Monday, January 6, 2025

ပုဂံရှေးဟောင်း သုတေသန ပြတိုက်သို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်...

ပုဂံရှေးဟောင်း သုတေသန ပြတိုက်သို့ ယခု ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် (၃၀၀၀၀) နီးပါးဝင်ရောက်ခဲ့ကြောင်းရှေးဟောင်း...

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမြင့်တက်လာ

ဈေးကွက်အတွင်း ရောင်းချရမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း မြင့်တက်လာကြောင်း ထုတ်ပြန်ထားသည့် ဈေးနှုန်းအရ သိရသည်။ ယခုတစ်ပါတ်အတွက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာ ငွေကျပ် (၇၂၈၀)...

ဆောင်းရာသီ ဖြစ်သော်လည်း စစ်ကိုင်း ၊...

နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ရာသီဥတု သာယာပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇန်နဝါရီ...

၂၀၂၄ အာဆီယံချန်ပီယံရှစ် ဗိုလ်လုပွဲ တစ်ဂိုးအကျောဖြင့်အနိုင်ရရှိခဲ့သည့်...

ဇန်နဝါရီ(၅)ရက် မြန်မာစံတော်ချိန် ည(၇)နာရီခွဲအချိန်တွင် ထိုင်းနှင့်ဗီယက်နမ်လက်ရွေးစင်အသင်းတို့ အာဆီယံ မစ်ဆူဘီရှီချန်ပီယံရှစ် ဒုဝိယအကျော့ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစားရာ ဗီယက်နမ်အသင်းက တစ်ဂိုးအကျောဖြင့်ထပ်မံ အနိုင်ရရှိခဲ့သည်။ ပွဲစဉ်ပထမပိုင်းပြီးဆုံးချိန်တွင် တစ်ဘက် တစ်ဂိုးစီဖြင့်...
HomeInternationalကိုဗစ်ဖြစ်ပြီး ၅နှစ်အကြာတွင် နောက်ထပ်ဗိုင်းရပ်စ်အသစ်တစ်မျိုး...

ကိုဗစ်ဖြစ်ပြီး ၅နှစ်အကြာတွင် နောက်ထပ်ဗိုင်းရပ်စ်အသစ်တစ်မျိုး တရုတ်နိုင်ငံတွင် ဖြစ်ပွားနေပြန်ဟုဆို

Covid-19 ကပ်ရောဂါဖြစ်ပွားပြီးနောက် ငါးနှစ်အကြာတွင် Human metapneumovirus (HMPV) ဆိုသည့် ဗိုင်းရပ်စ်အသစ်တစ်မျိုးကို တရုတ်နိုင်ငံ၌ကိုင်တွယ်ဖြေရှင်း‌နေရကြောင်း သိရသည်။

သတင်းအစီရင်ခံစာများနှင့် ဆိုရှယ်မီဒီယာများတွင် ယင်း ဗိုင်းရပ်စ် လျင်မြန်စွာ ပျံ့နှံ့နေကြောင်း အချို့က ဆိုကာ အတည်မပြုနိုင်သော သတင်းများကလည်း ဆေးရုံများတွင် လူများရှိ‌နေကြ‌ကြောင်းဆိုကြသည်။ အွန်လိုင်းတွင် မျှဝေထားသည့် ဗီဒီယိုများတွင် တုပ်ကွေး၊ HMPV၊ Mycoplasma pneumoniae နှင့် Covid-19 အပါအဝင် ဗိုင်းရပ်စ်အများအပြား ပျံ့နှံ့နေကြောင်းနှင့် လူစည်ကားလျှက်ရှိ‌နေသော ဆေးရုံများကို ရိုက်ကူး ပြသထားသည်။

တရုတ်နိုင်ငံကမူ ယင်းဗိုင်းရပ်စ်ပြန့်နှံ့ခြင်းကို အတည်မပြုနိုင်သေးကြောင်း အခိုင်အမာဆိုထားသည်။ HMPV သည် တုပ်ကွေးကဲ့သို့ လက္ခဏာများ ဖြစ်စေကြောင်း သိရပြီး Covid-19 နှင့် ဆင်တူသော လက္ခဏာများကိုလည်း ပြသနိုင်သည်။ ကျန်းမာရေး တာဝန်ရှိသူများကလည်း အခြေအနေကအရပ်ရပ်ကို အနီးကပ် စောင့်ကြည့်နေကြောင်း သိရသည်။

တချိန်တည်းမှာပင် တရုတ်နိုင်ငံ၏ ရောဂါထိန်းချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများက ဆောင်းရာသီတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါအချို့ ဖြစ်ပွားမှုနှင့်အတူ ဆောင်းရာသီတွင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ မြင့်တက်လာနိုင်ဖွယ်ရှိသဖြင့် အမျိုးအမည်မသိ အဆုတ်ရောင်ရောဂါ စောင့်ကြည့်ရေးစနစ်တစ်ခုကို စမ်းသပ်လုပ်ဆောင်နေသည်ဟု သောကြာနေ့က ပြောကြားခဲ့‌ကြောင်းReuters သတင်းဌာန၏ သတင်းတစ်ပုဒ်တွင်ရေးသားဖော်ပြထားသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပုဂံရှေးဟောင်း သုတေသန ပြတိုက်သို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် (၃၀၀၀၀) နီးပါးဝင်ရောက်ခဲ့

ပုဂံရှေးဟောင်း သုတေသန ပြတိုက်သို့ ယခု ၂ဝ၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည် (၃၀၀၀၀) နီးပါးဝင်ရောက်ခဲ့ကြောင်းရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ သိရသည်။ ယခုဘဏ္ဍာရေးနှစ် ဧပြီလမှ ဒီဇင်ဘာလအထိ ပြည်တွင်းခရီးသွားဧည့်သည် (၂၉၄၃၉) ဦးနှင့် ပြည်ပခရီးသွားဧည့်သည် (၂၅၇) ဦး စုစုပေါင်း (၂၉၆၉၆) ဦးဝင်ရောက်ခဲ့ကြောင်း သိရသည်။ ပုဂံရှေးဟောင်း သုတေသနပြတိုက်ကို ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၅) ရက်မှစ၍ ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်နိုင်စေရန်...

စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမြင့်တက်လာ

ဈေးကွက်အတွင်း ရောင်းချရမည့် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း မြင့်တက်လာကြောင်း ထုတ်ပြန်ထားသည့် ဈေးနှုန်းအရ သိရသည်။ ယခုတစ်ပါတ်အတွက် စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာ ငွေကျပ် (၇၂၈၀) ဖြစ်ပြီး ပြီးခဲ့သည့်တစ်ပါတ်တွင် တစ်ပိသာ (၆၀၀၀) ကျော်သာရှိကြောင်း သိရသည်။ ယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီ ထုတ်လုပ်တင်ပို့သည့် နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီ (၆) ရက်မှ (၁၂) ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် (၇၂၈၀) ဖြစ်ကြောင်း ထုတ်ပြန်...

ဆောင်းရာသီ ဖြစ်သော်လည်း စစ်ကိုင်း ၊ ချင်းနှင့် ကချင်ပြည်နယ်တို့တွင် မိုးရွာနိုင်ချေရှိနေ

နေပြည်တော်၊ ရန်ကုန်တိုင်း၊ ပဲခူးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် ရာသီဥတု သာယာပြီး စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်နှင့် ချင်းပြည်နယ်တို့တွင် နေရာကွက်ကျား မိုးအနည်းငယ်ရွာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇန်နဝါရီ (၆) ရက်၊ နံနက်(၇)နာရီအချိန် ထုတ်ပြန်ချက်အရ သိရသည်။ ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေမှာ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေကြောင်း မိုးဇလမှ ထုတ်ပြန်သည်။ ယနေ့ညနေအထိခန့်မှန်းချက်တွင် နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင် အများအားဖြင့် သာယာပြီး၊ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်ဖြစ်သည်။ နောက်(၂)ရက်အတွင်း ခန့်မှန်းချက်အရ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071