၂၀၂၄ ခုနှစ် ကိုရီးယားဘာသာ အရည်အချင်းစစ် စာမေးပွဲ (EPS-TOPIK) နှင့် Skills Test (ကုန်ထုတ်လုပ်ငန်း ပထမအ သုတ်နှင့် ဝန်ဆောင်မှုလုပ်ငန်း အုပ်စု-၁) အောင်မြင်ပြီးသူ များကို အလုပ်လျှောက်လွှာခေါ်ယူသွားမည်ဖြစ်ကြောင်း အ စိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA) မှ အသိပေးကြေညာထားသည်။
ဖော်ပြပါ အလုပ်နေရာများအတွက် အလုပ်လျှောက်လွှာခေါ်ယူခြင်းကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ၊ နောက်ဆုံးရက်သတ္တပတ် (သို့မဟုတ်) ၂၀၂၅ ခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ဆောင်ရွ က်သွားမည်ဖြစ်ကြောင်း သိရသည်။
(၁၆) ကြိမ်မြောက် ကိုရီးယားဘာသာအရည်အချင်းစစ်စာ မေးပွဲ (EPS-TOPIK) နှင့် Skills Test (ကုန်ထုတ်လုပ်ငန်း ပထမအသုတ်နှင့် ဝန်ဆောင်မှုလုပ်ငန်း အုပ်စု-၁) စာမေးပွဲကို ပြီးခဲ့သည့် အောက်တိုဘာလတွင် ဖြေဆိုခဲ့ခြင်းဖြစ်သ ည်။
ကိုရီးယားနိုင်ငံမှ ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့်မွေးမြူ ရေးလုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းများအပြင် အမျိုးသ မီးများပါ လုပ်ကိုင်ခွင့်ရမည့် ဝန်ဆောင်မှု လုပ်ငန်းအတွ က်ကိုပါ ခေါ်ယူထားပြီး စုစုပေါင်းလုပ်သား (၁၀၀၀၀)ကျော် စေလွှတ်သွားရန်ရှိကြောင်း အလုပ်သမားညွှန်ကြားမှု ဦးစီး ဌာနမှ သိရသည်။
ယင်းတွင် ခေါ်ယူမည့် လုပ်သားဦးရေမှာ ကုန်ထုတ် (၉၆၁၇) ယောက်၊ စိုက်/မွေး (၂၃၃)ယောက်၊ ဆောက်လုပ်ရေး (၁၈၂) ယောက်၊ ဝန်ဆောင်မူ (၁) အယောက် (၇၀) ၊ ဝန်ဆောင်မှု (၂) (၃၃၀၆) ယောက် ဖြစ်ကြောင်း သိရသည်။
ယခုလက်ရှိ တောင်ကိုရီးယားနိုင်ငံတွင် EPS စနစ်ဖြင့် မြန် မာလုပ်သား (၇၀၀၀၀)ကျော် ရောက်ရှိ အလုပ်လုပ်ကိုင်နေကြကြောင်း သိရသည်။