Saturday, January 11, 2025

မန္တလေးမြို့ တက္ကသိုလ်၊ ကောလိပ်များရှိ ကြက်ခြေနီအသင်းခွဲများ...

မန္တလေးမြို့ တက္ကသိုလ်၊ ကောလိပ်များရှိ ကြက်ခြေနီအသင်းခွဲများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းအတွက် တက္ကသိုလ်နှင့် ကောလိပ်များရှိ ကြက်ခြေနီအသင်းခွဲများဖြင့် တွေ့ဆုံကာ ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း (မန္တလေး)...

မီးပျက်ချိန်များသော်လည်း မီးလောင်မှုအဖြစ်များနေသည့်အတွက် မီးဘေးအန္တရာယ် အထူးသတိပြုနေထိုင်ကြရန်...

ရန်ကုန်မြို့တွင် ယခုရက်ပိုင်းအတွင်း မီးလောင်ကျွမ်းမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာရာ မီးဘေးအန္တရာယ် အထူးဂရုစိုက်ကာ သတိပြုနေထိုင်ကြရန် လိုအပ်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့နေထိုင်သူများက သုံးသပ်ပြောဆိုနေကြသည်။ ရန်ကုန်တိုင်း အပါအဝင် တိုင်းနှင့်ပြည်နယ်...

တပ်မတော်၏ နိုင်ငံ့အရေးတာဝန် ထမ်းဆောင်နေမှုများအား သမိုင်းမှတ်တမ်းကောင်းရေးထိုးနိုင်ရမည်

တပ်မတော်အနေဖြင့် စစ်မှန်သည့် အမျိုးသားရေးတာဝန်ကိုသာရှေးရှုပြီး တိုင်းပြည်နှင့်လူမျိုးအကျိုးသယ်ပိုးခဲ့သည်မှာ သမိုင်းသက်သေရှိပြီးဖြစ်သကဲ့သို့ လက်ရှိ တပ်မတော်၏ နိုင်ငံ့အရေးတာဝန်များကိုထမ်းဆောင်နေမှုများသည်လည်း သမိုင်းများပင်ဖြစ်၍ သမိုင်းမှတ်တမ်းကောင်းရေးထိုးနိုင်ရမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊...

တူညီသောပန်းတိုင်သို့ရောက်အောင် စုပေါင်းအင်အားဖြင့် အစွမ်းကုန်ချီတက်နိုင်ရန် ကြိုးစားကြရမည်ဟု...

တူညီသောပန်းတိုင်သို့ရောက်အောင် စုပေါင်းအင်အားဖြင့် အစွမ်းကုန်ချီတက်နိုင်ရန် ကြိုးစားကြရမည်ဟု ဒု-ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးသန်းဆွေက တိုက်တွန်းပြောကြားသည်။ ယမန်နေ့ ဇန်နဝါရီ ၁၀ ရက်က “အာဆီယံအတွင်း မြန်မာနိုင်ငံ၏...
HomeInternationalကမ္ဘောဒီးယားနှင့်တရုတ်တို့၏ စစ်ရေးလေ့ကျင့်မှုသည် ထိပ်တိုက်ရင်ဆိုင်ရန်မဟုတ်ဟုဆို

ကမ္ဘောဒီးယားနှင့်တရုတ်တို့၏ စစ်ရေးလေ့ကျင့်မှုသည် ထိပ်တိုက်ရင်ဆိုင်ရန်မဟုတ်ဟုဆို

ကမ္ဘောဒီးယားနှင့်တရုတ်တို့၏ စစ်ရေးလေ့ကျင့်မှုသည် နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သည့်ရည်ရွယ်ချက်သာဖြစ်ပြီး အခြားမည်သည့်နိုင်ငံကိုမှ ထိပ်တိုက်ရင်ဆိုင်ရန်မဟုတ်ကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးကပြောကြားခဲ့သည်။

“ကမ္ဘောဒီးယားနဲ့တရုတ်ကြားက စစ်ရေးပူးပေါင်းဆောင်ရွက်မှုဟာ ဒေသတွင်းနဲ့ကမ္ဘာ့နိုင်ငံများနှင့် တိုက်ခိုက်ရန်အတွက် ပြင်ဆင်လေ့ကျင့်ခြင်းမျိုးမဟုတ်ဘဲ ဒေသတွင်းလုံခြုံရေး၊တည်ငြိမ်ရေးနဲ့ ဘေးကင်းရေးအတွက် နှစ်နိုင်ငံတပ်ဖွဲ့ဝင်တွေကို အရည်အသွေးမြှင့်တင်စေချင်ရုံပါပဲ” ဟု၎င်းကပြောကြားခဲ့သည်။

နှစ်နိုင်ငံကြားစစ်ရေးပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘောဒီးယားနှင့်တရုတ်တို့၏ ကြာရှည်ရင်းနှီးချစ်ကြည်မှုအတွက် အရေးပါပြီး နှစ်ဖက်တပ်ဖွဲ့ဝင်များအနေဖြင့် မည်သို့ပင်ခက်ခဲ့သည့်အခြေအနေဖြစ်ပါစေ ပူးပေါင်းဆောင်ရွက်နိုင်အောင် ရည်ရွယ်ခြင်းသာဖြစ်သည်ဟုလည်းဆိုခဲ့သည်။

မကြာမီကျင်းပမည့်စစ်ရေးလေ့ကျင့်မှု၌ သဘာဝဘေးဒဏ်ခံရသူများအားကယ်ဆယ်ခြင်း၊ အကြမ်းဖက်အဖွဲ့များအားနှိမ်နင်းခြင်း၊မိုင်းရှင်းလင်းရေးနှင့်နှစ်နိုင်ငံပြည်သူများ၏ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများအတွက် ပူးပေါင်းဆောင်ရွက်ခြင်းများပါဝင်သည်ဟု သံအမတ်ကြီးကပြောကြားခဲ့သည်။

ယခုလေ့ကျင့်မှု၌ နှစ်ဖက်စလုံး၏ တပ်ဖွဲ့ဝင်တစ်ထောင်ကျော်ပါဝင်မည်ဟုလည်းသိရသည်။ကမ္ဘောဒီးယားနှင့်တရုတ်တို့ကြား “ရွှေနဂါးစစ်ရေးလေ့ကျင့်မှု” သည် ၂၀၁၆ ခုနှစ်ကတည်းကစတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကိုဗစ်ကြောင့်နှစ်နှစ်တာရပ်နားထားရာမှ ယခုအခါပြန်လည်ကျင်းပရန် သဘောတူညီခဲ့ကြခြင်းဖြစ်သည်။

ကမ္ဘောဒီးယားသည် တရုတ်နှင့်စစ်ရေးလေ့ကျင့်မှုအပြင် မကြာသေးမီက အိန္ဒိယနှင့်လည်း နှစ်နိုင်ငံကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် သဘောတူညီမှုပြုလုပ်ခဲ့ပြီး စစ်ရေးလေ့ကျင့်မှုပြုလုပ်ရန်ညှိနှိုင်းဆွေးနွေးခဲ့သေးကြောင်းသိရသည်။

Source : Khmer Times

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

မန္တလေးမြို့ တက္ကသိုလ်၊ ကောလိပ်များရှိ ကြက်ခြေနီအသင်းခွဲများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မည်

မန္တလေးမြို့ တက္ကသိုလ်၊ ကောလိပ်များရှိ ကြက်ခြေနီအသင်းခွဲများ ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းအတွက် တက္ကသိုလ်နှင့် ကောလိပ်များရှိ ကြက်ခြေနီအသင်းခွဲများဖြင့် တွေ့ဆုံကာ ဆွေးနွေးမှုများပြုလုပ်လျက်ရှိကြောင်း မြန်မာနိုင်ငံကြက်ခြေနီအသင်း (မန္တလေး) ထံက သိရသည်။ တက္ကသိုလ်၊ ကောလိပ်များရှိ ကြက်ခြေနီ အသင်းခွဲများဖွံ့ ဖြိုးရေးနှင့် လူငယ်ကြက်ခြေနီစေတနာလုပ်အားရှင်များ အရည်အသွေးတိုးတက်စေရန် သင်တန်းများ ဖွင့်လှစ်နိုင်ရေး ၊ ရုံးခန်းများ ဖွင့်လှစ်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ ထို့ကြောင့် ယခု ဇန်နဝါရီလ(၈)ရက်တွင် ရတနာပုံတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်(မန္တလေး)၊ သမဝါယမကောလိပ်၊ အစိုးရနည်းပညာကောလိပ်၊ ကျောက်ဆည်တက္ကသိုလ်များသို့ သွားရောက်ခဲ့ကြပြီး ယင်း တက္ကသိုလ်များ၊...

မီးပျက်ချိန်များသော်လည်း မီးလောင်မှုအဖြစ်များနေသည့်အတွက် မီးဘေးအန္တရာယ် အထူးသတိပြုနေထိုင်ကြရန် လိုအပ်

ရန်ကုန်မြို့တွင် ယခုရက်ပိုင်းအတွင်း မီးလောင်ကျွမ်းမှုများ ခပ်စိပ်စိပ် ဖြစ်ပွားလာရာ မီးဘေးအန္တရာယ် အထူးဂရုစိုက်ကာ သတိပြုနေထိုင်ကြရန် လိုအပ်နေပြီဖြစ်ကြောင်း ရန်ကုန်မြို့နေထိုင်သူများက သုံးသပ်ပြောဆိုနေကြသည်။ ရန်ကုန်တိုင်း အပါအဝင် တိုင်းနှင့်ပြည်နယ် အသီးသီးတွင် ယခုလဆန်းပိုင်းမှစတင်ကာ ပုံမှန်ထက်အချိန်လျှော့ကာ မီးအလှည့်ကျပေးနေရပြီး နိုင်ငံတစ်ဝန်း မီးပျက်ချိန် များနေခြင်း ဖြစ်သည်။ ယင်းကဲ့သို့ မီးပျက်ချိန်များနေသည့်အတွက် လျှပ်စစ်နှင့် ပတ်သက်၍ သတိလက်လွတ်အသုံးပြုမှုများကြောင့် မီးလောင်ကျွမ်းမှုများ မကြာခဏဖြစ်ပေါ်ကြရသည်ကို လေ့လာတွေ့ရှိရသည်။ ယခုရက်ပိုင်းများတွင် ရန်ကုန်နှင့် မန္တလေးအပါအဝင် ဒေသအချို့တွင် နေ့စဉ် ရက်ဆက်ဆိုသလို မီးလောင်ကျွမ်းမှုများ ဖြစ်ပေါ်နေပြီး အချို့ဖြစ်စဉ်များတွင် လူထိခိုက်‌ေ-သဆုံးမှုများပါ ရှိနေသည်ကို တွေ့ရသည်။ ပြီးခဲ့သည့်...

တပ်မတော်၏ နိုင်ငံ့အရေးတာဝန် ထမ်းဆောင်နေမှုများအား သမိုင်းမှတ်တမ်းကောင်းရေးထိုးနိုင်ရမည်

တပ်မတော်အနေဖြင့် စစ်မှန်သည့် အမျိုးသားရေးတာဝန်ကိုသာရှေးရှုပြီး တိုင်းပြည်နှင့်လူမျိုးအကျိုးသယ်ပိုးခဲ့သည်မှာ သမိုင်းသက်သေရှိပြီးဖြစ်သကဲ့သို့ လက်ရှိ တပ်မတော်၏ နိုင်ငံ့အရေးတာဝန်များကိုထမ်းဆောင်နေမှုများသည်လည်း သမိုင်းများပင်ဖြစ်၍ သမိုင်းမှတ်တမ်းကောင်းရေးထိုးနိုင်ရမည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။ ဇန်နဝါရီ ၁၀ ရက်နံနက်ပိုင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ မိတ္ထီလာတပ်နယ်နှင့် မန္တလေးတပ်နယ်တို့ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများအား နယ်မြေခံတပ်ဌာနချုပ်ခန်းမများ၌ သီးခြားစီတွေ့ဆုံအမှာစကားပြောကြားစဉ် မှာကြားခဲ့ခြင်းဖြစ်သည်။ ထိုသို့ပြောကြားစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ခေတ်အဆက်ဆက်တပ်မတော်၏ နိုင်ငံ့အပေါ်တာဝန်ထမ်းဆောင်ခဲ့မှုများ၊ ပေးအပ်လာသည့် တာဝန်များကိုကျေပွန်စွာထမ်းဆောင်ခဲ့မှုများ၊ တိုင်းပြည်နှင့်လူမျိုးအကျိုးသယ်ပိုးခဲ့သည့် သမိုင်းသက်သေများ ရှိပြီးဖြစ်ကြောင်း ပြောကြားသည်။ " အခုမိမိတို့တပ်မတော်ရဲ့ နိုင်ငံ့အရေးတာဝန်တွေကို ထမ်းဆောင်နေတာဟာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071