ကမ္ဘောဒီးယားနိုင်ငံမှ မဟာသံဃာ့ရာဇာနှင့် သာသနာပိုင်ဆရာတော်ကြီး ဆမ်ဒက် ပရယ် မဟာ သုမေဓာဓိပတိ ကိတ္တိ ဥဒ္ဒေသ ပဏ္ဍိတ နွန်ငိတ်အား ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်စိုးမင်းက ၂၀၂၅ ခုနှစ်အတွက် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဖြစ်သည့် “အဘိဓဇ အဂ္ဂမ ဟာသဒ္ဓမ္မ ဇောတိက”ဘွဲ့နှင့် အဆောင်အယောင်များအား ဆက်ကပ်လှူဒါန်းခဲ့သည်။
မြန်မာနိုင်ငံအစိုးရမှ ကမ္ဘောဒီးယားနိုင်ငံမှ သာသနာပိုင်ဆရာတော်ကြီးအား ဆက်ကပ်လှူဒါန်းသည့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်အား မတ် ၁၄ ရက်က ဖနောင်ပင်မြို့ရှိ Bomonvata Rajavaram Pagoda တွင် ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ်ဟွန်မာနိုက်မှ ဆရာတော်ကြီးအပါအဝင် သံဃာတော်များအား ခမာရိုးရာအမွှေးနံ့သာရေရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားနှင့်အတူ ကျင်းပခဲ့ခြင်းဖြစ် သည်။
အခမ်းအနားတွင် မြန်မာသံအမတ်ကြီးက ဆရာ တော်ကြီးသည် ကမ္ဘောဒီးယားနိုင်ငံ၌ ဗုဒ္ဓမြတ်စွာ ဘုရား၏ ပရိယတ္တိသာသနာ၊ ပဋိပတ္တိသာသနာ၊ ပဋိဝေဓသာသနာတော်(၃)ရပ်ကို သန့်ရှင်းတည်တံ့တိုးတက်ပြန့်ပွားရေးအတွက် မနားမနေကြိုးပမ်းအားထုတ်ခဲ့ပြီး စွမ်းစွမ်းတမံဆောင်ရွက်မှုများကြောင့် ဘွဲတံဆိပ်တော် ဆက်ကပ်ပူဇော်ရခြင်းဖြစ်ကြောင်း လျှောက်ထားခဲ့သည်။
ထို့နောက် မြန်မာသံအမတ်ကြီးမှ ဆရာတော်ကြီးအား မြန်မာအစိုးရမှဆက်ကပ်လှူဒါန်းသည့် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်ဖြစ်သော “အဘိဓဇ အဂ္ဂမ ဟာသဒ္ဓမ္မ ဇောတိက”ဘွဲ့နှင့် အဆောင်အယောင်များကို ဆက်ကပ်လှူဒါန်းခဲ့သည်။