Wednesday, April 2, 2025

မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း ငွေကျပ် သိန်း...

မန္တလေးပြည်သူ့ဆေးရုံကြီး၌ ကျန်းမာ ရေးစောင့်ရှောက်မှုများခံယူနိုင်စေရန် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း ငွေကျပ်သိန်း (၁,၁၀၀) ယမန်နေ့ နံနက်ပိုင်းက သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ လှူဒါန်ပေးမှုသည် ရန်ကုန်ယူနိုက်တက်အသင်း၏ အသင်းအုပ်ချုပ်သူ၊...

ငလျင်ဒဏ်ခံစားနေရသည့် မြန်မာနိုင်ငံပြည်သူများအတွက် ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို...

ငလျင်ဒဏ်ခံစာနေရသည့် မြန်မာနိုင်ငံပြည်သူများအတွက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ) ဥက္ကဋ္ဌ အင်ဖန်တီနိုနှင့် အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ​ ရှိတ်ဆာလ်မန်ဘင် အီဗရာဟင် ခါလီဖာတို့က ဝမ်းနည်းကြောင်း သဝဏ်လွှာများပေးပို့ခဲ့ကြောင်း...

နီပွန်ဖောင်ဒေးရှင်းကငလျင်အတွက် ဒေါ်လာ၃သန်းဖိုးကူညီထောက်ပံ့မည်

       ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းက မြန်မာငလျင်ဘေးအတွက် ဒေါ်လာ ၃ သန်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း မတ်လ ၃၁ ရက်‌နေ့တွင် ကြေညာခဲ့ပြီး မြန်မာနိုင်ငံနှင့် အနီးတစ်ဝိုက်တွင်...

ငလျင်ဒဏ်သင့် မြန်မာများ အစားအစာ၊ ရေနှင့်...

မြန်မာနိုင်ငံတွင် မူကြိုကလေးငယ် ၅၀ အပါအဝင် လူပေါင်း ၂,၇၀၀ ကျော်(ဧပြီ ၁ ရက် ညနေပိုင်းတွင် ၃,၀၀၀ နီးပါးရှိလာ) သေဆုံးခဲ့ပြီဖြစ်သော...
HomeNewsLocal Newsကမ္ဘောဇဘဏ်မှ ငလျင်ဒဏ်သင့် ဒေသများသို့...

ကမ္ဘောဇဘဏ်မှ ငလျင်ဒဏ်သင့် ဒေသများသို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အရေးပေါ်ဆောင်ရွက်လျက်ရှိ

ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် နေရာဒေသများသို့ ကမ္ဘောဇဘဏ်ခွဲများမှ ဝန်ထမ်းများနှင့် အခြား ငလျင်ဘေးသင့်ဒေသများအတွက် လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အချိန်နှင့်တပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် ကမ္ဘောဇဘဏ် နာယကကြီး ဦးအောင်ကိုဝင်း ဦးဆောင်သော ကမ္ဘောဇဘဏ်အဖွဲ့ဝင်များမှ ငလျင်လှုပ်ခတ်ပြီးသည်နှင့် တပြိုင်နက် နေ့လယ် (၂) နာရီအချိန်တွင် တောင်ကြီးမြို့၊ သစ်တောရပ်၊ ကားလေးကွင်းအတွင်း ငလျင်လှုပ်ခတ်မှုကြောင့် ကျောက်တုံးပိကာ လူနေဆိုင်ခန်းများ ပျက်စီးဆုံးရှုံးခဲ့မှုများကို ကိုယ်တိုင်သွားရောက် ကြည့်ရှုပြီး ဒဏ်ရာရရှိသူများအတွက် တစ်ဦးလျှင် ငွေကျပ် (၅၀၀၀၀၀) စီ ထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ထို့ပြင် ရှမ်းပြည်တောင်ပိုင်း၊ ရွှေညောင်တိုက်နယ်ဆေးရုံသို့ သွားရောက်ပြီး ဆရာဝန်များ၊ ဝန်ထမ်းများနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ကူညီကယ်ဆယ် ထောက်ပံ့လှူဒါန်းပေးခဲ့ပြီး အောင်ပန်းမြို့၊ ဟိုတယ်အောင်ပန်းရှိ ကယ်ဆယ်ရေးအဖွဲ့ထံ အလှူငွေကျပ် သိန်း (၁၀၀)၊ ထမင်းထုပ်များနှင့် အရေးပေါ် ကူညီကယ်ဆယ်ရေး ပစ္စည်းအပြည့်အစုံတို့ကို ဆက်လက် ပံ့ပိုးလှူဒါန်းပေးခဲ့ကြောင်း ထုတ်ပြန်သည်။

အလားတူ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော အောင်ပန်းမြို့ရှိ ဟိုတယ်အောင်ပန်းသို့ သွားရောက်၍ ကူညီကယ်ဆယ်ရေးလုပ်ငန်းများအား ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် ယနေ့ မတ်လ(၂၉) ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) အင်းလေးဒေသသို့ ကိုယ်တိုင် ဆက်လက်သွားရောက်ပြီး လိုအပ်သည့် ကူညီကယ်ဆယ်ထောက်ပံ့ရေး လုပ်ငန်းများကို အချိန်နှင့် တပြေးညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း ငွေကျပ် သိန်း (၁,၁၀၀) ကျပ် လှူဒါန်း

မန္တလေးပြည်သူ့ဆေးရုံကြီး၌ ကျန်းမာ ရေးစောင့်ရှောက်မှုများခံယူနိုင်စေရန် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်း ငွေကျပ်သိန်း (၁,၁၀၀) ယမန်နေ့ နံနက်ပိုင်းက သွားရောက်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။ အဆိုပါ လှူဒါန်ပေးမှုသည် ရန်ကုန်ယူနိုက်တက်အသင်း၏ အသင်းအုပ်ချုပ်သူ၊ နည်းပြ၊ ကစားသမားများ နှင့် မိတ်ဖက်အဖွဲ့အစည်းများမှ မတည်ပါဝင်လှူဒါန်းခဲ့သည့် ပမာဏတစ်ခုဖြစ်ကြောင်း အသင်းက အသိပေးထုတ်ပြန်သည်။ ယင်း လှူဒါန်းမှုဖြင့် မန္တလေးတိုင်းဒေသကြီးအတွင်း ငလျင်ဒဏ်သင့်ပြည်သူများကျန်းမာရေစောင့်ရှောက်မှုများခံယူနိုင်စေရန်နှင့် ပြန်လည်ထူထောင်ရေးလုပ် ငန်းများအသုံးပြုနိုင်ရန် ရည်ရွယ်လှုဒါန်းခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ငလျင်ဒဏ်ခံစားနေရသည့် မြန်မာနိုင်ငံပြည်သူများအတွက် ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနို ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့

ငလျင်ဒဏ်ခံစာနေရသည့် မြန်မာနိုင်ငံပြည်သူများအတွက် ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ်(ဖီဖာ) ဥက္ကဋ္ဌ အင်ဖန်တီနိုနှင့် အာရှဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ​ ရှိတ်ဆာလ်မန်ဘင် အီဗရာဟင် ခါလီဖာတို့က ဝမ်းနည်းကြောင်း သဝဏ်လွှာများပေးပို့ခဲ့ကြောင်း သိရသည်။ ထို့အပြင် နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ်များဖြစ်သည့် ဗီယက်နမ်၊ ဘင်္ဂလားဒေရှ့်၊ ထိုင်း၊ အင်ဒိုနီးရှား၊ နီပေါ၊ မြောက်မာရီယားနား နိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌများကလည်း ဝမ်းနည်းခြင်း သဝဏ်လွှာများ အသီးသီးပေးပို့ခဲ့ကြကြောင်း သိရသည်။ လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများအား စာနာထောက်ထားမှုဖြင့် ပေးပို့လာသော ဝမ်းနည်းခြင်း သဝဏ်လွှာများအတွက် ငလျင်ဘေးသင့် ပြည်သူများကိုယ်စား မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ကျေးဇူးအထူး တင်ရှိကြောင်း...

နီပွန်ဖောင်ဒေးရှင်းကငလျင်အတွက် ဒေါ်လာ၃သန်းဖိုးကူညီထောက်ပံ့မည်

       ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်းက မြန်မာငလျင်ဘေးအတွက် ဒေါ်လာ ၃ သန်း ထောက်ပံ့သွားမည်ဖြစ်ကြောင်း မတ်လ ၃၁ ရက်‌နေ့တွင် ကြေညာခဲ့ပြီး မြန်မာနိုင်ငံနှင့် အနီးတစ်ဝိုက်တွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ခံခဲ့ရသူတိုင်းအတွက် ဝမ်းနည်းကြေကွဲရကြောင်း ပြောကြားခဲ့သည်။            မြန်မာနိုင်ငံကို ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ခဲ့သော ဒေသများအတွက် အစားအသောက်၊ ဆေးဝါးများ အပါအဝင် အမေရိကန်ဒေါ်လာ ၃ သန်းနှင့်ညီမျှသော အရေးပေါ်အကူအညီများထောက်ပံ့ရန် ဆုံးဖြတ်ခဲ့သည်ဟု ဖောင်ဒေးရှင်းက ဆိုသည်။       ရန်ကုန်မြို့ရှိ နီပွန်ဖောင်ဒေးရှင်း မြန်မာဆက်ဆံရေးရုံးနှင့် ညှိနှိုင်းကာ လိုအပ်နေသော ဒေသများသို့ အကူအညီပစ္စည်းများ အမြန်ပို့ဆောင်ရန် ရည်ရွယ်ထားသည်ဟုလည်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071