မြန်မာနိုင်ငံရှိ ငလျင်ဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးလုပ်ငန်းများဆောင်ရွက်ရန် အလှူငွေများလှူဒါန်းခဲ့ကြသည်။
အဆိုပါ ငွေလှူဒါန်းမှုများအား ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးမှ လက်ခံရယူခဲ့သည်။
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်နေ့က အင်အား ရစ်ချ်တာစကေး (၇.၇) ပမာဏရှိ အလွန်ပြင်းထန်သောငလျင် လှုပ်ခတ်ခဲ့မှုကြောင့် မြန်မာနိုင်ငံရှိ ဒေသအနှံ့အပြားတွင် ပျက်ဆီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သဖြင့် ယင်းငလျင်ဘေးသင့်ဒေသများမှ ပြည်သူများအား လိုအပ်သည့် ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက် နိုင်ရန်အတွက် ကိုရီးယားနိုင်ငံသားစေတနာရှင်များဖြစ်ကြသော Mr. Jang Min Choi မှ ကိုရီးယားဝမ် တစ်သန်းတိတိ (ဝမ် ၁,၀၀၀,၀၀၀) ၊ Mr. Jamie Jangkook Choi မှ အမေရိကန်ဒေါ်လာ တစ်ထောင်တိတိ (USD $ 1,000/-) နှင့် ဆိုးလ်မြို့ရှိ မြန်မာ စစ်သံ (ကြည်း၊ ရေ၊ လေ) ရုံးဝန်ထမ်းမိသားစုမှ ကိုရီးယားဝမ် တစ်သန်းခြောက်သိန်းတစ်သောင်း လေးထောင်တိတိ (ဝမ် ၁,၆၁၄,၀၀၀/-) တို့ကို မြန်မာသံရုံး၊ ဆိုးလ်မြို့သို့ ဧပြီ ၄ ရက်နေ့တွင် လာရောက်လှူဒါန်းခဲ့သည်။
အဆိုပါလှူဒါန်းငွေအား နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ငလျင်ဘေးသင့်ပြည်သူများကို ဆက်လက်ပေးပို့လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။