Monday, April 7, 2025

စစ်ကိုင်းနှင့် မန္တလေး အပါအဝင် တိုင်းနှင့်ပြည်နယ်အားလုံးတွင်...

ယနေ့ ဧပြီလ (၇) ရက် မြန်မာစံတော်ချိန် နံနက် (၇) နာရီအချိန် မိုးလေဝသနှင့် ဇလဗေဒညျွန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည့် သတိပေးချက်အရ...

အင်းလေး ကေလာကျေးရွာတွင်ဖွင့်လှစ်ထားသည့် ယာယီဆေးရုံ၌လျှပ်စစ်မီးပြန်ရ

ငလျင်ဒဏ်ကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ နယ်၊ အင်းလေးဒေသတွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ကာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ပြီး တာဝန်ရှိသူများက ကေလာကျေးရွာတွင် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ ကူညီမှုများပြုလုပ်ပေးလျက်ရှိပြီး ထိခိုက်ဒဏ်ရာရသူများကိုလည်း ယာယီဆေးရုံဖွင့်လှစ်ကာ...

မန္တလေးမြို့တွင် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသည့် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များကို နစက...

ချမ်းမြသာစည်မြို့နယ်ရှိ လေဆိပ်ဟောင်းနေရာ၌ ယာယီဆေးရုံဖွင့်လှစ်၍ ဆေးကုသပေးနေသည့် အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့ 60 Parachute Field Hospital တွင် ဆေးကုသမှုခံယူနေသူများကိုနစက ဥက္ကဋ္ဌက ဧပြီ...

စစ်ကိုင်းတွင် လုပ်အားပေးနေသည့် စေတနာ့ဝန်ထမ်းများ၊ မလေးရှား...

ဧပြီ ၆ ရက်နံနက်ပိုင်း စစ်ကိုင်းမြို့သို့ ရောက်ရှိနေသာ နစက ဥက္ကဋ္ဌ၊ နိုင်ငံ တော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ငလျင်ဒဏ်ကြောင့်ထိခိုက်ပျက်စီးခဲ့သည့် "မြတ်"ကိုယ်ပိုင်အထက်တန်းကျောင်း၌ အပျက်အစီးများအား...
HomeNewsLocal Newsကူညီကယ်ဆယ်ရေးဆောင်ရွက်လိုသည့် မည်သည့်အဖွဲ့အစည်းမဆို ကြိုဆိုလက်ခံသွားမည်ဟု...

ကူညီကယ်ဆယ်ရေးဆောင်ရွက်လိုသည့် မည်သည့်အဖွဲ့အစည်းမဆို ကြိုဆိုလက်ခံသွားမည်ဟု နစကထုတ်ပြန်

ငလျင်ကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများအား ကူညီကယ်ဆယ်ရေးဆောင်ရွက်လိုသည့် မည်သည့်အဖွဲ့အစည်းပင်ဖြစ်စေ
လုပ်ထုံးလုပ်နည်းနှင့်အညီအကြောင်းကြားသတင်းပို့လာပါက နိုင်ငံတော်အစိုးရအနေဖြင့် ကြိုဆိုလက်ခံသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ သတင်းထုတ်ပြန်ရေးအဖွဲ့ ထုတ်ပြန်ထားသည်။

လက်ရှိတွင် တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ထိုင်း ၊ စင်ကာပူ၊ မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်၊ ယူအေအီး၊ လာအို၊ ဘယ်လာရုစ်၊ အင်ဒိုနီးရှား၊ ဘူတန်၊ ဖိလစ်ပိုင်၊ ဂျပန် ၊ တရုတ်(ဟောင်ကောင်) စသည့် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ လေကြောင်းကူညီထောက်ပံ့မှု လေယာဉ် ၅၃ စီး၊ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၁၉၁၅ ဦး ရောက်ရှိပြီး ကယ်ဆယ်ရေးလုပ်ငန်းများဆောင် ရွက်လျက်ရှိကာ ထောက်ပံ့ရေးပစ္စည်း တန်ချိန် ၃၅၄ တန်ကျော် ကယ်ဆယ်ရေးပစ္စည်းတန်ချိန် ၄၉၅ တန်ကျော် ရောက်ရှိပြီးဖြစ်သည်ဟု ဆိုသည်။

နိုင်ငံတကာ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသိပေးခြင်း၊ အကြောင်းကြားခြင်းများ ဆောင်ရွက်ရသည်ဟုလည်း ဆိုသည်။

ထို့ပြင် မိမိတို့နိုင်ငံအနေဖြင့် ယခုအချိန်တွင်ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက်ဆောင်ရွက်နေရသည့်အပြင် လက်နက်ကိုင်သောင်းကျန်းသူများ၏ အန္တရာယ်လည်းရှိသည့် အတွက် လက်နက်ကိုင်အဖွဲ့များ၏ နိုင်ငံရေးအမြတ်ထုတ်လိုမှုများရှိသောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် အကောင်းဆုံးဖြစ်စေရေး ချိန်ဆ၍ ဆောင်ရွက်နေရကြောင်း ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင်အခက်အခဲများဖြစ်ပေါ်နေချိန်တွင် ကူညီကယ်ဆယ်ရေးလုပ်ငန်း များဆောင်ရွက်ပေးခြင်း၊ စာနာထောက် ထားပေးခြင်း၊ ထောက်ပံ့ပေးခြင်းတို့ ဆောင်ရွက်ပေးကြသည့် အဖွဲ့အစည်းများ နိုင်ငံများအားလုံးကို အထူးပင်ကျေးဇူးတင်ရှိကြောင်းနှင့် ကြိုတင် အကြောင်းကြားခြင်း အသိပေးခြင်းများ၊ လုံခြုံရေးအကူအညီ ရယူ ဆောင်ရွက်ခြင်းတို့အား ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်အတွက်လည်း မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

စစ်ကိုင်းနှင့် မန္တလေး အပါအဝင် တိုင်းနှင့်ပြည်နယ်အားလုံးတွင် မိုးထစ်ချုန်းရွာနိုင်ကြောင်း မိုး/ဇလ အသိပေးထား

ယနေ့ ဧပြီလ (၇) ရက် မြန်မာစံတော်ချိန် နံနက် (၇) နာရီအချိန် မိုးလေဝသနှင့် ဇလဗေဒညျွန်ကြားမှု ဦးစီးဌာနက အသိပေးထုတ်ပြန်ထားသည့် သတိပေးချက်အရ ငလျင်ဒဏ် အပြင်းအထန် ခံစားနေရသည့် စစ်ကိုင်းနှင့် မန္တလေး အပါအဝင် တိုင်းနှင့် ပြည်နယ် အားလုံးတွင် မိုးထစ်ချုန်း ရွာနိုင်ပြီး ရွာရန်ရာနှုန်း (၈၀) ဖြစ်ကြောင်း သိရသည်။ လက်ရှိ ဘင်္ဂလားပင်လယ်အော် အခြေအနေအရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ယနေ့ညနေအထိ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင်...

အင်းလေး ကေလာကျေးရွာတွင်ဖွင့်လှစ်ထားသည့် ယာယီဆေးရုံ၌လျှပ်စစ်မီးပြန်ရ

ငလျင်ဒဏ်ကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ နယ်၊ အင်းလေးဒေသတွင် ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ကာ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုများဖြစ်ပေါ်ခဲ့ပြီး တာဝန်ရှိသူများက ကေလာကျေးရွာတွင် ယာယီကယ်ဆယ်ရေးစခန်းဖွင့်လှစ်၍ ကူညီမှုများပြုလုပ်ပေးလျက်ရှိပြီး ထိခိုက်ဒဏ်ရာရသူများကိုလည်း ယာယီဆေးရုံဖွင့်လှစ်ကာ ဆေးကုသမှုများပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ပြုလုပ်ပေးလျက်ရှိရာ သက်ဆိုင်ရာဆေးရုံနှင့် ယာယီကယ်ဆယ်ရေးစခန်းတို့၌ လျှပ်စစ်မီးပြန် လည်ရရှိရန် ညောင်ရွှေမြို့နယ်လျှပ်စစ်အင်ဂျင်နီ ယာရုံးမှ ဝန်ထမ်းများကဆောင်ရွက်ခဲ့ကြသဖြင့် ဧပြီ ၆ ရက်၊ ည ၇ နာရီ ၁၀ မိနစ်တွင် ကေလာဘုန်းတော်ကြီးကျောင်းနှင့် ယာယီဆေးရုံတို့အား လျှပ်စစ်ဓာတ်အားစနစ်မှ ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးနိုင်ခဲ့ကြောင်း သိရသည်။

မန္တလေးမြို့တွင် ကူညီကယ်ဆယ်ရေးဆောင်ရွက်နေသည့် နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့များကို နစက ဥက္ကဋ္ဌသွားရောက်တွေ့ဆုံ

ချမ်းမြသာစည်မြို့နယ်ရှိ လေဆိပ်ဟောင်းနေရာ၌ ယာယီဆေးရုံဖွင့်လှစ်၍ ဆေးကုသပေးနေသည့် အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့ 60 Parachute Field Hospital တွင် ဆေးကုသမှုခံယူနေသူများကိုနစက ဥက္ကဋ္ဌက ဧပြီ ၆ ရက် နေ့ကသွားရောက်နှုတ်ဆက်၍ အားပေးခြင်းနှင့် စားသောက်ဖွယ်ရာပစ္စည်းများပေးအပ်ပြီးနောက် အိန္ဒိယတပ်မတော်ဆေးကုသရေးအဖွဲ့ ကိုလည်ကျေးဇူးတင်စကားပြောကြားပြီး အမှတ်တရလက်ဆောင်များပေးအပ်ခဲ့သည်။ နစက ဥက္ကဋ္ဌသည် မင်္ဂလာမန္တလေးဟိုတယ်ရှေ့၌ ယာယီအခြေပြု၍ ကူညီကယ်ဆယ်ရေးလုပ် ငန်းများပူးပေါင်းဆောင်ရွက်နေသည့် တရုတ်နိုင်ငံ China Search and Rescue အဖွဲ့အားသွားရောက်တွေ့ဆုံပြီး တရုတ်နိုင်ငံနှင့် မြန် မာနိုင်ငံတို့သည် ခွဲခြား၍မရသည့် အိမ်နီးချင်း မိတ်ဆွေကောင်းနိုင်ငံများဖြစ်ပြီး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071