ကော့စမွေရှိ နမြောင်ရေတံခွန်ပေါ်မှနိုင်ငံခြားသူတစ်ဦး ပြုတ်ကျသေဆုံး
ဘန်ကောက်၊မေ ၁၅
ယမန်နေ့က ရိုးမေးနီးယားအမျိုးသမီးငယ်တစ်ဦးဖြစ်သူ Nane – Losana Bodea (၂၃ နှစ်) သည် ထိုင်းနိုင်ငံကော့စမွေကျွန်းရှိ နမြောင်(Na Muang) ရေတံခွန် ပေါ်မှပြုတ်ကျသေဆုံးသွားခဲ့သည်။
ထိုသို့ပြုတ်ကျရာတွင်သူမ၏ခေါင်းသည် ကျောက်တုံးနှင့်ဆောင့်မိကာ ဦးခေါင်းအနောက်ဘက်ခြမ်းတွင်ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်ဟု ဆေးစစ်ချက်များအရသိရသည်။
သူမသည် ရေတံခွန်၏ လေးဆင့်မြောက်နေရာမှ ဓာတ်ပုံရိုက်နေစဉ် ရေတံခွန်၏ ဒုတ်ယအဆင့်သို့ပြုတ်ကျသွားခြင်းဖြစ်ကြောင်းကွယ်လွန်သူ ၏သူငယ်ချင်းများက ကယ်ဆယ်ရေးသမားများကိုပြောပြခဲ့သည်။
နမြောင် ရေတံခွန်ပေါ်မှပြုတ်ကျ၍ အသက်သေဆုံးသူသည် Nane – Losana တစ်ဦးတည်းမဟုတ်ပဲ ၂၀၁၉ ခုနှစ်တုန်းကလည်း အသက်သုံးဆယ်အရွယ် ပြင်သစ်ခရီးသွားတစ်ဦးဖြစ်သူ Bastien Palmier သည်လည်း ရေတံခွန်အစွန်း၌ selfie ရိုက်ဖို့လုပ်နေစဥ် ပြုတ်ကျကာအသက်ဆုံးရှုံးခဲ့ရဖူးသည်။
ထို့ကြောင့် အထပ်ထပ်ဖြစ်နေသော နမြောင်ရေတံခွန်၏အန္တရာယ်သတိပေးချက်များကို ရေတံခွန်အနီးတစ်ဝိုက်နှင့် အင်တာနက်စာမျက်နှာများတွင် သတိထားသင့်ကြောင်း အများအပြားရေးသားထားသည်။
Source – Thethaiger