Friday, March 14, 2025

တန့်ယန်းမြို့နယ်တွင် Online လိ-မ်လည်မှုနှင့် လေ-ာင်းကစားမှုဆောင်ရွက်နေသည့်...

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ တန့်ယန်းမြို့နယ်အတွင်း တရားမဝင် Online လိ-မ်လည်မှုနှင့် လေ-ာင်း ကစားမှုဆောင်ရွက်နေသည့် ပြည်ပနိုင်ငံသား (၁၅၀)ဦးကျော်ကို မတ် ၁၂ ရက်ကဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ လုံခြုံရေးအဖွဲ့ဝင်များက...

ယူကရိန်း အကျပ်အတည်းဆွေးနွေးရန် အမေရိကန် စေ့စပ်ညှိနှိုင်းသူများ...

မော်စကို၊ မတ် ၁၃ ယူကရိန်းအကျပ်အတည်းနှင့်ပတ်သက်၍ ဆွေးနွေးရန် အမေရိကန်တာဝန်ရှိသူများသည် မော်စကိုမြို့သို့ ရောက်ရှိလာခဲ့ကြောင်း ရုရှားမီဒီယာများက ကြာသပတေးနေ့တွင် ဖော်ပြခဲ့သည်။ အဆိုပါအဖွဲ့ကို အမေရိကန်သမ္မတ ဒေါ်လ်နယ်လ် ထရမ့်...

နစက ဥက္ကဋ္ဌမှ ကာကွယ်ရေးဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်နေသူများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊...

နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ကာကွယ်ရေးဝန်ကြီးဌာနတွင်တာဝန်ထမ်းဆောင်နေသူများအား ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များကို ယမန်နေ့ မတ် ၁၃ ရက်(တပေါင်းလပြည့်နေ့)က ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။ နိုင်ငံတော်ကာကွယ်ရေးနှင့်...

“အဘိဓဇမဟာရဋ္ဌဂုရု” ဘွဲ့တံဆိပ်တော်ရ ဆရာ တော်အား...

၂ဝ၂၅ ခုနှစ် သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များဆက်ကပ်ပူဇော်ခြင်းမင်္ဂလာအခမ်းအ နားအား ယနေ့ မတ် ၁၃ ရက်(တပေါင်းလပြည့်နေ့)မွန်းလွဲပိုင်းက မာရဝိဇယဗုဒ္ဓဥယျာဉ်တော် ပ ရိဝုဏ်အတွင်းရှိ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီးအတွင်း၌ ဆင်ယင်ကျင်းပခဲ့သည်။ အခမ်းအနားသို့...
HomeNewsLocal Newsကောက်ခံရရှိသည့် အခွန်ငွေနည်းပါးနေ၍ ဝန်ကြီးဌာနများ...

ကောက်ခံရရှိသည့် အခွန်ငွေနည်းပါးနေ၍ ဝန်ကြီးဌာနများ ချွေတာသုံးစွဲကြဖို့ နစကဥက္ကဌတိုက်တွန်း

အခွန်ငွေကောက်ခံရရှိမှုတွေ နည်းပါးလျက်ရှိနေတာကြောင့် ဘဏ္ဍာငွေသုံးစွဲမှုနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာဝန်ကြီးဌာနတွေ အဖွဲ အစည်းတွေ အနေနဲ့ တတ်နိုင်သမျှချွေတာ သုံးစွဲကြဖို့ လိုအပ်တယ်လို့ နစကဥက္ကဌက ပြောဆိုလိုက်ပါတယ်။
အိမ်စောင့်အစိုးရအဖွဲ့ အစည်းအဝေးရဲ့ အမှတ်စဉ် (၁/၂၀၂၁)မှာ ပြောကြားခဲ့တာဖြစ်ပြီး မဖြစ်မနေသုံးစွဲရမယ့် လုပ်ငန်း ကိစ္စရပ်တွေမှအပ အခြားကိစ္စရပ်တွေမှာ တတ်နိုင်သမျှချွေတာ သုံးစွဲဖို့ ဝန်ကြီးဌာနတွေနဲ့ အဖွဲအစည်းတွေကို တိုက်တွန်းခဲ့တာပါ။
အခွန်ငွေကောက်ခံရရှိမှု နည်းပါးနေတဲ့ အပေါ် နစကဥက္ကဌက နိုင်ငံတော် အစိုးရရဲ့ ဝင်ငွေဟာ အခွန်ငွေဖြစ်ပြီး ကိုဗစ်ကြောင့် စီးပွားရေးထိခိုက်မှုတွေ နဲ့ စီးပွားရေးကျဆင်းမှုတွေကြောင့် ကောက်ခံရရှိတဲ့ အခွန်ငွေနည်းပါနေရတာလို့ နစကဥက္ကဌက ပြောဆိုသွား တာရှိပါတယ်။
နောက်ပြီး ဝန်ကြီးဌာနတွေ၊ အဖွဲအစည်းတွေအနေနဲ့ သောက်သုံးရေနဲ့ လျှပ်စစ်မီး သုံးစွဲမှုတွေကို လေလွင့်မှု မရှိအောင် စနစ်တကျ သုံးစွဲကြဖို့လည်း နစက ဥက္ကဌက တိုက်တွန်းခဲ့တာလည်း တွေ့ရပါတယ်။
နိုင်ငံရေးအပြောင်းအလဲ ဖြစ်ခဲ့တဲ့ ဖေဖော်ဝါရီ ၁ရက်နောက်ပိုင်း အစိုးရရဲ့ အခွန်ငွေရ လမ်းကြောင်း တစ်ခုဖြစ်တဲ့ အောင်ဘာလေထီဟာ ထိုးနှံသူနည်းပါးသွားတာကြောင့် အောင်ဘာလေထီ မထွက်ရတဲ့ ကာလတွေနဲ့ အောင်ဘာလေထီထွက်သော်လည်းပဲ အမြင့်ဆုံးဆုကြေး သိန်း၅၀၀၀ဆုသာ ချီးမြှင့်ခဲ့ရတဲ့ အနေအထားတွေလည်း ရှိနေပါတယ်။
တစ်ဖက်မှာလည်း ပြည်ပရင်းနှီးမြှပ်နှံမှုအချို့ စွန့်ခွာသွားတာတွေနဲ့ ပြည်တွင်းစက်ရုံအလုပ်ရုံအချို့ ပိတ်သိမ်းတာကလည်း လုပ်သားတွေရဲ့ ဝင်ငွေရလမ်းအပြင် အစိုးရရဲ့ အခွန်ရငွေအပေါ်မှာပါ သက်ရောက်မှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ကိုဗစ်ကြောင့် အသွားအလာကန့်သတ်မှု၊ဆိုင်တွေ ယာယီပိတ်ထားရမှု စတာတွေကလည်း နိုင်ငံ့စီးပွားရေးကို ထိခိုက်မှုတွေဖြစ်စေခဲ့တယ်လို့ လုပ်ငန်းရှင်အချို့က မှတ်ချက်ပြုပါတယ်။
လက်ရှိမှာတော့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆) လ အတွက် ဘဏ္ဍာငွေ အရအသုံးခန့်မှန်းခြေငွေ စာရင်းတွေကို နစက ပြည်ထောင်စုအဆင့် ဌာနအဖွဲအစည်းတွေက ရေးဆွဲ တင်ပြလာနေကြပြီး နစက စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနဲ့ အဖွဲ့က စိစစ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ဆက်လက်၍ နစက စီမံ၊ဘဏ္ဍာဝန်ကြီးက ထပ်မံစိစစ်ခြင်း၊ဘဏ္ဍာရေးကော်မရှင်က ထပ်မံစိစစ်ခြင်း၊နစက အစည်းအဝေးက ဆုံးဖြတ် အတည်ပြုခြင်းနဲ့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်၊ မတ်လအထိ (၆) လ အတွက် ဘဏ္ဍာငွေ အရ အသုံး ခန့်မှန်းခြေငွေစာရင်းတွေကို အတည်ပြုမယ်လို့ သိရပါတယ်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ယနေ့ မင်္ဂလာတောင်ညွှန့် နေအိမ်တိုက်ခန်းမီးလောင်မှုဖြစ်စဥ်၌ မွေးကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီးခိုးမွှန်၍ ဆေးရုံပို့ခဲ့ရ

ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်ရှိ နေအိမ်တိုက်ခန်းတစ်ခု၏ ဒုတိယထပ်တွင် ဖေဖော်ဝါရီ ၁၅ ရက်(ယနေ့)မွန်းလွဲပိုင်းက Level 1 အဆင့်မီးလောင်မှုဖြစ်စဥ်တွင် မွေး ကင်းစကလေးငယ် ၁ ဦးအပါအဝင် ၅ ဦးမီုးခိုးမွှန်သွား၍ ဆေးရုံသို့ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ ယနေ့မွန်းလွဲ ၂ နာရီ ၅၀ မိနစ်ခန့်က မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရေတွင်းကုန်းရပ်ကွက်၊ (၁၂၂)လမ်း ၏ နေအိမ်တိုက်ခန်းတစ်ခု၏ဒုတိယထပ်ရှိ လျှပ်စစ်ပစ္စည်းဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ် သည်။ မီးလောင်မှုအား တာမွေမြို့နယ်မီးသတ်စခန်း၊ မင်္ဂလာတောင်ညွန့်မြို့နယ်မီးသတ်စခန်းတို့မှတပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းများက Level 1 အဆင့်ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နေ့လည်...

ကောလင်းနှင့် ဘုတလင်တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂)ပါးနှင့် ကလေးငယ်(၂)ဦး ဒဏ်ရာရ

စစ်ကိုင်းတိုင်း၊ ကောလင်းနှင့် ဘုတလင်မြို့တို့တွင် လက်နက်ကိုင်အဖွဲ့များ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ကိုရင် (၂) ပါးနှင့် ကလေး(၂) ဦး ထိမှန်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၃) ရက် မွန်းတည့်ပိုင်းက လက်နက်ကိုင်အဖွဲ့ဝင်များမှ ခေါပြင်ချောင်း တံတားအနီးမှ ကောလင်းမြို့၊ ကောလင်းမြို့အတွင်းသို့ ဗုံးပစ်လောင်ချာများဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကောလင်းမြို့၊ ကျော်ဇေယျာရပ်ကွက်ရှိ သုနန္ဒာရာမ ဘုန်းတော်ကြီးကျောင်းအတွင်းရှိ သာသနာရေးဝန်ကြီးဌာန၊ အမှတ်(၂)ဘုန်းတော်ကြီးသင်ပညာရေးကျောင်းစာသင်ဆောင်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။ ထိုသို့ ပေါက်ကွဲမှုကြောင့် စာသင်ဆောင်အတွင်း စာသင်ကြားနေသည့် ကိုရင်ရှင်အာသဖ(၁၄)နှစ်၊ ဝါတော်(၂)ဝါ၊ မောင်ဇင်ဝဏ္ဏဖြိုး(၁၃)နှစ်နှင့်မောင်ဝေလင်းအောင်...

ပုဂ္ဂလိကဆေးရုံအသစ်များ လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေဟု ကျန်းမာရေးဝန်ကြီးပြော

မြန်မာနိုင်ငံတွင်း ယခုဖေဖော်ဝါရီလအထိ ပုဂ္ဂလိကဆေးရုံပေါင်း ၂၇၀ ကိုလိုင်စင်ချထားကာ ဖွင့်ခွင့်ပြုထားပြီး ထပ်မံဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် ပုဂ္ဂလိကဆေးရုံအသစ်တွေကို လိုင်စင်ချပေးရန် ကွင်းဆင်းစစ်ဆေးနေကြောင်း ကျန်းမာရေးဝန်ကြီးဒေါက်တာသက်ခိုင်ဝင်းက ပြောကြားခဲ့သည်။ ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍဖွံဖြိုးတိုးတက်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းတွေကို တည်ဆဲဥပဒေ/နည်းဥပဒေများနဲ့အညီ စဉ်ဆက်မပြတ် ကြပ်မတ်နေပြီး လိုင်စင်အသစ်လျှောက်ထားသည့် အမှုတွဲတွေကို အမြန်ဆုံးလုပ်ငန်းလိုင်စင် ခွင့်ပြုနိုင်ရန် နေပြည်တော် အပါအဝင် တိုင်းဒေသကြီးအလိုက်တာဝန်ပေးထားသည့် ကျန်းမာရေးဌာနရှိ အထူးအဖွဲ့တွေက ကွင်းဆင်းစစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း၊ ယင်းကြောင့် ဆေးရုံသစ်ဖွင့်လှစ်ရန် လိုင်စင်လျှောက်ထားသည့် လုပ်ငန်းရှင်တွေက လိုအပ်ချက်တွေကို အဆင်သင့်ပြင်ဆင်ဆောင်ရွက်ရန်လိုကြောင်း ၎င်းကဆိုသည်။ ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071