Monday, December 2, 2024

စပိန်နိုင်ငံတွင်တည်ဆောက်မည့် ဥရောပတိုက်၏ အကြီးဆုံး လုမ္ဗိနီဗုဒ္ဓဘာသာဥယျာဉ်တော်စီမံကိန်းမြေနေရာကို...

စပိန်နိုင်ငံ၊ Cáceres မြို့တွင်တည်ဆောက်မည့် ဥရောပတိုက်၏အကြီးဆုံး လုမ္ဗိနီဗုဒ္ဓဥယျာဉ်တော်စီမံကိန်းမြေနေရာအား IBEC ဆရာတော်မှ နိုဝင်ဘာ ၃၀ ရက်နေ့လည်ပိုင်းတွင် ကြွရောက်ကြည့်ရှုတော်မူခဲ့ကြောင်း သိရသည်။ ထိုသို့ ကြွရောက်ကြည့်ရှုတော်မူပြီးနောက်...

ကချင်ပြည်နယ်အတွင်း စက်သုံးဆီအခက်အခဲကြောင့် ပရဟိတအဖွဲ့များ အခက်အခဲကြုံတွေ့နေရဟု...

ကချင်ပြည်နယ်အတွင်း စက်သုံးဆီဈေးမြင့်တက်လာသည့်အပြင် လိုသလောက်ဝယ်ယူ၍ မရသည့်အခြေအနေများကြောင့် လူမှုကူညီရေး ပရဟိတအဖွဲ့များ အခက်အခဲကြုံတွေ့နေကြရကြောင်း ဒေသခံ ပရဟိတအဖွဲ့များထံက သိရသည်။ လက်ရှိ ကချင်ပြည်နယ်တွင်စက်သုံးဆီ တစ်ဂါလံလျှင် (၁၆,၀၀၀)ကျပ်ဖြင့်...

ဖျာပုံမြစ်ဝတွင် ရေဝင်န-စ်မြုပ်နေသည့် ငါးဖမ်းလှေပေါ်မှ လှေလုပ်သား(၁၉)ဦးကို...

ဖျာပုံမြစ်ဝ အနောက်တောင်ဘက် ၂၅ မိုင်ခန့်အကွာတွင် ရေဝင်န-စ်မြုပ်နေသည့် ငါးဖမ်းလှေပေါ်မှ လှေလုပ်သား(၁၉)ဦးကို တပ်မတော်(ရေ)၏ အမြန်သွားကင်းလှည့်ရေယာဉ်ကကယ်တင်ပေးခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၂၉ ရက်ည ၈...

(၇)ကြိမ်မြောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ညီလာခံကျင်းပမည်

(၇)ကြိမ်မြောက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ညီလာခံကို ဒီဇင်ဘာ (၃)ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ညီလာခံကို ရန်ကုန်မြို့ Novotel Yangon Max...
HomeCelebrities' Newsကလေး တစ်ယောက် ထပ်လိုချင်သေးတယ်ဒါရိုက်တာဝိုင်း

ကလေး တစ်ယောက် ထပ်လိုချင်သေးတယ်ဒါရိုက်တာဝိုင်း

ဇာတ်လမ်းကောင်းကောင်းတွေကို ပရိသတ်သဘောကျ၊ ကြိုက် နှစ်သက် အောင် ရိုက်ကူးပြီး အနုပညာလောကရဲ့ လေးစားစရာ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဒါရိုက်တာ ဝိုင်းကတော့ လတ်တလောမှာ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ပြီး ပျော်ရွှင်နေပါတယ်။ သားလေးတစ်ယောက် မွေးထားပြီး နောက်ထပ်ကလေးတစ်ယောက် လိုချင်သေးတယ်ဆိုတဲ့အကြောင်းကို ဒါရိုက် တာ ဝိုင်းက အခုလို ပြောပြခဲ့ပါတယ်။

”သားသားကတော့ အသက် ၁ နှစ်နဲ့ ၉ လရှိပါပြီ။ သားလေး နာမည်ကိုတော့ လမင်းသာ (ခ) တူးတူး လို့ ပေးထားပါတယ်။ လမင်းသာဆို တာကတော့ ဗေဒင်ကိန်းခန်းအရ ရော၊ အစ်ကိုလည်း ကြိုက်လို့ ပေး ထားတာ ပါ။ တူးတူးဆိုတာကတော့ သူ့မွေးနေ့ ၂၂ ရက်ဆိုတာလေးကို အစွဲပြုပြီး ပေးထားတာပါ။ ကလေးဆိုတော့လည်း အမြဲတမ်း ပြောင်းလဲမှုက ရှိနေတာပဲ။ သူ့ရဲ့ ပြောင်းလဲတဲ့ပုံစံလေးကို ကြည့်ပြီး အစ်ကို့အနေနဲ့ အလိုက်အထိုက်လေး လုပ်ပေးရတာပေါ့။ ဘာပဲပြောပြောကိုယ့်သားသမီးကို ကောင်းစေချင် တယ်။ အဓိကကတော့ သူ့ဘဝလေး ကောင်းစေချင်တာပါ။ အခုချိန်မှာ သားလေးကို ဘာဖြစ်ရမယ်၊ ညာဖြစ်ရမယ်ဆိုတဲ့ စိတ်ကူးမရှိပါဘူး။ သူ့ရဲ့စိတ်ဆန္ဒအတိုင်း သူ့ရဲ့ဝါသနာ အတိုင်း သူဖြစ်ချင်တာကိုပဲ အစ်ကိုခွင့်ပြုမှာပါ။ ဒါပေမဲ့ သူများကို ဒုက္ခ ပေးတဲ့လူတစ်ယောက်တော့ မဖြစ်စေချင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ အတွက် ကောင်းတာတွေကိုပဲ လုပ်ပေးချင်တယ်။ သားသားနဲ့ အဖော် ရအောင် နောက်ထပ်ကလေးတစ်ယောက် ထပ်လိုချင်တာ။ သူတစ်ယောက်တည်း အထီး ကျန်နေမှာကို အစ်ကိုမကြိုက်ဘူး”ဆိုပြီး ဒါရိုက်တာဝိုင်းကတော့ သားလေး အကြောင်း ပြောပြခဲ့ပါတယ်။

မိခင်တစ်ယောက်အနေနဲ့တော့ သားလေးကို ဘယ်လိုပြုစုစောင့် ရှောက်မှု တွေ လုပ်ပေးနေလဲလို့ မေးကြည့်တဲ့အခါမှာတော့ ဝိုင်းရဲ့ဇနီး ဖြစ်သူမအိဉ္ဇာရှိန်က
”ကလေးကိုတော့ ၂၄ နာရီ ပြုစုစောင့်ရှောက်ပေးရတာ ပေါ့။ သားလေးကို လူတော်လူကောင်းလေး ဖြစ်စေချင်တယ်”လို့ ပြောပါတယ်။

သဲစုလှိုင်

ဓာတ်ပုံ-မင်းမင်းထွန်း

Ads Space Available


Continue reading

စပိန်နိုင်ငံတွင်တည်ဆောက်မည့် ဥရောပတိုက်၏ အကြီးဆုံး လုမ္ဗိနီဗုဒ္ဓဘာသာဥယျာဉ်တော်စီမံကိန်းမြေနေရာကို IBEC ဆရာတော်ကြွရောက်

စပိန်နိုင်ငံ၊ Cáceres မြို့တွင်တည်ဆောက်မည့် ဥရောပတိုက်၏အကြီးဆုံး လုမ္ဗိနီဗုဒ္ဓဥယျာဉ်တော်စီမံကိန်းမြေနေရာအား IBEC ဆရာတော်မှ နိုဝင်ဘာ ၃၀ ရက်နေ့လည်ပိုင်းတွင် ကြွရောက်ကြည့်ရှုတော်မူခဲ့ကြောင်း သိရသည်။ ထိုသို့ ကြွရောက်ကြည့်ရှုတော်မူပြီးနောက် စပိန်နိုင်ငံ၊ Cáceres မြို့၏ လုမ္ဗိနီဥယျာဉ်စီမံကိန်းတာဝန်ရှိသူနှင့်တွေ့ဆုံကာ ဆွေးနွေးမှုများပြုလုပ်ခဲ့ပြီးနောက် စီမံကိန်းမြေနေရာ၌ မေတ္တာပို့သခြင်း၊ ပရိတ်ရွတ်ဖတ်ခြင်း၊ မြင်အပ်မမြင်အပ်သတ္တဝါများအားအမျှအတမ်းပေးဝေခြင်းများကို ဆောင်ရွက်ပေးတော်မူခဲ့ကြောင်း သိရသည်။ ယင်း စီမံကိန်းမူလမြေနေရာသည် စပိန်အစိုးရ၏ သဘာဝပတ်ဝန်းကျင်ဥပဒေကြောင့်တည်ဆောက်ခွင့်မရသဖြင့် မြေနေရာအသစ်အားထပ်မံရွေးချယ်ထားရခြင်းဖြစ်ပြီး လက်ရှိအချိန်၌ စပိန်အစိုးရမှတည်ဆောက်ခွင့်လိုင်စင်ခွင့်ပြုပေးခဲ့သဖြင့် လုမ္ဗိနီဗုဒ္ဓဥယျာဉ်တော်စီမံကိန်းအား ဒီဇိုင်းအသစ်ရေးဆွဲ၍ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။ ဥရောပတိုက်၏အကြီးဆုံး လုမ္ဗိနီဗုဒ္ဓဘာသာဥယျာဉ်တော်စီမံကိန်းသည် မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊...

ကချင်ပြည်နယ်အတွင်း စက်သုံးဆီအခက်အခဲကြောင့် ပရဟိတအဖွဲ့များ အခက်အခဲကြုံတွေ့နေရဟု ဆို

ကချင်ပြည်နယ်အတွင်း စက်သုံးဆီဈေးမြင့်တက်လာသည့်အပြင် လိုသလောက်ဝယ်ယူ၍ မရသည့်အခြေအနေများကြောင့် လူမှုကူညီရေး ပရဟိတအဖွဲ့များ အခက်အခဲကြုံတွေ့နေကြရကြောင်း ဒေသခံ ပရဟိတအဖွဲ့များထံက သိရသည်။ လက်ရှိ ကချင်ပြည်နယ်တွင်စက်သုံးဆီ တစ်ဂါလံလျှင် (၁၆,၀၀၀)ကျပ်ဖြင့် ဝယ်ယူနေကြရပြီး၊ ဆီဆိုင်အများစု ပိတ်သိမ်းလာခြင်းကြောင့် လူနာတင်လမ်းကြောင်းများအတွက် အဆင်မပြေမှုများစွာဖြစ်ပေါ်နေရသည်ဟု ဆိုသည်။ "ဆီက အခုထိတော့ဝယ်လို့ရသေးပေမယ့် ဈေးတွေအဆမတန်မြင့်လာတော့ ရံ‌ပုံငွေအခြေအနေနဲ့က အဆင်မပြေဖြ စ်လာတယ်။ လူနာလမ်းကြောင်းတွေကူညီဖို့ရှိနေပေမယ့် စက်သုံးဆီက မလောက်တော့ လျော့ချပစ်နေရတယ်။ အတတ်နိုင်ဆုံးတော့ နိုင်သလောက် ကူညီဖို့လုပ်နေရင်း စိတ်ဓာတ်တွေပါ ကျတယ်ဗျာ။ ဒီပုံအတိုင်းဆို ဆီဈေးက ထပ်တက်ဖို့ဘဲရှိတယ်" ဟု ဖားကန့်ဒေသ အခြေစိုက်...

ဖျာပုံမြစ်ဝတွင် ရေဝင်န-စ်မြုပ်နေသည့် ငါးဖမ်းလှေပေါ်မှ လှေလုပ်သား(၁၉)ဦးကို တပ်မတော် (ရေ)ကကယ်တင်ပေးခဲ့

ဖျာပုံမြစ်ဝ အနောက်တောင်ဘက် ၂၅ မိုင်ခန့်အကွာတွင် ရေဝင်န-စ်မြုပ်နေသည့် ငါးဖမ်းလှေပေါ်မှ လှေလုပ်သား(၁၉)ဦးကို တပ်မတော်(ရေ)၏ အမြန်သွားကင်းလှည့်ရေယာဉ်ကကယ်တင်ပေးခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၂၉ ရက်ည ၈ နာရီ ၁၅ မိနစ်ခန့်က ဖျာပုံမြစ်ဝအနောက်တောင်ဘက် ၂၅ မိုင်ခန့်အကွာတွင် ငါးဖမ်းလှေတစ်စီးသောင်တင်ကာ ရေဝင်န-စ်မြုပ်နေသဖြင့် တပ်မတော်(ရေ)ကွပ်ကဲမှုအောက် စစ်ဆင်ရေးရေပြင်ဧရိယာအတွင်းတာဝန်ထမ်းဆောင်နေသော အမြန်သွားကင်းလှည့်ရေယာဉ်မှ လုံခြုံရေးအဖွဲ့ဝင်များမှ ကူညီမှုများပြုလုပ်နိုင်ရန်သွားရောက်ခဲ့ကြသည်။ ဖြစ်စဉ်နေရာ၌ ဖျာပုံမြို့ဘက်မှ ရန်ကုန်ဘက်သို့ လှေလုပ်သား(၁၉)ဦးဖြင့်ထွက်ခွာလာသော "မြမျိုးလွင်(၉)"ဒရွတ်ဆွဲငါးဖမ်းလှေသည် ရုတ်တရက်လှိုင်းပြင်းထန်မှုကြောင့်သောင်တင်ပြီး ရေယာဉ်ဝမ်းဗိုက်အတွင်းရေဝင်မှုများဖြစ်ပေါ်၍ လှေတစ်ဝက်နစ်မြုပ်နေခြင်းဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ကြောင့် လုံခြုံရေးအဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ခဲ့ကြပြီး လှေလုပ်သားများအား စစ်ရေယာဉ်ပေါ်သို့ တင်ဆောင်၍...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071