Wednesday, January 15, 2025

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်ဖြင့် ရန်ကုန်၊ ဧရာဝတီနှင့်...

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းတို့ရှိ ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရန်ကုန်မြို့မှ ထွက်ခွာသွားကြောင်း သိရသည်။ တပ်မတော်မြစ်တွင်းသွား...

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ၌...

နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ၌ တနင်္သာရီတိုင်းဒေသကြီးမှ အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းရှင်များမှလည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး...

မင်းဘူး(စကု)မြို့နယ်ရှိ နွေသီးနှံ စိုက်ဧက (၁၃၀၀)...

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ လျှပ်စစ်ရေတင်လုပ်ငန်းနှစ်ခုမှ ၂၀၂၄ - ၂၀၂၅ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေစပါး (၃၉၀) ဧကနှင့် အခြားသီးနှံ (၉၁၀)...

ယူကရိန်းကို အကူအညီပေးမည့် မဟာမိတ်အဖွဲ့ဝင်များ၏ အစီအစဉ်...

နိုင်ငံပေါင်း ၂၇ နိုင်ငံနှင့် မိတ်ဖက်နိုင်ငံ ၂၀ မှ နေတိုး ကာကွယ်ရေးဦးစီးချုပ်များသည် ဇန်နဝါရီ ၁၅ ရက်မှ ၁၆ ရက်အထိ...
HomeNewsLocal Newsကော့ကရိတ်မြို့နယ်အတွင်း စစ်ကျန်လက်နက်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများရှိလာသဖြင့်...

ကော့ကရိတ်မြို့နယ်အတွင်း စစ်ကျန်လက်နက်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများရှိလာသဖြင့် အရေးပေါ် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကျန်လက်နက်ကြောင့် ထိခိုက်ဒဏ်ရာရရှိသူများရှိလာသဖြင့် အရေးပေါ် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်ရန် လိုအပ်နေသည်ဟု ဒေသခံ သတင်းရင်းမြစ်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ ပြောသည်။

ယခုဇူလိုင်လအတွင်း က–လေ–းငယ်နှစ်ဦး စစ်ကျန်လက်နက်ပစ္စည်းတစ်ခုအား ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားကာ ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဘားအံပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသထားရကြောင်း ဆိုသည်။

အလားတူ ဧပြီလအတွင်း ကော့ကရိတ်မြို့သို့ စစ်ရှောင်များ ပြန်လည်ဝင်ရောက်ပြီး နောက်ပိုင်းတွင်လည်း အမျိုးသားတစ်ဦး နှင့် အမျိုးသမီးတစ်ဦး စစ်ကျန်လက်နက်အား ကောက်ကိုင်လွှင့်ပစ်ရာမှ ပေါက်ကွဲကာ ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်ဟု ဆိုသည်။

လက်ရှိတွင် သက်ဆိုင်ရာမှ ကော့ကရိတ်မြို့အတွင်း မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများ အန္တရာယ်နှင့်ပတ်သက်သည့် ဗီနိုင်းများ ကပ်ထားသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။

” အသိပညာပေးဖို့ အရေးပေါ်လိုအပ်တယ်လို့မြင်တယ်။ အရင် စစ်ရှောင်တုန်းကတော့ ရွာတွေဘက်ကို အသိပညာပေးတဲ့ အဖွဲ့တွေလာတယ်။ အခုကတော့ မလာကြဘူး။ ဗီနိုင်းကပ်ပြီကြော်ညာတာလည်း ကောင်းပါတယ်။ ဒါပေမဲ့ ဒေသခံတွေက ဒါကိုမဖတ်ကြဘူး။ လက်ကမ်းစာစောင်တွေများများဝေငှပေးနိုင်ရင် ပိုထိရောက်မယ်”ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံအနှံ့ တိုက်ပွဲများကြောင့် မိုင်းနှင့် ကြွင်းကျန်လက်နက်များရှိနေရာ အရပ်သားပြည်သူ‌ေ-သဆုံးမှုမှာလည်းမြင့်တက်လာပြီး၊ ယခုနှစ် ဇွန်လနှင့် ဇူလိုင်လအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းသည် စစ်ကျန်လက်နက်ကြောင့် ထိခိုက်‌ေ-သဆုံးမှုအများဆုံး ဒေသတစ်ခုဖြစ်လာသည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံအတွင်း မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော စစ်ကျန်လက်နက်ပစ္စည်းများ၏ ဖြစ်ရပ်များကို စောင့်ကြည့်လေ့လာချက်များအရ  ၂၀၂၃ ခုနှစ် အတွင်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိခိုက်ခံစားရသူအရေအတွက် (၁၀၅၂) ဦးရှိကြောင်း ဖော်ပြထားသည်။

ထို ကိန်းဂဏန်းသည် ၂၀၂၂ ခုနှစ်တွင် အစီရင်ခံတင်ပြခဲ့သော အရေအတွက်ထက် သိသိသာသာမြင့်တက်လာကာ နှစ်ဆထက် ကျော်လွန်ခဲ့ကြောင်း ဆိုသည်။

ဒေသအလိုက်အနေဖြင့် စစ်ကိုင်းတိုင်းတွင် ထိခိုက်ခံစားရသူအရေအတွက် အများဆုံးဖြစ်ပြီး အရေအတွက်စုစုပေါင်း ၏ (၃၅) ရာခိုင်နှုန်းရှိခဲ့ပြီး ရှမ်းတွင် (၁၂) ရာခိုင်နှုန်းနှင့် ပဲခူးတွင် (၉) ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရသည်။

ထို့ပြင် ဧရာဝတီ၊ ချင်း၊ ကချင်၊ ကယား၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊  တနင်္သာရီနှင့် ရန်ကုန် အပါအဝင် ကျန်ဒေသများတွင် ထိခိုက်ခံစားရသူအရေအတွက် စုစုပေါင်း၏ (၄၃) ရာခိုင်နှုန်းရှိသည်။

နိုင်ငံတစ်ဝှမ်း မြေမြုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပစ္စည်းများ၏ ပေါက်ကွဲမှုများကြောင့် ထိခိုက်ခံစားရသူအရေအတွက်စုစုပေါင်း၏ (၂၁) ရာခိုင်နှုန်းသည် က–လေ–းများဖြစ်ကြကြောင်း အသိပေးချက်အရ သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်ဖြင့် ရန်ကုန်၊ ဧရာဝတီနှင့် တနင်္သာရီမှ ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှုများ ပေးမည်

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်ဖြင့် ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းတို့ရှိ ဒေသခံပြည်သူများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရန်ကုန်မြို့မှ ထွက်ခွာသွားကြောင်း သိရသည်။ တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ်(စကု)၊ တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ် (သံလွင်) တို့ ဧရာဝတီတိုင်းဒေသကြီးအတွင်း ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ၊ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ ဒေသခံများအား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ဧရာဝတီတိုင်း ဒေသကြီးအတွင်း ဧရာဝတီမြစ်ကြောင်းတလျှောက်ရှိ မြစ်ဝကျွန်းပေါ်နေ ကျေးရွာများမှ ဒေသခံများအား ကျန်းမာရေးစောင့်ရှောက်မှု...

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ၌ တနင်္သာရီတိုင်း ဒေသကြီးမှ အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းရှင်များမှလည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်

နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ၌ တနင်္သာရီတိုင်းဒေသကြီးမှ အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းရှင်များမှလည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး MSME အေဂျင်စီ အစည်းအဝေးမှ သိရသည်။ ပြည်ထောင်စု အဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲပြသယှဉ်ပြိုင်နိုင်ရေး တိုင်းဒေသကြီး MSME အေဂျင်စီ အစည်းအဝေး (၁/၂၀၂၅)ကို ဇန်နဝါရီ (၁၄)ရက်က ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ တိုင်းဒေသကြီးအနေဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ အောင်မြင်စွာ ဝင်ရောက်ပြသယှဉ်ပြိုင်နိုင်ရေး တိုင်းဒေသကြီးအဆင့်...

မင်းဘူး(စကု)မြို့နယ်ရှိ နွေသီးနှံ စိုက်ဧက (၁၃၀၀) အတွက် စိုက်ပျိုးရေများ ဖြန့်ဝေပေးသွားမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ လျှပ်စစ်ရေတင်လုပ်ငန်းနှစ်ခုမှ ၂၀၂၄ - ၂၀၂၅ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေစပါး (၃၉၀) ဧကနှင့် အခြားသီးနှံ (၉၁၀) ဧက၊ စုစုပေါင်း (၁၃၀၀)ဧကကို လျာထား စိုက်ပျိုးသွားမည်ဖြစ်ပြီး စိုက်ပျိုးရေများ လုံလောက်စွာ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မင်းဘူး(စကု)မြို့နယ်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။ မင်းဘူး(စကု)မြို့နယ်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) လက်အောက်ရှိ ကမ်းနီလျှပ်စစ်မြစ်ရေတင်လုပ်ငန်းနှင့် ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်းနှစ်ခုမှ နွေစပါးနှင့် အခြားသီးနှံ ဧကပေါင်း (၁၃၀၀) အတွက် စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးသွားမည်ဖြစ် ကြောင်း...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071