ရန်ကုန်၊ဇူလိူင် ၂၅
ကိုဗစ်ကူးစက်လူနာများဟာ ဆေးရုံတက်ဖို့ အခက်ခဲများရှိနေကြပါသည်။ လက်ရှိတွင် ရန်ကုန်ဆေးရုံကြီးဝေဘာဂီဆေးရုံ ၊ဖောင်ကြီး စင်တာ၊ ရိုးမ စင်တာများမှာ တက်ခွင့်ပေးနေသော်လည်း လုံလောက်မူ့မရှိသေးပါ။
ကန်တော်ကြီးမျက်စေ့ကုဆေးရုံ
ကြည့်မြင်တိုင်အရိုးဆေးရုံ၊တောင်ဥက္ကလာ
မိခင်ကလေးဆဆေးရုံများကို ကိုဗစ်၁၉ဆေးရုံ
အဖြစ်ပြောင်းလိုက်ခြင်းမျိုး၊အနောက်ပိုင်း
ဆေးရုံ၊အရှေ့ပိုင်းဂန္ဒီဆေးရုံ၊ဂျပန်ဆေးရုံသစ်
ကြီးတွေမှာရှိတဲ့နှလုံးကျောက်ကပ်ကင်ဆာ
စတဲ့၉၆ပါးရရောဂါစုံနဲ့ဆေးရုံတက်နေရေသာလူနာများကိုရန်ကုန်ဆေးရုံကြီးဆီလွှဲပြောင်းကုသစေပြီး ထိုဆေးရုံများကိုဗစ်ဆေးရုံတွေ အဖြစ်ပြောင်းလဲကာ လူနာလက်ခံကုသပေးနေပြီဖြစ်သဖြင့် ကိုဗစ်လူနာလက်ခံကုသနိုင်မူ့များလာပါသည်။
သို့သော်လည်းနေ့စဥ် တိုးလာသည့်P+လူနာ တွေကြောင့် waiting listစောင့်နေသူများပြားလျှက်ရှိဆဲပါ။ လူနာအရေအတွက်ကလည်း တယောက်ဆင်းသုံးယောက်တက်နူန်းလောက် ဖြစ်နေသဖြင့်ပြည်သူများ အခက်အခဲဖြစ်လျှက်ရှိဆဲပါ။
ထို့ပြင် ခလေးမီးဖွားမည့် မိခင်လောင်းများတွင် ကိုဗစ်ပိုးရှိပါက ပုဂ္ဂလိကဆေးရုံများက လက်ခံပြီး မွေးမပေးသဖြင့် ကိုဗစ်ပိုးရှိနေသော မွေးလူနာများအတွက် အဆင်ပြေစေမည့် ဆေးရုံ ကိုလည်း သတ်မှတ်ပေးစေလိုကြောင်း မိခင်လောင်းများတောင့်တလျှက်ရှိသည်။