Sunday, December 22, 2024

YPS ကတ် နှင့် Qr...

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်များတွင် YBS ယာဉ်စီးခငွေပေးချေရန် YPS ကတ် အသုံးပြုသူ နှစ်သိန်းကျော်ရှိလာပြီး QR Code အသုံးပြုရန်...

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် နိုရိုဗိုင်းရပ်စ် ကူးစက်မြန်ရောဂါပိုးလက္ခာ...

မြန်မာနိုင်ငံတောင်ပိုင်း၊ ကရင်ပြည်နယ်၊ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် နိုရို ဗိုင်းရပ်စ် ကူးစက်မြန်ရောဂါပိုး လက္ခာ ဖြစ်ပွားသူမရှိသေးကြောင်း ဒေသတွင်း မြေပြင်စောင့်ကြည့်နေသူ လူမှုကူညီကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ယနေ့တွင် ပေါ်ပြူလာနယူးစ်သို့...

ရန်ကုန်တွင် စားသုံးဆီဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်နေပြီဟု MEODA...

ဈေးကွက်အတွင်း စားသုံးဆီများကို အိမ်အရောက်ပို့စနစ်နှင့် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် စားသုံးဆီဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MEODA) ဥက္ကဋ္ဌ ဦးဆန်းလင်းက...

ယခုနှစ် အကောင်းဆုံး E-sport နိုင်ငံဆုတွင်...

နိုင်ငံတကာ Esport အဖွဲ့ချုပ် (IESF)၏ ယခုနှစ် အကောင်းဆုံး Esport နိုင်ငံဆုတွင် မြန်မာနိုင်ငံမှ Myanmar Electronic Sports Federation...
HomeEntertainmentBusinessကမ္ဘာ့နံပါတ်တစ် စာရင်းဝင်ကော်ဖီများ ထုတ်လုပ်သော...

ကမ္ဘာ့နံပါတ်တစ် စာရင်းဝင်ကော်ဖီများ ထုတ်လုပ်သော Nestle စက်ရုံများသို့ အလည်တစ်ခေါက်

တစ်စက္ကန့်မှာ ကမ္ဘာ့လူဦးရေ သန်းပေါင်းမြောက်မြားစွာဟာ အရ သာ အမျိုးအစားစုံလင်သော ကော်ဖီ အရသာတွေကို သောက်သုံးရင်း နေ့စဉ်ဖြတ်ကျော်နေလျက် ရှိလာပါ တယ်။ အဲဒီအထဲမှာ Nestle ရဲ့ အမှတ်တံဆိပ် အမည်နာမ အောက် ကနေ ခွဲထွက်ထုတ်လုပ်လျက်ရှိတဲ့ Nescafe လည်း အပါအဝင်ဖြစ်ပါ တယ်။ Nescafe ကိုတော့ တစ် စက္ကန့်မှာ ခွက်ရေငါးထောင်အထိ သောက်သုံးလျက်ရှိနေတဲ့ ကမ္ဘာ့ နံပါတ်တစ်စာရင်းဝင်ကော်ဖီဖြစ် တယ်လို့ သုတေသနစစ်တမ်းတွေ အရ သိထားရပါတယ်။ Nescafe ဆိုတာနဲ့ မြန်မာပြည်သူပြည်သားတွေ အားလုံးလိုလိုပဲ မသိတဲ့သူမရှိသ လောက်ရှားပါးလွန်းလှပါတယ်။ ဘာ ကြောင့်ဆိုရင် Nestle ဆိုတဲ့ အမှတ် တံဆိပ်ကို မြန်မာပြည်သူတွေဟာ ၁၉၁၅ ခုနှစ်ကတည်းက ထိတွေ့ခွင့် ရခဲ့တာ အခုချိန်ထိ ထိတွေ့နေရခြင်း ပဲဖြစ်ပါတယ်။ သို့သော် Nestle’ Myanmar Limite ကိုတော့ ၂ဝ၁၃ ခုနှစ်ရောက်ခါကျမှသာ စတင်တည်ထောင်နိုင်ခဲ့တာ ဖြစ်ပါ တယ်။

အခု ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ လမှာတော့ Nestle’ Myanmar ရဲ့ ပထမဦးဆုံး စက်ရုံကို ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းမြို့နယ်မှာတည်ဆောက် ဖွင့်လှစ်နိုင်လိုက်ပြီ ဖြစ်ပါတယ်။ Nestle’ Myanmar ကနေ ဘာတွေ ထုတ်လုပ်နေလဲဆိုရင် အရင်တုန်းက ပြည်ပနိုင်ငံကနေ တင်သွင်းရောင်းချ နေရတဲ့ လူကြိုက်များတဲ့ Milo အပါအဝင် Nescafe( Shal Kaw), Nescafe Blend & Brew, Nestle’ Bear Brand တွေကို အဓိကထုတ် လုပ်ပြီး ဈေးကွက်အတွင်း ဖြန့်ဖြူး ရောင်းချလျက်ရှိနေပြီဖြစ်ပါတယ်။

တစ်ခုရှိတာက မြန်မာပြည်မှာ ထုတ် လုပ်ရောင်းချနေတဲ့ Nestle ဟာ လည်း တစ်ကမ္ဘာလုံးမှာရှိနေတဲ့ စား သောက်ကုန်ပစ္စည်းတွေနဲ့အတူ အရည်အသွေးပြည့်မီပြီး ကွာလတီ ကောင်းမွန်ရဲ့လားဆိုတဲ့ မေးခွန်း တွေကိုတော့ Nestle’ Myanmar ရဲ့မန်နေးဂျင်းဒါရိုက်တာMr. Hayri Devrim Cobekု က ရိုးရှင်းတဲ့ အ ဖြေတစ်ခု ဖြစ်တဲ့

“ကျွန်တော်တို့ရဲ့ Nestle ဟာ ကမ္ဘာမှာတစ်ပြေးညီ တည်းသွားနေတဲ့ စားသောက်ကုန် တွေပါ။ အရည်အသွေးတွေကွာလတီ တွေနဲ့ပတ်သက်လို့ကတော့ Global သွားနေတာ ဖြစ်တဲ့အတွက် တန်းတူ တစ်ခုတည်းပဲသွားပါတယ်။ မြင့်မား တဲ့ အရည်အသွေး ကွာလတီ တွေနဲ့ပဲ မြန်မာနိုင်ငံမှာလည်း ထုတ်လုပ် ရောင်းချ အသုံးပြုနေတာဖြစ်ပါ တယ်။ မြန်မာနိုင်ငံမှာမို့လို့ ထိုင်း နိုင်ငံမှာမို့လို့ အခြားပြည်ပနိုင်ငံမှာ မို့လို ဆိုပြီးတော့ Nestle က ခွဲခြား ထုတ်လုပ်တာမျိုး တစ်ခုမှမရှိပါဘူး။ Nestle ဟာ ကွာလတီ တစ်ခုတည်းပဲ ရှိပါတယ်။ အားလုံးဟာ Nestle ပါ ပဲ။ စက်ရုံတွေရဲ့ အရည်အသွေးက လည်း အကုန်လုံးအတူတူပဲ ဖြစ်ပါ တယ်” လို့ ဖြေဆိုခဲ့ပါတယ်။

အမှန်ပင် ဖြစ်ပါတယ်။ ကျွန် တော်တို့ ဆယ်ဦးပါဝင်တဲ့ မီဒီယာ အဖွဲ့ Nestle’ factory tour အဖွဲ့ ဟာ ထိုင်းနိုင်ငံ Nestle စက်ရုံတွေ ဖြစ်တဲ့ Navanakorn နဲ့ Cha-choengsao Nestle စက်ရုံတွေကို သွားရောက် လည်ပတ်ခွင့်ခဲ့ရပါ တယ်။ စက်ရုံတွေရဲ့အတွင်းနဲ့ အ ပြင်မှာ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေတော့ ရိုက်ကူးခွင့်ပြုမထားပါဘူး။ အဲဒီ စက်ရုံနှစ်ခုစလုံးက ဘန်ကောက်မြို့ မှာပဲတည်ရှိနေတာ ဖြစ်ပါတယ်။
Chachoengsao စက်ရုံပါ။ Chachoengsao Nestle စက်ရုံ ကိုတော့ ၁၉၉၂ ခုနှစ်မှာ စတင်တည် ဆောက်နိုင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့အ ဆင့်မီစက်ရုံကြီးတစ်ရုံဖြစ်ပါတယ်။ နည်းပညာမှာလည်း နိုင်ငံတကာ အ ဆင့်အတန်းမီဖြစ်တဲ့အပြင် Safety အပိုင်းမှာလည်း စေ့စပ်သေချာစွာနဲ့ တည်ဆောက်ထားတဲ့ စက်ရုံကြီး တစ် ရုံ ဖြစ်ပါတယ်။ ပစ္စည်းထုပ်ပိုးမှုအပါ အဝင်ထုတ်လုပ်မှု အစိတ်အပိုင်း တွေကအစ သန့်ရှင်းသပ်ရပ်စွာနဲ့ ပြုမူလုပ်ဆောင်နေတဲ့ စက်ရုံကြီး တစ်ခုဆိုရင်လည်း မမှားပါဘူး။ အဲဒါ ကြောင့်လည်းChachoengsao စက်ရုံဟာ ၂ဝ၁၇ ခုနှစ်မှာ FDA ဆုတံဆိပ်ကို ချီးမြှင့်ခြင်း ခံခဲ့ရပါတယ်။

နောက်တစ်ခုက Navanakorn စက်ရုံပါ။ Navanakorn စက်ရုံကို Nestle ကနေပြီး ၁၉၈၈ ခုနှစ်မှာ စတင်တည်ဆောက်ခဲ့တာဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ ပထမဦးဆုံးသော နို့မှုန့် ထုတ်လုပ်ခဲ့တဲ့ စက်ရုံကြီးတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ Navanakorn စက်ရုံ ဟာ ဒီနေ့ ထက်ထိလည်း ထိုင်းနိုင်ငံ မှာ တစ်ခုတည်းသော နို့မှုန့်ထုတ်လုပ် တဲ့စက်ရုံဖြစ်နေဆဲပါပဲ။ Nestle ရဲ့ နိုင်ငံတကာနည်းပညာအတိုင်း တည် ဆောက်ထုတ်လုပ်ခဲ့တဲ့ စက်ရုံတစ်ခု ဖြစ်ပြီး Nescafe Coffee သံဘူးတွေ နဲ့ Nescafe Coffee mix တို့ကို အဓိက ထုတ်လုပ်နေတဲ့ စက်ရုံတစ်ခု လည်းဖြစ်ပါတယ်။ ကော်ဖီစေ့ ကုန် ကြမ်းတွေကိုတော့ ထိုင်းနိုင်ငံက ကော်ဖီစေ့ စိုက်ခင်းတွေကနေ ဝယ် ယူထားတာဖြစ်ပြီး ကွာလတီကိုလည်း အမြဲတမ်း စေ့စပ်သေချာအောင် စိစစ်လုပ်ဆောင်ပြီးမှ ဝယ်ယူလေ့ရှိ တယ်လို့ သိရတယ်။

ဒါ့အပြင် စားသုံးသူတွေအ တွက် ကျန်မားရေးနဲ့ ညီညွတ်တဲ့ စားသောက်ကုန်တွေကို ထုတ်လုပ် ဖြန့်ဖြူးလျက်ရှိနေတာမို့ ကျင့်ဝတ် ဆိုင်ရာနဲ့ တာဝန်ယူမှုအပိုင်းတို့မှာ ထိုင်းနိုင်ငံရဲ့ စံပြနမှုနာအဖြစ် ရပ် တည်လျက်ရှိနေတဲ့ စက်ရုံကြီးတစ်ခု လည်း ဖြစ်ပါတယ်။ ဒါ့အပြင် Nestle အင်ဒိုချိုင်းနားမှာ ထိုင်းနိုင် ငံ၊ မြန်မာနိုင်ငံ၊ ကမ္ဘောဒီယားနိုင်ငံ၊ လာအိုနိုင်ငံတို့ပါဝင်ပြီး Nava-nakorn စက်ရုံမှာသာ NQAC စင် တာတည်ရှိတာဖြစ်ပါတယ်။ ကွာလ တီတွေကို စမ်းသပ်စစ်ဆေးတဲ့နေရာ တစ်ခုဆိုရင်လည်း မမှားပါဘူး။NQAC (Nestle’ Quality Assurance Center) မှာ ခေတ်မီ နည်းပညာတွေနဲ့အတူ စမ်းသပ် စစ်ဆေးမှုတွေကို တိကျသပ်ရပ်စွာနဲ့ ဖော်ထုတ်ဖော်ဆောင်နေတဲ့နေရာ တစ်ခုလည်းဖြစ်ပါတယ်။ Nestle ရဲ့ ပေါ်လစီအတိုင်း ကွာလတီ နံပါတ် တစ်၊ လူမှုမြင့်မားရေးနဲ့ စားသုံးသူ တွေရဲ့ ကျန်းမာရေးကို စောင့်ရှောက် ပေးနေတဲ့ စင်တာ တစ်ခုဆိုရင်လည်း မမှားပါဘူး။ ထိုင်းနိုင်ငံရှိ စက်ရုံတွေ ထဲမှာလည်း တစ်ခုတည်းသော NQAC စင်တာရှိတဲ့ စက်ရုံတစ်ခု လည်းဖြစ်ပါတယ်။

Nestle’ Brand ၆ မျိုးကို မြန်မာနိုင်ငံမှာ ဖြန့်ချိလျက်ရှိနေပြီး အဲဒါတွေတော့ Maggiç Lastogen, Cerelac တို့နဲ့အတူ Nescafe, Nestle’ Bear Brand နဲ့ Milo တို့ကိုတော့ မြန်မာနိုင်ငံရှိ Nestle’ Myanmar စက်ရုံမှာ ထုတ်လုပ် ရောင်းချနေပြီ ဖြစ်ပါတယ်။ Nestle’ Myanmar စက်ရုံရဲ့ ရင်းနှီးမြှုပ်နှံမှု ဟာ အမေရိကန်ဒေါ်လာ ၂၅ သန်း ကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

ထက်လူ

Ads Space Available


Continue reading

YPS ကတ် နှင့် Qr Code အသုံးပြုသူ သုံးသိန်းခွဲကျော်ရှိလာ

ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် YBS ယာဉ်များတွင် YBS ယာဉ်စီးခငွေပေးချေရန် YPS ကတ် အသုံးပြုသူ နှစ်သိန်းကျော်ရှိလာပြီး QR Code အသုံးပြုရန် App Download ပြုလုပ်ပြီး အသုံးပြုသူ တစ်သိန်းခွဲကျော်ရှိကြောင်း Asia Starmar Transport Intelligent မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့ကြောင့် YPS ကတ်ကို စတင်ဖြန့်သည့်အချိန်မှ လက်ရှိအချိန်အထိ (၅၀) ရာခိုင်နှုန်း၊ (၆၀) ရာခိုင်နှုန်း ခန့်အထိ တိုးလာခြင်း ဖြစ်ကြောင်းလည်း သူကဆိုသည်။ လက်ရှိတွင် YPS ကတ်ကို...

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် နိုရိုဗိုင်းရပ်စ် ကူးစက်မြန်ရောဂါပိုးလက္ခာ ဖြစ်ပွားမှုမရှိဟု ဆို

မြန်မာနိုင်ငံတောင်ပိုင်း၊ ကရင်ပြည်နယ်၊ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် နိုရို ဗိုင်းရပ်စ် ကူးစက်မြန်ရောဂါပိုး လက္ခာ ဖြစ်ပွားသူမရှိသေးကြောင်း ဒေသတွင်း မြေပြင်စောင့်ကြည့်နေသူ လူမှုကူညီကယ်ဆယ်ရေးတာဝန်ခံတစ်ဦးက ယနေ့တွင် ပေါ်ပြူလာနယူးစ်သို့ ပြောသည်။ ယခု ရက်ပိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ် ရွှေကုက္ကိုလ်မြို့သစ်တွင် ဝမ်းပျက်ဝမ်းလျောသူအချို့ ရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည့်အပေါ် အခြေခံ၍ မြဝတီမြို့၏ အခြေအနေကို ဆက်သွယ်မေးမြန်းခဲ့ခြင်းဖြစ်သည်။ "မြဝတီမှာတော့ ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်တဲ့သူမရှိပါဘူး။ ကျွန်တော်တို့ကဆေးရုံအမြဲဝင်ထွက်နေတဲ့သူတွေ အသိဆုံးပါ။ ရွှေကုက္ကိုလ်မြို့မှာတော့ အယောက်(၄၀)လောက် ဝမ်းပျက်ဝမ်းလျောနေတဲ့သူတွေ ရှိတယ်လို့ သိရပေမယ့် ဘာကြောင့်ဖြစ်တာလဲတော့မသိဘူး"ဟု ၎င်း သိရှိထားမှုအား ရှင်းပြသည်။ ယင်းနှင့်ပတ်သက်၍ ရွှေကုက္ကိုလ်မြို့အခြေစိုက် လူမှုကူညီရေးအသင်းတစ်ခုထံသို့...

ရန်ကုန်တွင် စားသုံးဆီဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်နေပြီဟု MEODA ဥက္ကဋ္ဌပြော

ဈေးကွက်အတွင်း စားသုံးဆီများကို အိမ်အရောက်ပို့စနစ်နှင့် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဆောင်ရွက်ခဲ့ခြင်းကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် စားသုံးဆီဈေးနှုန်းကြီးမြင့်မှုကို ထိန်းသိမ်းနိုင်နေပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း (MEODA) ဥက္ကဋ္ဌ ဦးဆန်းလင်းက ပြောသည်။ မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ (၃၂) ကြိမ်မြောက် နှစ်ပတ်လည် အသင်းသားစုံညီအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ယင်းကဲ့သို့ ထိန်းသိမ်းနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။ လက်ရှိတွင် စားသုံးဆီကို အိမ်အရောက်ပို့စနစ်ဖြင့် ပို့ဆောင်ပေးနေသလို ဆီဝယ်ယူခွင့်စာအုပ်များဖြင့်လည်း အိမ်ထောင်စုတစ်စုလျှင် (၃) ပိဿာနှုန်းဖြင့် ရောင်းချပေးနေကြောင်း သိရသည်။ " စားသုံးဆီဈေးက ရန်ကုန်တိုင်းမှာတော့ ကျွန်တော်တို့ တော်တော်လေးကို ထိန်းသိမ်းပြီးတော့...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071