ပြည်သူ့ရင်ပြင်၌ ပြုလုပ်သည့် ရှင်သာမဏေ အပါး (၅,၅၀၀) အား ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင် ကုန်သည်စက်မှုအသင်းချုပ်နှင့် ညီနောင်အသင်းများမှ ပါဝင်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဧပြီ (၆) ရက်တွင် သဲဖြူတောရ ဓမ္မရိပ်သာနှင့် မဟာမြိုင်တောရ ဓမ္မရိပ်သာတို့၏ ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တပညာဇောတ အမှူးပြုသည့် ရှင်သာမဏေ အပါး (၅,၅၀၀) အား ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဆွမ်းဆန်စိမ်းလော င်းလှူပွဲကျင်းပခဲ့ခြင်း ဖြစ်သည်။
ယင်းတွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထု ပစ္စည်းများအားပါဝင် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ လောင်းလှူပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သဲဖြူဆရာတော်ကြီး၏ တပည့်သာဝက အလှူရှင် ဒါယိကာ ဒါယိကာမများလည်း စုပေါင်းပါဝင် ဆွမ်းဆန်စိမ်း လောင်းလှူခဲ့ကြကြောင်း သိရသည်။