Wednesday, December 18, 2024

ဗန်းမော်မြို့ ဘုန်းကြီးကျောင်းများတွင် ယာယီခိုလှုံနေသည့် ဒေသခံများ...

ဗန်းမော်မြို့၊ ဘုန်းကြီးကျောင်းများတွင် ယာယီခိုလှုံနေသည့် ဒေသခံများ မနက်ဖြန် ဒီဇင်ဘာ (၁၉)၌ ကား (၈)စီးဖြင့် မန္တလေးမြို့သို့ ထပ်မံစစ်ရှောင်မည်ဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။ လက်ရှိတွင်...

မူဆယ်မြို့ရှိ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သည့် နေရာကို တပ်မတော်စစ်ကြောင်း...

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့၊ မန့်ဝိန်းရပ်ကွက်အတွင်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်း (ကျားဖြန့်)ရုံကို တပ်မတော်စစ်ကြောင်းက ဝင်ရောက်စီးနင်းဖမ်းဆီခဲ့ရာ တရုတ်နိုင်ငံသား (၂၀)ဦးခန့်ကို ဖမ်းဆီးရမိခဲ့သည်ဟု သိရကြောင်း မူဆယ်ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ...

တရုတ်အုပ်ချုပ်မှု ၂၅ နှစ်မြောက်အတွက် ရှီ...

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ပေါ်တူဂီကိုလိုနီနယ်မြေဟောင်း ပေကျင်း၏ အုပ်ချုပ်မှုအောက်ရောက်ရှိမှု ၂၅ နှစ်မြောက် အထိမ်းအမှတ်အတွက် ဗုဒ္ဓဟူးနေ့တွင် မကာအိုသို့ ရောက်ရှိခဲ့သည်။ ၎င်း၏ သုံးရက်ကြာခရီးစဉ်အတွင်း...

ဗီယက်နမ်ကပြည်တွင်းကာကွယ်ရေးစက်မှုလုပ်ငန်းကို မြှင့်တင်ရန် ကြိုးပမ်း

စစ်သုံးပစ္စည်း တင်ပို့နိုင်ရေး စွမ်းရည်နှင့် ပြည်တွင်း ကာကွယ်ရေး စက်မှုလုပ်ငန်း မြှင့်တင်ရေးကြိုးပမ်းနေသည့် ဗီယက်နမ်နိုင်ငံသည် ကြာသပတေးနေ့(ဒီဇင်ဘာ ၁၉) တွင် မြို့တော်ဟနွိုင်၌ ပြုလုပ်မည့်...
HomeInternationalကမ္ဘောဒီးယား၌ အီး-အင်ဗွိုက်စ် စနစ်...

ကမ္ဘောဒီးယား၌ အီး-အင်ဗွိုက်စ် စနစ် မဖြစ်မနေ ကျင့်သုံးမည်

ဖနောင်ပင်၊ဒီဇင်ဘာ ၁၇

ကမ္ဘောဒီးယားသည် လာမည့်နှစ်အစောပိုင်းတွင် ကုမ္ပဏီများသည် e-invoice စနစ်အသစ်ကို မဖြစ်မနေ ကျင့်သုံးရန် စတင် စမ်းသပ်နေကြောင်းသိရသည်။

“လောလောဆယ်မှာကျွန်တော်တို့က B2G (စီးပွားရေးမှအစိုးရထံ e – invoicing စနစ်) ကို စမ်းသပ်နေပါတယ်” ဟု ဘဏ္ဍာရေးဝန်ကြီးဌာနရှိ ဒစ်ဂျစ်တယ်စီးပွားရေးအထွေထွေဌာနမှ တာဝန်ရှိသူ Mengchhonhg Keang ကပြောကြားခဲ့သည်။

“ဒီစနစ်က ပိုပြီးထိရောက်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ပြီးတော့ ပိုလဲပွင့်လင်းလာမယ်။ဒီ့‌နောက်မှာတော့ B2B (စီးပွားရေးမှစီးပွားရေးလုပ်ငန်း) ကို စတင်ချင်ပါတယ်။ဒါက ‌ပိုကောင်းတဲ့အနာဂတ်ပါပဲ” ဟုလည်း ၎င်းကအလေးပေးပြောကြားခဲ့သည်။

“နောက်နှစ်မှာ B2B စနစ်ကို မဖြစ်မနေလုပ်နိုင်ဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်။အကယ်၍ နောက်နှစ်ကိုအကောင်အထည်မဖော်နိုင်ခဲ့ရင် နောက်သုံးနှစ်အတွင်းမှာအကောင်အထည်ဖော်နိုင်ဖို့ သေချာပါတယ်” ဟု လည်း၎င်းကပြောကြားခဲ့သည်။

ယင်းနောက် ၎င်းတို့သည် ဆက်လက်၍ စီးပွားရေးလုပ်ငန်းမှ စားသုံးသူများထံသို့ e – invoicing စနစ်ကိုဆက်လက်ကျင့်သုံးမည်ဖြစ်သည်ဟုလည်းသိရသည်။

e – invoicing စနစ်တွင် ကုန်ပစ္စည်းများ ဝယ်ယူခြင်းနှင့်ငွေပေးချေခြင်းစနစ်များပါဝင်သည်။ယခုစနစ်အရပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုပိုကောင်းလာစေပြီး အီလက်ထရွန်းနစ် ပြေစာများအသုံးပြုမှုကို တွန်းအားပေးကာ အခွန်စည်းမျဉ်းများကို လိုက်နာစေကာ အာဆီယံဒစ်ဂျစ်တယ်စီးပွားရေးအတွက် ကူညီပေးနိုင်မည်ဟုလည်းပြောကြားခဲ့သည်။

Source : ခမာတိုင်းမ်စ်

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ဗန်းမော်မြို့ ဘုန်းကြီးကျောင်းများတွင် ယာယီခိုလှုံနေသည့် ဒေသခံများ မန္တလေးသို့ထပ်မံ စစ်ရှောင်မည်

ဗန်းမော်မြို့၊ ဘုန်းကြီးကျောင်းများတွင် ယာယီခိုလှုံနေသည့် ဒေသခံများ မနက်ဖြန် ဒီဇင်ဘာ (၁၉)၌ ကား (၈)စီးဖြင့် မန္တလေးမြို့သို့ ထပ်မံစစ်ရှောင်မည်ဖြစ်ကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။ လက်ရှိတွင် မြို့ခံပြည်သူများမှာ ဗန်းမော်မြို့တွင်းရှိ ပညာတံခွန်ကျောင်းအပါအဝင် နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများတွင် ယာယီခိုလှုံနေထိုင်လျက်ရှိပြီး၊ အသုတ်လိုက် မန္တလေးမြို့သို့ တိမ်းရှောင်နေကြခြင်းဖြစ်သည်။ "မနက်ဖြန် မန္တလေးကို စစ်ရှောင်ယာဉ်တန်း ထပ်ထွက်မှာပါ။ မန္တလေးက မိသားစုတွေ ကြိုပေးဖို့တော့ အကြောင်းကြားထားတယ်။ အချို့ကလည်း မန္တလေးမှာ မိသားစု ဆွေမျိုးသားချင်းမရှိတော့ ဘုန်းကြီကျောင်းတွေနဲ့ အခြားစေတနာအရ ကူညီပေးနေတဲ့ နေရာတွေမှာ ယာယီနေထိုင်ကြရမှာပါ"ဟု ဒေသခံတစ်ဦးက...

မူဆယ်မြို့ရှိ ကျားဖြန့်လုပ်ငန်းလုပ်ကိုင်သည့် နေရာကို တပ်မတော်စစ်ကြောင်း ဝင်ရောက်စီးနင်းဖမ်းဆီး တရုတ်နိုင်ငံသား (၂၀)ဦးခန့် ဖမ်းဆီးရမိ ဟုဆို

တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့၊ မန့်ဝိန်းရပ်ကွက်အတွင်း အွန်လိုင်းလိမ်လည်မှုလုပ်ငန်း (ကျားဖြန့်)ရုံကို တပ်မတော်စစ်ကြောင်းက ဝင်ရောက်စီးနင်းဖမ်းဆီခဲ့ရာ တရုတ်နိုင်ငံသား (၂၀)ဦးခန့်ကို ဖမ်းဆီးရမိခဲ့သည်ဟု သိရကြောင်း မူဆယ်ဒေသခံတစ်ဦးက ပြောသည်။ အဆိုပါ ဝင်ရောက်စီးနင်းဖမ်းစီးမှုကို ဒီဇင်ဘာ (၁၆)ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထိတွေ့ပစ်ခတ်မှု အနည်းငယ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ "ကျားဖြန့် ကိစ္စတွေက ရှိနေသေးတော့ သက်ဆိုင်ရာကလည်း မကြာမကြာဝင်ဖမ်းတာတွေရှိတယ်။ ဖမ်းတယ်ဆိုတာတော့ သိတယ်။ ဒါပေမဲ့ မြို့က လူတွေက သူတို့နဲ့ (ကျားဖြန့်) သိပ်မပတ်သက်ကြတော့ အတိအကျမသိဘူး"ဟု ၎င်းက ဆိုသည်။ ယင်းသို့ ဖမ်းစီးခဲ့ရာ၌ ကျားဖြန့်ရုံမှ တရုတ်နိုင်ငံသား ကျား...

တရုတ်အုပ်ချုပ်မှု ၂၅ နှစ်မြောက်အတွက် ရှီ မကာအိုသို့ ရောက်ရှိ

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် ပေါ်တူဂီကိုလိုနီနယ်မြေဟောင်း ပေကျင်း၏ အုပ်ချုပ်မှုအောက်ရောက်ရှိမှု ၂၅ နှစ်မြောက် အထိမ်းအမှတ်အတွက် ဗုဒ္ဓဟူးနေ့တွင် မကာအိုသို့ ရောက်ရှိခဲ့သည်။ ၎င်း၏ သုံးရက်ကြာခရီးစဉ်အတွင်း ရှီသည် ကာစီနိုလုပ်ငန်း အပေါ်အမှီပြုသည့် မကာအိုကို အခြားကဏ္ဍများအတွက်လည်း တိုက်တွန်းဖွယ်ရှိသည်။ ရှီသည် ကမ္ဘာ့အကြီးဆုံး လော-င်းကစားအချက်အချာနယ်မြေကို သမ္မတအဖြစ် တတိယအကြိမ်မြောက်သွားရောက်သည့် ခရီးစဉ်ဖြစ်ပြီး အောက်တိုဘာလအတွင်းက ရွေးကောက်ခံခဲ့ရသည့် ဒေသ အမှုဆောင်အရာရှိချုပ်အသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တက်ရောက်မည်ဖြစ်သည်။ အိမ်နီးချင်း ဘဏ္ဍရေးအချက်အချာဟောင်ကောင်တွင် အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုများ ပြင်းထန်နေသည့် ၂၀၁၉ ခုနှစ်က ရှီသည် မကာအိုသို့ နောက်ဆုံးသွားရောက်ထားခဲ့သည်။ တရုတ်နိုင်ငံ၏...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071