သိုး၊ဆိတ် ကျောက်ရောဂါ၊ ခွာနာလျှာနာရောဂါကဲ့သို့ ကူးစက်ရောဂါများဖြစ်ပွားနေမှုကြောင့် နိုင်ငံများစွာမှ မွေးမြူရေးထုတ်ကုန်များနှင့် ယင်းတို့နှင့်ဆက်စပ်သော ထုတ်ကုန်များတင်သွင်းမှုကို တရုတ်နိုင်ငံက တားမြစ်လိုက်သည်ဟု အထွေထွေအကောက်ခွန်အုပ်ချုပ်ရေးအဖွဲ့က တနင်္လာနေ့တွင် ပြောကြားလိုက်သည်။
နိုင်ငံအသီးသီးတွင် ဖြစ်ပွားနေသော ရောဂါအခြေအနေများနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အချက်အလက်များ ထုတ်ပြန်ခဲ့ပြီးနောက် ယခုပိတ်ပင်မှု ထွက်ေပါ်လာခြင်းဖြစ်ပြီး ပြုပြင်စီမံထားပြီးနှင့် မပြုပြင်ထားရ သေးသော ထုတ်ကုန်များကိုပါ ပိတ်ပင်မှုတွင် ပါဝင်သည်ဟု တရုတ်နိုင်ငံ အထွေထွေအကောက်ခွန်အုပ်ချုပ်ရေးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
ကမ္ဘာ့အကြီးဆုံး အသားတင်သွင်းသော နိုင်ငံ၏ ပိတ်ပင်မှုခံရသောနိုင်ငံများမှာ ဂါနာ၊ ဆိုမာလီယာ၊ ကာတာ၊ ကွန်ဂို၊ နိုင်ဂျီးရီးယား၊ တန်ဇန်နီးယား၊ အီဂျစ်၊ ဘူဂေးရီးယား၊ အရှေ့တီမောနှင့် အီရစ်ထရီးယားတို့ ပါဝင်သည်။
သိုး၊ ဆိတ် ကျောက်ရောဂါများဖြစ်ပွားနေမှုကြောင့် ပါလက်စတိုင်း၊ ပါကစ္စတန်၊ အက်ဖ်ဂန်နစ္စတန်၊ နီပါးလ်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံများမှ သိုး၊ ဆိတ်နှင့် ဆက်စပ်ထုတ်ကုန်များ တင်သွင်းမှုကို ရပ်ဆိုင်းထားလိုက်ကြောင်းလည်း တရုတ်က ပြောကြားခဲ့သည်။
ထို့အပြင် ခွာနာလျှာနာရောဂါဖြစ်ပွားနေမှုကြောင့် ဂျာမနီနိုင်ငံမှ သိုး၊ ဆိတ်၊ နွား၊ ဝက်သားများအပါအဝင် ဆက်စပ်ထုတ်ကုန်များ တင်သွင်းမှုကိုလည်း ပိတ်ပင်ခဲ့ကြောင်း သိရသည်။
Ref: tuoi tre news, ယူအက်စ်နူးစ်