Tuesday, April 1, 2025

Sky Villa Condo တွင်...

ယနေ့ ဧပြီလ (၁) ရက် ညနေပိုင်းက Sky Villa Condo တွင် ရုပ်အလောင်းရှာဖွေမှုများကို တရုတ်ကယ်ဆယ်ရေးနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှာ ကယ်ဆယ်ရေးအဖွဲ့များ...

ရန်ကုန်မြို့တွင် (၂)ရက်အတွင်း ကားမီးလောင်မှု (၂)ကြိမ်ဖြစ်ပွား

ရန်ကုန်မြို့တွင် (၂)ရက်အတွင်း ကားမီးလောင်မှု (၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။  ယနေ့ ဧပြီ (၁)ရက်၊ နေ့လယ် (၁)နာရီ မိနစ် (၂၀)အချိန်ခန့်၊...

မလေးရှားတွင်ဓါတ်ငွေ့ပိုက်လိုင်းယိုစိမ့်မီးလောင်၍ လူ ၃၃ ဦး...

မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူရ်အနီးတွင် နိုင်ငံပိုင် Petronas ကုမ္ပဏီ၏ ဓါတ်ငွေ့ပိုက်လိုင်း မီးလောင်သဖြင့် လူ ၃၃ ဦး ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထဲမှ ခြောက်ဦးကို...

နွေကာလအတွင်းဖြစ်ပေါ်တတ်သော မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ အထူးသတိပြုနေထိုင်ကြရန် မိုး/ဇလ...

နွေကာလဖြစ်သည့် ဧပြီလနှင့် မေလများအတွင်းဖြစ်ပေါ်တတ်သော မိုးလေဝသဖြစ်စဉ်များနှင့်ပတ်သက်၍ အထူးသတိ ပြုနေထိုင်သွားကြရန် ယနေ့တွင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးနှိုးဆော်ထားသည်။ ပြည်တွင်းလေကြောင်း ပျံသန်းရေးနှင့် ရေကြောင်းခရီးစဉ်များအနေဖြင့်လည်း ကြိုတင်သတိပြုရန်...
HomeInterviewsကမ္ဘောဒီးယား၏ စီးပွားရေးနှင့်ခရီးသွားလုပ်ငန်းများသည် တရုတ်၏ပြန်လည်ဖွင့်လှစ်လိုက်ခြင်းများမှ...

ကမ္ဘောဒီးယား၏ စီးပွားရေးနှင့်ခရီးသွားလုပ်ငန်းများသည် တရုတ်၏ပြန်လည်ဖွင့်လှစ်လိုက်ခြင်းများမှ အကျိုးများစေနိုင်ဟုဝန်ကြီးချုပ်ဆို

ဖနွမ်းပင်၊ဇန်နဝါရီ ၃

ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်က တရုတ်၏နယ်စပ်များကို ပြန်လည်ဖွင့်လှစ်လိုက်ခြင်းသည် နိုင်ငံ၏ စီးပွားရေးနှင့်ခရီးသွားလုပ်ငန်းကို ပြန်လည်အသက်ဝင်လာစေမည်ဖြစ်ကြောင်း တနင်္လာနေ့ကပြောကြားခဲ့သည်။

ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံး နိုင်ငံဖြစ်သည့် တရုတ်အနေဖြင့် ဇန်နဝါရီ ၈ ရက်တွင် နယ်စပ်များကိုပြန်ဖွင့်ရန် စီစဉ်ထားပြီးနောက် ကမ္ဘောဒီးယားနှင့်အခြားနိုင်ငံများက တရုတ်ခရီးသွားများအားကြိုဆိုဖို့ မျှော်လင့်ထားသည်ဟုလည်း ဟွန်ဆန်က ပြောကြားခဲ့သည်။

“ကမ္ဘောဒီးယားသည် တရုတ်ခရီးသွားများအတွက် ရေပန်းအစားဆုံး ခရီးသွားနေရာများထဲမှတစ်ခုဖြစ်သည်” ဟုလည်း ကမ္ဘောဒီးယားနိုင်ငံ အရှေ့မြောက်ဘက် ကရာတီပြည်နယ်တွင် တရုတ်နိုင်ငံရန်ပုံငွေဖြင့် တည်ဆောက်သော မြစ်ကူးတံတားဖွင့် ပွဲအခမ်းအနား၌ ၎င်းကပြောကြားခဲ့သည်။

တရုတ်ခရီးသွားများ ပြန်လည်ဝင်ရောက်လာမှုကို အရှေ့တောင်အာရှနိုင်ငံအနေဖြင့် ဝမ်းမြောက်ဝမ်းသာကြိုဆိုပါကြောင်းနှင့် ၎င်းတို့၏ဝင်ထွက်သွားလာမှုများက ခရီးသွားလုပ်ငန်းနှင့်စီးပွားရေးတိုးတက်မှုအတွက်အရေးကြီးသည်ဟုလည်းဆိုသည်။

ခရီးသွားလုပ်ငန်းသည် ကမ္ဘောဒီးယားနိုင်ငံ၏ စီးပွားရေးကိုပံ့ပိုးပေးသည့် မဏ္ဍိုင်ကြီးလေးခုထဲမှ တစ်ခုလည်းဖြစ်သည်။ကပ်ရောဂါမဖြစ်ပွားမီ ၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာခရီးသွားဧည့်သည် ၆ ဒသမ ၆ သန်းဝင်‌ရောက်ခဲ့ပြီး ဝင်ငွေဒေါ်လာ ၄ ဒသမ ၉၂ ဘီလျံရရှိကာ နိုင်ငံ့ ဂျီဒီပီ ၏ ၁၂ ဒသမ ၁ ရာခိုင်နှုန်းအထိရရှိစေခဲ့သည်။

Source : CGTN

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

Sky Villa Condo တွင် ယနေ့ ဧပြီ (၁) ရက် ညနေပိုင်း ရှာဖွေရေးလုပ်နေစဉ် ငလျင်ထပ်လှုပ်

ယနေ့ ဧပြီလ (၁) ရက် ညနေပိုင်းက Sky Villa Condo တွင် ရုပ်အလောင်းရှာဖွေမှုများကို တရုတ်ကယ်ဆယ်ရေးနှင့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှာ ကယ်ဆယ်ရေးအဖွဲ့များ ပူးပေါင်း ဆောင်ရွက်နေစဉ် ငလျင်ထပ်မံလှုပ်ခတ်ခဲ့သဖြင့် ရှာဖွေရေးလုပ်ငန်းစဉ်များ ယာယီရပ်နားလိုက်ရပြန်သည်။ ယနေ့ ညနေ (၅) နာရီခွဲဝန်းကျင် အချိန်တွင် အင်အား ၄.၉ အဆင့်ရှိ ငလျင်လှုပ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တုန်ခါမှု အားပြင်းသည့်အတွက် တရုတ်ကယ်ဆယ်ရေး အဖွဲ့များမှာ ရှာဖွေနေမှုကို ရပ်နားခဲ့ခြင်းဖြစ်သည်။ Sky Villa Condo အနောက်ဘက်ခြမ်းတွင် ကလေးငယ်(၂) ဦး၏ ရုပ်အလောင်းများတွေ့ရှိထားသည့်အတွက်...

ရန်ကုန်မြို့တွင် (၂)ရက်အတွင်း ကားမီးလောင်မှု (၂)ကြိမ်ဖြစ်ပွား

ရန်ကုန်မြို့တွင် (၂)ရက်အတွင်း ကားမီးလောင်မှု (၂)ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ သတင်းများအရ သိရသည်။  ယနေ့ ဧပြီ (၁)ရက်၊ နေ့လယ် (၁)နာရီ မိနစ် (၂၀)အချိန်ခန့်၊ မင်္ဂလာတောင်ညွှန်မြို့နယ်၊ ကန်တော်လေး အရှေ့ရပ်ကွက်၊ သိမ်ဖြူလမ်းတွင် ရပ်ထားသည့် အိမ်စီးကား (၁)စီး အပူလွန်ကဲကာ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ဘေးတွင်ကပ်လျက်ရပ်ထားသည့် အိမ်စီးကား (၁)စီးကိုပါ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ အဆိုပါ ကား (၂)စီး မီးလောင်မှု ဖြစ်ပွားကြောင်း သတင်းအရမင်္ဂလာတောင်ညွှန်မြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီးနှင့် တာမွေမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ကြောင်း...

မလေးရှားတွင်ဓါတ်ငွေ့ပိုက်လိုင်းယိုစိမ့်မီးလောင်၍ လူ ၃၃ ဦး ဒဏ်ရာရ

မလေးရှားနိုင်ငံ မြို့တော်ကွာလာလမ်ပူရ်အနီးတွင် နိုင်ငံပိုင် Petronas ကုမ္ပဏီ၏ ဓါတ်ငွေ့ပိုက်လိုင်း မီးလောင်သဖြင့် လူ ၃၃ ဦး ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့ထဲမှ ခြောက်ဦးကို ဆေးရုံတင်ထားရသည်ဟု မီးသတ်ဌာနက ပြောကြားခဲ့သည်။ ဧပြီ ၁ ရက်နေ့က Putra Heights တွင် ဖြစ်ပွားခဲ့သော အဆိုပါဧရာမမီးလောင်ကျွမ်းမှုကို Subang Jaya ရှိနေရာစုံမှ မီးတောက်ကြီးများကို မြင်တွေ့ခဲ့ရသည်။ အိဒ်ပွဲတော်ကာလအတွင်း ကွာလာလမ်ပူရ်အနီးရှိ လူနေရပ်ကွက်များရှိ နေအိမ်များမှာ လူများကို ဘေးလွတ်ရာ ရှောင်ရှားစေခဲ့ရသည်။ နေအိမ်အများ မီးလောင်ကျွမ်းခဲ့ပြီးနောက် ဒေသခံခုနစ်ဦးကို ကယ်ဆယ်ခဲ့ရသည်။ ယနေ့မနက် ၈...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071