဇင်ညီညီအောင်(ဂိုး) တို့ ပါဝင်ခဲ့သည်။
မြန်မာအသင်းအနေဖြင့် ယနေ့ ပြိုင်ပွဲမတိုင်မီခြေစမ်းပွဲအဖြစ် မြန်မာနေရှင်နယ်လိဂ်ကလပ်များ၌ လာရောက်ကစားနေသည့် နိုင်ငံခြားသားကစားသမားများကို MNL ALL STAR အသင်းအဖြစ် တစ်သင်းဖွဲ့၍ ခြေစမ်းပွဲကစားခဲ့ကြရာ မြန်မာလက် ရွေးစင်အသင်းက (၆)ဂိုး(၁)ဂိုးဖြင့် အနိုင် ရရှိခဲ့သည်။
ထို့အတူ မြန်မာ ယူ-၂၂ လက်ရွေးစင်အသင်းဖြင့် ခြေစမ်းကစားခဲ့ရာတွင်လည်း (၁)ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သေးသည်။