မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည့်အတွက် ကလေ-းအလုပ်သမားပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များကို အရှိန်အဟုန်မပြတ် ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်ရန် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် က ပြောကြားသည်။
မြန်မာနိုင်ငံ ကလေ-းအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သဖြင့် ကလေ-းအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် အကြောင်းအမျိုးမျိုးကြောင့် နှောင့်နှေးကြန့်ကြာမှုများ၊ အခက်အခဲများ၊ အားနည်းချက်များရှိသော်လည်း ကလေ-းအလုပ်သမား လျော့နည်းပပျောက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်သတ်မှတ်ကာ စီမံချက်ပါအညွှန်းကိန်းများရရှိအောင် ရေရှည်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အမျိုးသားအဆင့် လုပ်ငန်းကော်မတီ (၈) ရပ်အနေဖြင့် လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈ ခုနှစ်)ပါ အညွှန်းကိန်းများကိုရရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုအပ်ကြောင်း ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ကပြောသည်။
ကလေ-းအလုပ်သမားအများစုသည် ဆင်းရဲနွမ်းပါးမှု၊ ပညာသင်ယူခွင့် အားနည်းမှုနှင့် မိသားစုစားဝတ်နေရေးအတွက် ဝင်ငွေရအလုပ်အကိုင်များကို မဖြစ်မနေလုပ်ကိုင်ရန် ဖိအားများကြုံတွေ့နေရခြင်းကြောင့် ကလေ-းအလုပ်သမားပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များကို အရှိန်အဟုန်မပြတ် ထိရောက်စွာအကောင်အထည်ဖော်ဆောင်ရွက်သွားရန် တိုက်တွန်းပြောကြားခဲ့သည်။