ဖနောင်ပင်၊ဇန်နဝါရီ ၂
ကမ္ဘောဒီးယားနိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက နိုင်ငံတွင်းရှိလမ်းများ၌ အမှိုက်များနှင့် ပလတ်စတစ်အမှိုက်များကင်းစင်စေရန်အတွက် “ပလပ်စတစ်အမှိုက်ကင်းစင်သောလမ်းများ” လှုပ်ရှားမှုကို စတင်ခဲ့ကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ဗုဒ္ဓဟူးနေ့ကစတင်ခဲ့သည့် အဆိုပါ လှုပ်ရှားမှုသည် နိုင်ငံလမ်းများ၏ သန့်ရှင်းမှုနှင့်ဆွဲဆောင်မှုတို့ကို မြှင့်တင်ရန် အထောက်အကူဖြစ်စေမည်ဟု ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးကပြောကြားခဲ့သည်။
“ဒီလှုပ်ရှားမှုက နိုင်ငံရှိလမ်းမကြီးတလျှောက်အပြင် မြို့ကြီးတွေရဲ့အလှအပတန်ဖိုးကိုပါ မြှင့်တင်ပေးမှာဖြစ်ပြီး ပိုမိုလှပသန့်ရှင်းတဲ့ပတ်ဝန်းကျင်ကိုလည်း အထောက်အကူဖြစ်စေမှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။
ထိုမျှမက လေကောင်းလေသန့်ရရှိမှုကိုမြှင့်တင်ပေးခြင်း၊ စည်းစနစ်ကျနမှု ကို ပိုမိုအားကောင်းလာစေခြင်းနှင့် ကမ္ဘောဒီးယားသို့ ခရီးသွားများနှင့်ရင်းနှီးမြှုပ်နှံသူများကိုဆွဲဆောင်ပေးပြီး နိုင်ငံသားများအတွက်လည်း ပိုမိုသက်သောင့်သက်သာနေထိုင်နိုင်သည့် နေရာများကို ဖန်တီးပေးခြင်းဖြစ်သည်ဟု ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ကမ္ဘောဒီးယား၌ ယခု လှုပ်ရှားမှုကို ၂၀၂၃ ခုနှစ် စက်တင်ဘာလကတည်းကစတင်ခဲ့ခြင်းဖြစ်ပြီး ရလဒ်အနေဖြင့် ၂၀၂၄ ခုနှစ်တွင် ပလပ်စတစ်တင်သွင်းမှု သည် ၈၀ ရာခိုင်နှုန်းအထိကျဆင်းသွားပြီး ပြည်နယ် ၁၁ ခုရှိ လမ်းများတွင်လည်း ပလပ်စတစ်အမှိုက်များသည် သိသိသာသာလျော့ကျသွားသည်ဟုလည်းသိရသည်။
Source : ရှင်းဟွာ