Saturday, November 23, 2024

သီလဝါ (၆) လမ်းသွား လမ်းပေါ်တွင်...

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သီလဝါ (၆) လမ်းသွားလမ်း၊ အောင်သပြေရွာအနီးတွင် ကုန်တင်ယာဉ် နှစ်စီး မျက်နှာချင်းဆိုင်တို-က်မိရာ အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း နယ်မြေခံ...

တည်ငြိမ်သည့်စီးပွားရေးစနစ်ဖြစ်‌ရေးတရုတ်ကအမေရိကနှင့်ဆွေးနွေးလို

ပေကျင်း၊နိုဝင်ဘာ ၂၂ နှစ်နိုင်ငံစီးပွားရေးနှင့်ကုန်သွယ်‌ရေးသည် တည်ငြိမ်ပြီး ရေရှည်တည်တံ့စေရန်အတွက် အမေရိကနှင့်တွေ့ဆုံဆွေးနွေးကာပိုမို ပူးပေါင်းဆောင်ရွက်ရန်၊မတူညီမှုများကို အတူတကွဖြေရှင်းနိုင်ရန် ဆွေးနွေးဖို့လမ်းဖွင့်ထားသည်ဟု ပေကျင်းကပြောကြားခဲ့သည်။ အပြန်အလှန်လေးစား‌ရေး၊ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနင့် နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက်မှုများအပေါ် အခြေခံကာ...

၂၀၂၅ ခုနှစ် ပညာသင်နှစ်မှစ၍ တိုင်းရင်းဆေးတက္ကသိုလ်တွင်...

မြန်မာ့တိုင်းရင်းဆေးပညာရှင်များအား ပါရဂူဘွဲ့ပေးအပ်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ် ပညာသင်နှစ်မှစ၍ တိုင်းရင်းဆေးတက္ကသိုလ်တွင် ပါရဂူသင်တန်းများဖွင့်လှစ်သွားမည်ဟု နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။ ၎င်းမှ ယမန်နေ့ နိုဝင်ဘာ...

နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်ကြားပူးပေါင်းဆောင်ရွက်ရေးကို အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့်...

ဖီလစ်ပိုင်နိုင်ငံတွင်ကျင်းပသည့် (၂၅)ကြိမ်မြောက် အာဆီယံကြည်းတပ်ဦးစီးချုပ်များအ စည်းအဝေးတက်ရောက်နေသည့် ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီးမောင်မောင်အေးသည် နိုဝင်ဘာ ၂၁ ရက်နေ့လည်ပိုင်းက အာဆီယံနိုင်ငံများမှ ကြည်းတပ်ဦးစီးချုပ်များနှင့် သီးခြားစီတွေ့ဆုံခဲ့သည်။ ကမ္ဘောဒီးယားဘုရင့်တပ်မတော်၊...
HomeNewsLocal Newsကရင်ပြည်နယ် အားကစားအဖွဲ့များထံ ပြည်နယ်ဝန်ကြီးချုပ်က...

ကရင်ပြည်နယ် အားကစားအဖွဲ့များထံ ပြည်နယ်ဝန်ကြီးချုပ်က အောင်နိုင်ရေးအလံနှင့် ငွေကျပ်သိန်း (၂၀၀) ထောက်ပံ့ပေးအပ်

အမျိုးသား အားကစားပွဲတော် ဝင်ရောက်ယှဉ်ပြိုင်မည့် ကရင်ပြည်နယ် အားကစားအဖွဲ့များထံ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ နိုဝင်ဘာ (၂၂) ရက်က တွေ့ဆုံအားပေး၍ အောင်နိုင်ရေးအလံနှင့် ငွေကျပ်သိန်း (၂၀၀) ထောက်ပံ့ပေးအပ်လိုက်ကြောင်း သိရသည်။

ထို့အပြင် ပြိုင်ပွဲယှဉ်ပြိုင်နေစဉ်အတွင်း ရွှေ၊ ငွေ၊ ကြေးရရှိသည့် အားကစားသမားများကို ချက်ချင်းဆုကြေးငွေများ ချီးမြှင့်သွားမည်ဟု ကရင်ပြည်နယ်ဝန်ကြီးချုပ် က ပြောကြားခဲ့သည်။

ပြည်နယ်သို့ ပြန်ရောက်သည့်အခါတွင်လည်း ထိုက်ထိုက်တန်တန် ထောက်ပံ့ဂုဏ်ပြုချီးမြှင့်ပေးသွားမည် ဖြစ်သည့်အတွက် အနိုင်မခံ၊ အရှုံးမပေးစိတ်ဓာတ်ကို မွေးမြူပြီး နောက်ဆုံးအချိန်ထိ မလျှော့သော ဇွဲစိတ်ဓာတ်နှင့် ယှဉ်ပြိုင်ကြကာ ပြည်နယ်ဂုဏ်ကို ဆောင်နိုင်သော ပြည်နယ်ဂုဏ်ဆောင် ထူးချွန်အားကစားသမားများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ပြီး ဆုငွေများ ပေးအပ်ခဲ့သည်။

နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၄ ခုနှစ် ပဉ္စမအကြိမ်မြောက် အမျိုးသားအားကစားပွဲတော်သို့ ကရင်ပြည်နယ်မှ အားကစားနည်း (၂၃) နည်း၊ အားကစားသမားပေါင်း (၄၆၅) ဦး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

သီလဝါ (၆) လမ်းသွား လမ်းပေါ်တွင် ကုန်တင်ယာဉ် နှစ်စီး မျက်နှာချင်းဆိုင်တို-က်မိပြီး အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာများရ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သီလဝါ (၆) လမ်းသွားလမ်း၊ အောင်သပြေရွာအနီးတွင် ကုန်တင်ယာဉ် နှစ်စီး မျက်နှာချင်းဆိုင်တို-က်မိရာ အမျိုးသား (၁)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း နယ်မြေခံ လူမှုကူညီရေးအသင်းတို့ထံမှ သိရသည်။ သီလဝါ (၆) လမ်းသွားလမ်း၊ အောင်သပြေရွာအနီးတွင် ယမန်နေ့ (၂၂) ရက်၊ ည (၉)နာရီ မိနစ် (၅၀)အချိန်ခန့်က ယာဉ်မတော်တဆမှု ဖြစ်ပွားကြောင်း သတင်းအရ အလယ်ရွာ လူမှုကူညီရေးအသင်း(သန်လျင်)၊ မင်္ဂလာ လူမှုကူညီရေးအသင်း(ကျောက်တန်း)တို့မှ စေတနာ့ ဝန်ထမ်းများ သွားရောက် ကူညီခဲ့ကြကြောင်း သိရသည်။ ဖြစ်စဉ်မှာ ကုန်တင်ယာဉ် နှစ်စီး...

တည်ငြိမ်သည့်စီးပွားရေးစနစ်ဖြစ်‌ရေးတရုတ်ကအမေရိကနှင့်ဆွေးနွေးလို

ပေကျင်း၊နိုဝင်ဘာ ၂၂ နှစ်နိုင်ငံစီးပွားရေးနှင့်ကုန်သွယ်‌ရေးသည် တည်ငြိမ်ပြီး ရေရှည်တည်တံ့စေရန်အတွက် အမေရိကနှင့်တွေ့ဆုံဆွေးနွေးကာပိုမို ပူးပေါင်းဆောင်ရွက်ရန်၊မတူညီမှုများကို အတူတကွဖြေရှင်းနိုင်ရန် ဆွေးနွေးဖို့လမ်းဖွင့်ထားသည်ဟု ပေကျင်းကပြောကြားခဲ့သည်။ အပြန်အလှန်လေးစား‌ရေး၊ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးနင့် နှစ်ဦးနှစ်ဘက် ပူးပေါင်းဆောင်ရွက်မှုများအပေါ် အခြေခံကာ ဆွေးနွေးသွားမည်ဟုလည်း တရုတ်၏နိုင်ငံတကာ ကုန်သွယ်‌ရေး ကိုယ်စားလှယ်နှင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး Wang Shouwen က သတင်းစာရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။ တရုတ်အနေဖြင့် နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေး အကျိုးစီးပွားများကို ခိုင်မာစွာကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ပြီးတရုတ်နှင့်အမေရိကတို့၏စီးပွားရေးသည် နှစ်လွှာပေါင်းမှ တရွက်ဖြစ်သည့် စွယ်တော်ရွက် သဖွယ်ဖြစ်ကြောင်းဆိုကာ နှစ်နိုင်ငံဆက်ဆံရေး၏ အရေးကြီးမှုကိုလည်းအလေးပေးပြောကြားခဲ့သည်။ မျှတပြီး ရေရှည်တည်တံ့သော စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေးကို ထိန်းသိမ်းခြင်းသည် နှစ်ဖက်စလုံးမှပြည်သူများအတွက်သာမက...

၂၀၂၅ ခုနှစ် ပညာသင်နှစ်မှစ၍ တိုင်းရင်းဆေးတက္ကသိုလ်တွင် ပါရဂူသင်တန်းများဖွင့်လှစ်မည်

မြန်မာ့တိုင်းရင်းဆေးပညာရှင်များအား ပါရဂူဘွဲ့ပေးအပ်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ် ပညာသင်နှစ်မှစ၍ တိုင်းရင်းဆေးတက္ကသိုလ်တွင် ပါရဂူသင်တန်းများဖွင့်လှစ်သွားမည်ဟု နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောသည်။ ၎င်းမှ ယမန်နေ့ နိုဝင်ဘာ ၂၂ ရက်နံနက်ပိုင်းက နေပြည်တော်၌ကျင်းပသည့် (၂၃)ကြိမ်မြောက် မြန်မာ့တိုင်းရင်းဆေးသမားတော်များညီလာခံနှင့် မြန်မာ့တိုင်းရင်းဆေးပညာနှီးနှောဖလှယ်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်မှ တိုင်းရင်းဆေးပညာကဏ္ဍကိုမြှင့်တင်ပေးလျက်ရှိပြီး ၂၀၀၁ ခုနှစ်၌ မန္တလေးမြို့တွင် တိုင်းရင်းဆေးတက္ကသိုလ်ဖွင့်လှစ်ကာ မျိုး ဆက်သစ်များကို မြန်မာ့တိုင်းရင်းဆေးပညာဘွဲ့၊ မြန်မာ့တိုင်းရင်းဆေးပညာမဟာဘွဲ့များ အပ်နှင်းနိုင်ခဲ့သည်ဟု ပြောသည်။ " အခုအခါမှာ တိုင်းရင်းဆေးတက္ကသိုလ်က မြန်မာ့တိုင်းရင်းဆေးပညာရှင်တွေကို ဒီပလိုမာအ ဆင့်၊ ဘွဲ့ရအဆင့်ကနေ တိုင်းရင်းဆေးပညာမ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071