မြို့ရွှေမန်းသားဖိုးချစ်က လက်ရှိအချိန်မှာတော့ ကမ္ဘာ့ဖလားကို ကြည့်ရှုဖို့ ရုရှားနိုင်ငံကိုရောက်ရှိနေပါတယ်။ သူကတော့ အင်္ဂလန်အသင်းကို ငယ်စဉ် ကတည်းက အားပေးခဲ့သူဖြစ်တဲ့အတွက် အခုအချိန်အ ထိလည်း အင်္ဂလန်ကိုပဲ အားပေးမှာ ဖြစ်ကြောင်း ပြောပါတယ်။
”ဒီနှစ်က မထင်မှတ်အောင် လုပ်မယ့်အသင်းတွေ နည်းသွားတယ် လို့ထင်တယ်။ ကျွန်တော်ကတော့ ဘောလုံးချစ်တဲ့သူဖြစ်တဲ့အတွက် အားပေးမှာပါပဲ။ အားကစားစိတ်ဓာတ်အပြည့်နဲ့ ကစားတဲ့ကစား သမားတိုင်းကို အားပေးရမှာပါပဲ။ ဘယ်အားကစားသမားကို ကြည့်ချင်လဲဆိုရင်တော့ ဒိုလေးကိုကြည့်ချင်ပါတယ်။ ပြီးတော့ အင်္ဂလန်အသင်းရဲ့ ရလဒ်ကိုလည်း စိတ်ဝင်စားပါတယ်။ ဒါပေမဲ့ အင်္ဂလန်အသင်းမှာလည်း ကျွန်တော် သိပ်စိတ်ဝင် စားတဲ့ ကစားသမားသိပ်မပါဘူး” လို့ ကမ္ဘာ့ဖလားနဲ့ပတ်သက်ပြီး ဖိုးချစ် ကပြောပါတယ်။
သူငယ်စဉ် ကတည်းက ဘောလုံးအားကစားကို ဝါသနာပါခဲ့ သူဖြစ်ပြီး အခုအချိန်အထိလည်း ဘောလုံးကန်လျက်ရှိပါတယ်။ သူက မြန်မာအသင်းကိုလည်း သိပ်ကိုဖြစ်စေ ချင်လွန်းခဲ့သူပါ။ ဒါ့အပြင်သူဟာ ဇေယျာရွှေမြေအသင်းရဲ့ ဥက္ကဋ္ဌတစ်ဦးလည်းဖြစ်ပါတယ်။
”ဘောလုံးအဖွဲ့ချုပ်ဆိုရင်လည်း တော်တော်လေးကို ရုန်းကန်နေရရှာ တာလေ။ ဦးဇော်ဆိုရင်လည်း သူ့ရဲ့ ကိုယ်ပိုင်ငွေတွေအများကြီး စိုက်ထုတ်ပြီး လုပ်နေရတာ။ ကျွန်တော်တို့ ဆိုရင်လည်း တအားရုန်းရတယ်။ ကျွန်တော် ဆိုရင် လကုန်မှာတအား ကြောက်တယ်။ ခက်ခဲတယ်။ ကျွန်တော့်အနေနဲ့က ကမ္ဘာ့ဖလားသွားပြိုင်တုန်းကလည်း ကျွန်တော်ပြောခဲ့ပါတယ်။ နတ်ရေကန် ထဲပစ်ချလိုက်သလိုတော့မရဘူး။ ကမ္ဘာက နည်းပြလာလည်း မရ ဘူး။ အခုလုပ်ရမှာက ဒီနှစ်မှာမွေးတဲ့ ကလေး တွေကို အကုန်လုံးစာရင်း ကောက်ပြီးတော့ ဘယ်နှစ်လသားမှာ ဘယ်နှ နှစ်သားမှာ ကယ်လိုရီဘယ်လောက် ကျွေးရမယ်။ ဘယ်ကာလရောက်လာရင်သူ့အရပ်က ပုနေလား၊ ရှည်နေလား သေးနေလား၊ ဘယ်လောက်ကျွေးရမလဲပေါ့။ ရေကိုဘယ် အချိန်မှာ ကူးရမယ်ပေါ့။ အဲဒီအရွယ်ကတည်းက ဘောလုံး ဝတ်စုံ၊ ဖိနပ်တွေနဲ့ ကွင်းကောင်းကောင်းမှာ လေ့ကျင့်ရတော့မှာပါ။ ကျောင်းမှာ ကာယအချိန်ဆိုရင် တကယ်ကို တတ်သိ နားလည်တဲ့ အားကစားသမားတွေက ပြန်သင်ပြီးတော့ ထိထိရောက်ရောက် လုပ်ပြီးပြင်ဆင် သွားပြီးတော့ ဂရုတစိုက်နဲ့ ဆောင်ရွက် နိုင်မယ်ဆိုရင်တော့ နောင်နှစ်ပေါင်း၂ဝကျရင်တော့U20မှာ မြန်မာက မျှော်လင့်စရာဖြစ်လာလိမ့်မယ်” လို့ သူ့ရဲ့အမြင်ကို ပြောပြပါတယ်။
ကမ္ဘာ့ ဖလားမှာ မြန်မာအသင်းသာပါလို့ကတော့ဇာတ်ပွဲနားပြီးတော့ကို ထိုင်ကြည့် မှာလို့ မြို့ရွှေမန်း သားဖိုးချစ်ကပြောခဲ့ပါတယ်။ မြို့ရွှေမန်းသားဖိုးချစ် ရုရှားနိုင်ငံကို ရောက်နေစဉ်အတွင်းမှာပဲ သူ့ရဲ့ အဘွားဒေါ်ခင်ကြည်အသက် ၈၁ နှစ်က ကန့်ဘလူမြို့တွင် ဇွန်လ ၁၂ ရက်နေ့က ကွယ်လွန်ခဲ့ပါတယ်။ ဖိုးချစ်အနေနဲ့လည်း အဘွားကို အလွန်ချစ်တဲ့မြေးတွေထဲမှာ ပါဝင် ပါတယ်။ သူ့အနေနဲ့ ပြည်ပကို ရောက်ရှိနေတဲ့အတွက် နာရေးကို မမီတော့ ကြောင်း သိရပါတယ်။
လင်းအက္ခရာ