Monday, January 20, 2025

အာဆီယံ၏ တူညီဆန္ဒ (၅)ချက်အပေါ် မြန်မာနိုင်ငံမှ...

အာဆီယံ၏ တူညီဆန္ဒ (၅)ချက်အပေါ် မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့မှ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အာဆီယံ...

ကျွန်း/သစ်မာ (သစ်လုံး/ခွဲသား) တန်ချိန် ၃၇၀၀...

မြန်မာသစ်လုပ်ငန်းက ကျွန်း/သစ်မာ (သစ်လုံး/ခွဲသား) တန်ချိန် (၃၇၀၀) နီးပါးကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။ ပြည်ပရောင်းဝယ်ရေးနှင့် သစ်စက်ဌာနက ကျွန်းသစ်လုံး (၃၀၀) တန်ခန့်၊...

နဝဓုတင်္ဂါစာရ မထေရ်မြတ်ကြီး၏ ရုပ်ကလာပ်တော်အား စံကျောင်းတော်သို့ပင့်ဆောင်

ထိုင်လျှက်အနေအထားဖြင့် ဘဝနတ်ထံပျံလွန်တော်မူခဲ့သော ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှ နဝဓုတင်္ဂါစာရ မထေရ်မြတ်ကြီး၏ ရုပ်ကလာပ်တော်အား အန္တိမသာဓုကီဠနသဘင် စံကျောင်းတော်ပင့်အခမ်းအနားကို ဆင်ယင်ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တာဝန်ရှိသူများတက်ရောက်၍...

ရေနံဘူမိဗေဒဘာသာရပ်ကို (၄) နှစ် ဘွဲ့သင်တန်းအဖြစ်ဖွင့်လှစ်မည်

ရေနံချောင်းတက္ကသိုလ်၌ ရေနံဘူမိဗေဒဘာသာရပ်ကို (၄) နှစ် ဘွဲ့သင်တန်းအဖြစ် ယခု၂၀၂၅ ခုနှစ် ပညာသင်နှစ်မှစတင်၍ ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်ကပြောသည်။ ရန်ကုန်တက္ကသိုလ်၊ ရန်ကုန်နည်းပညာတက္ကသိုလ်နှင့်...
HomeInternationalကမ္ဘောဒီးယားမြေမြှုပ်မိုင်းကင်းစင်မည့်ကာလ၂၀၃၀ ပြည့်နှစ်အထိတိုး

ကမ္ဘောဒီးယားမြေမြှုပ်မိုင်းကင်းစင်မည့်ကာလ၂၀၃၀ ပြည့်နှစ်အထိတိုး

ဖနောင်ပင်၊ဇန်နဝါရီ ၁၉

ကမ္ဘောဒီးယားသည် ၎င်း၏မိုင်းလုံးဝကင်းစင်ရေးကို အကောင်အထည်ဖော်နိုင်မည့်ကာလကို မူလက ၂၀၂၅ ခုသတ်မှတ်ထားသော်လည်း မိုင်းရှာဖွေရေးနှင့်ရှင်းလင်းရေးတွင် ပထဝီဝင်ဆိုင်ရာအခက်အခဲများကြောင့် ၂၀၃၀ ပြည့်နှစ်သို့ပြောင်းလဲသတ်မှတ်လိုက်ကြောင်းသိရသည်။

အထူးသဖြင့် ကမ္ဘောဒီးယားနှင့်ထိုင်းနယ်စပ်တစ်လျှောက်ရှိမိုင်းကွင်းများသည် မိုင်းရှာဖွေရှင်းလင်းရန်ခက်ခဲသည့် တောင်တန်းဒေသများနှင့် သစ်တောထူထပ်သောနေရာများဖြစ်နေခြင်းကြောင့်ဖြစ်သည်ဟုလည်းပြောကြားခဲ့သည်။

“အဲ့ဒီနေရာတွေက တောထူထပ်ပြီး အဆိပ်အတောက်တွေနဲ့ညစ်ညမ်းနေတဲ့နေရာတွေဖြစ်တာကြောင့် မိုင်းရှင်းလင်းရေးအဖွဲ့တွေဝင်ရောက်ရှင်းလင်းဖို့ခက်ခဲတာမို့လို့ အချိန်လိုအပ်တာကြောင့်ထပ်တိုးလိုက်ရခြင်းဖြစ်ပါတယ်” ဟုလည်းဆိုခဲ့သည်။

ကမ္ဘောဒီးယားမြေမြှုပ်မိုင်းရှင်းလင်းရေးအဖွဲ့အနေဖြင့် မိုင်းရှင်းလင်းရေးလှုပ်ရှားမှုမူဝါဒ ၂၀၂၆ – ၂၀၃၀ ကို ထပ်မံရေးဆွဲခဲ့ပြီး ရည်မှန်းချက်အသစ်ကိုအကောင်အထည်ဖော်နိုင်ရန် စီမံကိန်းများနှင့်မဟာဗျူဟာများလည်းချမှတ်ထားသည်ဟုသိရသည်။

ကမ္ဘောဒီးယားသည် မြေမြှုပ်မိုင်းဒဏ်အများဆုံးခံခဲ့ရသော နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပြီး ၁၉၇၉ မှ ၂၀၂၄ ခုနှစ်အတွင်း မြေမြှုပ်မိုင်းနှင့်စစ်လက်ကျန်မိုင်းများကြောင့် လူပေါင်း ၁၉,၃၈၄ ဦးသေဆုံးကာ ၄၅,၂၅၂ ဦးကို ထိခိုက်ဒဏ်ရာရစေခဲ့ပြီး ခြေလက်အင်္ဂါဆုံးရှုံးမှုများဖြစ်ပေါ်စေခဲ့သည်ဟုသိရသည်။

Source : ရှင်းဟွာ

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

အာဆီယံ၏ တူညီဆန္ဒ (၅)ချက်အပေါ် မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးတွင် ရှင်းလင်းဆွေးနွေး

အာဆီယံ၏ တူညီဆန္ဒ (၅)ချက်အပေါ် မြန်မာနိုင်ငံမှ ပူးပေါင်းဆောင်ရွက်မှုများနှင့် စပ်လျဉ်း၍ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးတွင် မြန်မာကိုယ်စားလှယ်အဖွဲ့မှ ရှင်းလင်းဆွေးနွေးခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကို မလေးရှားနိုင်ငံ၊ လန်ကာဝီမြို့၌ ဇန်နဝါရီ (၁၉) ရက်က ပြုလုပ်ခဲ့ရာ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများနှင့် အာဆီယံအတွင်း‌ရေးမှူးချုပ်တို့ တက်ရောက်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့မှလည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ ယင်းအစည်းအဝေးတွင် ၂၀၂၅ ခုနှစ်အတွင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ မလေးရှားနိုင်ငံ၏ ဦးစားပေး လုပ်ငန်းစဉ်များ အကောင်အထည်ဖော်မည့်...

ကျွန်း/သစ်မာ (သစ်လုံး/ခွဲသား) တန်ချိန် ၃၇၀၀ နီးပါးကို တင်ဒါစနစ်ဖြင့် ရောင်းချမည်

မြန်မာသစ်လုပ်ငန်းက ကျွန်း/သစ်မာ (သစ်လုံး/ခွဲသား) တန်ချိန် (၃၇၀၀) နီးပါးကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေညာထားသည်။ ပြည်ပရောင်းဝယ်ရေးနှင့် သစ်စက်ဌာနက ကျွန်းသစ်လုံး (၃၀၀) တန်ခန့်၊ သစ်မာသစ်လုံး (၃၀၈၀) တန်ခန့်၊ ကျွန်းခွဲသား (၄၁) တန်ခန့်၊ သတ-ဖ ကျွန်း (၃၇) တန်ခန့် ရောင်းချမည်ဖြစ်ပြီး သစ်အခြေခံစက်မှုလုပ်ငန်းဌာနကလည်း ကျွန်းခွဲသား (၂၄၀) တန်ခန့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကျွန်း/သစ်မာ (သစ်လုံး/ခွဲသား)ကို ဖေဖော်ဝါရီလ (၄) ရက်၊ နံနက် (၉) နာရီတွင် ရန်ကုန်မြို့ရှိ...

နဝဓုတင်္ဂါစာရ မထေရ်မြတ်ကြီး၏ ရုပ်ကလာပ်တော်အား စံကျောင်းတော်သို့ပင့်ဆောင်

ထိုင်လျှက်အနေအထားဖြင့် ဘဝနတ်ထံပျံလွန်တော်မူခဲ့သော ဧရာဝတီတိုင်း၊ ဟင်္သာတမြို့မှ နဝဓုတင်္ဂါစာရ မထေရ်မြတ်ကြီး၏ ရုပ်ကလာပ်တော်အား အန္တိမသာဓုကီဠနသဘင် စံကျောင်းတော်ပင့်အခမ်းအနားကို ဆင်ယင်ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တာဝန်ရှိသူများတက်ရောက်၍ ဆရာတော်၊ သံဃာတော်များနှင့်အတူ နဝဓုတင်္ဂါစာရ မထေရ်မြတ်ကြီး၏ ရုပ်ကလပ်တော်အားပင့်ဆောင်ပြီး ကျောင်းတိုက်အတွင်း လက်ယာရစ် ၃ ပတ်လှည့်လည်အပူဇော်ခံခဲ့ကြသည်။ နဝဓုတင်္ဂါစာရ မထေရ်မြတ်ကြီး၏ ရုပ်ကလပ်တော်အား ကရဝိတ်ဖောင်တော်ပေါ်သို့ ပင့်ဆောင်အပ်သော ထေရနိမန္တနဂါထာကို ဟင်္သာတမြို့၊ မဟိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသမ္ပုဏ္ဏက ရွတ်ဖတ်၍ပင့်လျှောက်တော်မူခဲ့သည်။ ဧရာဝတီတိုင်းဝန်ကြီးချုပ်သည် နဝဓုတင်္ဂါစာရ မထေရ်မြတ်ကြီး၏ ရုပ်ကလပ်တော် သီတင်းသုံးအပူဇော်ခံယူတော်မူမည့် စံကျောင်းတော် ဓာတ်တော်တိုက်ပလ္လင်တော်နေရာအားကြည့်ရှု၍ လိုအပ်သည်များကိုဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ဟင်္သာတမြို့၊ မဟာစေတျာရာမဘုရားကြီးကျောင်းတိုက်၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071