လွှမ်းပိုင်ရဲ့ ‘ကိုယ်စောင့်နတ်’ ပြီးတဲ့နောက်မှာ ထပ်မံရိုက်ကူးမယ် ရုပ်ရှင်တစ်ကား ရှိပါသေးတယ်။ “သေချာတာကတော့ ကိုယ်စောင့်နတ်ပြီးတဲ့ နောက်ပိုင်းမှာ ကျွန်တော်ရယ်၊ ကိုထက်ရယ် (ဝင်းလွင်ထက်)၊ Red Radiance ရယ်ပေါင်းပြီးတော့ တစ်ကားထပ်ရိုက်ဖို့ ရှိပါတယ်။ အဲ့ဒီ့ကားကို ပိုပြီးတော့ နက်နဲတယ်။ နက်နဲတယ် ဆိုတာက ကျွန်တော်က အင်တာတိန်းမန့်ကားမျိုးတွေပဲ ရိုက်မှာပါ။ ပညာပေးတွေ၊ ဒရာမာတွေ မရိုက်ဘူးလို့ စဉ်းစားထားတယ် ဆိုတော့ နောက်ရိုက်မယ့်ကားက ဖျော်ဖြေမှုရသမြောက်မယ့် ဇာတ်ကားတစ်ကားပါ။ ကျောင်းသားကားတော့ မဟုတ်ပါဘူး။ လူငယ်ဆန်ဆန်နဲ့ ကျွန်တော် ရိုက်နေကျ ပုံစံမျိုး မဟုတ်တဲ့ကားမျိုးပေါ့။ ဇာတ်လမ်းကိုလည်း ကျွန်တော်ရယ်၊ ဖေ့စ်ဘုတ်ခ်ပေါ်မှာ ဝတ္ထုတိုလေးတွေရေးတဲ့ ဇေယျာရယ်ပေါင်းပြီးတေ့ ရေးထားတဲ့ဟာလေးပါ” လို့ လွှမ်းပိုင်က သူ့ရဲ့ဇာတ်ကားအကြောင်းကို ပြောပြပါတယ်။ အဲ့ဒီဇာတ်ကားကကော ကိုယ်တိုင်ပရိုဂျူဆာ လုပ်ထားတာလားလို့ဆိုတော့ . . .
“တစ်စိတ်တစ်ဒေသပေါ့။ ကျွန်တော် အပြည့်ကြီးတော့ မဟုတ်ပါဘူး (ရယ်လျက်)။” လို့ ဆိုပါတယ်။ ကိုယ်တိုင် ပရိုဂျူဆာ လုပ်တဲ့အခါ ဘာတွေအားသာချက် ရှိမလဲလို့ဆိုတော့ . . . “ပိုပြီးတော့ ပျော်ဖို့ကောင်းတယ်။ ဥပမာ – ကိုယ်လုပ်ချင်တာကို ကိုယ့်ဘာသာ တိုင်ပင်ခွင့်ရတယ်။ ပိုပြီးတော့မှ လုပ်ခွင့်လည်းရတယ်။ ပြီးတော့ ကျွန်တော်နဲ့ ရိုက်မယ့်သူတွေကလည်း ကိုထက်လည်းဖြစ်တယ်။ ကိုယ့်လူရင်းတွေပဲ ဖြစ်တဲ့အခါကျတော့ တိုင်တိုင်ပင်ပင်နဲ့ လုပ်ဖြစ်တယ်။ ပိုပြီးတော့ အားရတာပေါ့” လို့ ပြောပြခဲ့ပါတယ်။
မျိုးမောင်
ဓာတ်ပုံ – အောင်ဇော်မင်း