သရုပ်ဆောင်နေတိုးက မြောက်ဒဂုံမြို့နယ်၊ ဘေလီတံတားအနီးမှာ ဆောက်လုပ်နေတဲ့ သူ့ရဲ့စတူဒီယိုကို ၂ဝ၁၇ ခုနှစ် ဇွန်လမှာ ဖွင့်လှစ်ဖို့ရည်ရွယ် ထားပေမယ့် နှစ်ကုန်ပိုင်းလောက်မှသာ ဖွင့်လှစ်ဖြစ်မယ်လို့ပြောပါတယ်။ ဒီစတူဒီယိုကိုတော့ သူ့ရဲ့အနုပညာနဲ့ ဆောက်လုပ် ခြင်းဖြစ်ကြောင်းကိုလည်း နေတိုးက …
” အဓိကက စတူဒီယို တည်ဆောက်တာက ကျွန်တော်တို့ နိုင်ငံခြား ခရီးတွေသွားပြီး စတူဒီယို တွေကို လေ့လာတဲ့အချိန်မှာ ကျွန်တော်တို့သိထားတာ နဲ့ကျွန်တော်တို့ဆီမှာ အရင်တုန်းကရှိခဲ့တဲ့ စတူဒီယိုတွေရှိတယ်လေ။ အဲဒါမျိုးတွေကို ဗားရှင်းတစ်ခုအနေနဲ့ ကိုယ်တွေ ပရိသတ်လက်ခံနေတဲ့အချိန်၊ ကိုယ် တွေရလာတဲ့ အနုပညာကြေးတွေ ဒီလိုအင်အားတွေကို ကျွန်တော်က ပရိသတ်တွေအားပေးတဲ့ ကိုယ့်အနုပညာကို ပံ့ပိုးပေးနိုင်တဲ့ နေရာ တစ်ခုတို့ အကုန်လုံး ထည့်ဝင်ပြီးတော့မှ ဇာတ်ကား ကောင်းတွေနဲ့ ပြင်ဆင်မှုတွေ Workshop တွေ၊ Pre Production တွေ၊ Post Production တွေလုပ်လို့ရတဲ့ နေရာတစ်ခုကို အသက်သွင်းတာပေါ့။ အရင် တုန်းက ရုပ်ရှင်ခေတ်ဦးတုန်းကရှိခဲ့ပြီးတာတစ်ခု ဗီဒီယိုခေတ်မှာ တော်တော် ပျောက်သွားတယ်။ အဲဒါတစ်ခုကို အကောင်အထည်ဖော်တဲ့အနေနဲ့ ဒါလေးကို ကျွန်တော့်ရဲ့ အနုပညာကြေးတွေနဲ့ စုပြီးတော့မှ တည်ဆောက်ထားတဲ့ စတူဒီယိုလေးဖြစ်ပါတယ်” လို့ ပြောပါတယ်။ နေတိုးက အခုနောက်ပိုင်းမှာ ရိုက်ကူးမယ့် ဇာတ်ကားတွေက မင်းသားများများ၊ မင်းသမီးများများ ပါဝင်တဲ့ အုပ်စုနဲ့ ရိုက်ကူးတဲ့ရုပ်ရှင်ဇာတ်ကားတွေများပြီး ဒီနှစ်ထဲမှာ ပရိသတ်တွေနဲ့ အမြင်ဆန်းစေမယ့် ဇာတ်ရုပ်တွေလည်း ပါဝင်မှာ ဖြစ်ကြောင်း ပြောပါတယ်။ နေတိုးက လတ်တလောမှာ “တည်ကြက်” ရုပ်ရှင်ဇာတ်ကားကို ပြင်ဦးလွင်မှာ သင်ဇာဝင့်ကျော်၊ ရွှေသမီး၊ နန်းခင်ဇေယျာ၊ ယဉ်လက်၊ မေမြတ်နိုးတို့နဲ့ ရိုက်ကူးခဲ့ပြီး ရိုက်ကွင်းပေါ်မှာ ထိခိုက်ဒဏ်ရာ အနည်းငယ်ရရှိခဲ့တယ်လို့ သိရပါတယ်။
ခိုင်ဝေလွင်