Wednesday, November 20, 2024

NCA သဘောတူစာချုပ်အတိုင်း အတတ်နိုင်ဆုံးထိန်းသိမ်းဆောင်ရွက်လျက်ရှိ

နိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)အတိုင်း အတတ်နိုင်ဆုံးထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။ ၎င်းမှ ယနေ့ နိုဝင်ဘာ ၁၉ ရက်နံနက်ပိုင်းက...

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူပြုသည့် အဆောက်အဦများ၊ လမ်းတံတားများကို...

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများရှေ့သို့မရောက်နိုင်ခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းကပြုလုပ်သည့် နစက အစည်းအဝေး၌ပြောကြားခဲ့ခြင်းဖြစ်သည်။ နစက ဥက္ကဋ္ဌက...

တိုင်းရင်းသားကိုယ်စားလှယ်များ နိုင်ငံရေးစင်မြင့်တွင် ပိုမိုပါဝင်လာနိုင်ရန်လိုအပ်ဟု နစက...

ဒေသနှင့်တိုင်းရင်းသားအကျိုးကို တရားဥပဒေနှင့်အညီ တောင်းဆိုဆွေးနွေးနိုင်ရန် တိုင်းရင်း သားကိုယ်စားလှယ်များ နိုင်ငံရေးစင်မြင့်တွင် ပိုမိုပါဝင်လာနိုင်ရန်လိုအပ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နိုဝင်ဘာ...

မြန်မာအသင်း၏ ခြေစွမ်းနှင့်ကစားပုံကိုချီးကျူးဟု လက်ဘနွန်နည်းပြချုပ်ပြော

မြန်မာ့လက်ရွေးစင်အသင်းနှင့် လက်ဘနွန်အ သင်းတို့သည် ယနေ့ နိုဝင်ဘာ ၁၉ ရက်ညနေ ၅ နာရီက ရန်ကုန်မြို့ရှိ သုဝဏ္ဏဘောလုံးကွင်း၌ ခြေစမ်းပွဲယှဥ်ပြိုင်ကစားခဲ့ရာ လက်ဘနွန်အသင်းက...
HomeNewsLocal Newsကျင်စန်းကျော့ဂိတ်ပြန်လည်ဖွင့်လှစ်

ကျင်စန်းကျော့ဂိတ်ပြန်လည်ဖွင့်လှစ်

ကျင်စန်းကျော့ဂိတ်ပြန်လည်ဖွင့်လှစ်

ကပ်ရောဂါကြောင့် ရက်ပိုင်းယာယီပိတ်ခဲ့သော ကျင်စန်းကျော့ဂိတ် (မူဆယ်-ဝမ်တိန် မန်မိုင် လမ်းကြောင်း) ကို မတ်လ ၂၇ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။

ရှမ်းပြည်နယ်ရှိ ကျင်စန်းကျော့ဂိတ်တွင် တာဝန်ကျနေသည့် တရုတ်နိုင်ငံသားဝန်ထမ်းတစ်ဦးထံတွင် ကိုဗစ်(၁၉)ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ရသဖြင့် မတ် ၂၅ ရက်မှစတင်ကာ တရုတ်နိုင်ငံဘက်မှ ဂိတ်အားယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ကျင်စန်းကျော့ဂိတ်အား ၂ ရက်ကြာ ယာယီပိတ်ခဲ့သဖြင့် ကုန်တင်ကားများ ရာနှင့်ချီကာရပ်နားထားခဲ့ရသဖြင့် ကုန်သွယ်မှုများရပ်ဆိုင်းသွားခဲ့သည်ဟု ကုန်သည်များထံမှသိရသည်။

“တရုတ်ဘက်ကိုပို့ဖို့စောင့်နေတဲ့ ဖရဲ၊သခွားမွှေးနဲ့တခြားကုန်စည်တင်ကားတွေအကုန်ပိတ်သွားတာပေါ့ အခုပြန်ဖွင့်လိုက်ပြီ ဒါပေမယ့်တစ်ချို့ကုန်တွေကကြာရှည်မခံတဲ့ကုန်တွေဖြစ်နေတဲ့အတွက် စျေးကောင်းမရတော့ဘူးပေါ့ဗျာ”ဟုကုန်သည်တစ်ဦးကပြောသည်။

အဆိုပါ ကျင်စန်းကျော့ဂိတ်အားပြန်လည်ဖွင့်လှစ်ထားသည်မှာ ရက်ပိုင်းမျှသာရှိသေးပြီး ၂ ရက်ခန့်ထပ်မံပိတ်ခဲ့ကာ ယနေ့၌ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ကျင်စန်းကျော့ဂိတ်အား မတ် ၂ ရက်ကလည်း တရုတ်နိုင်ငံဘက်ခြမ်းမှအကောက်ခွန်ဝန်ထမ်း၊ကျန်းမာရေးဝန်ထမ်းနှင့်ကားမောင်းသူများထံမှ ကိုဗစ်(၁၉)ရောဂါပိုးစစ်ဆေးတွေ့ရှိခဲ့ရသဖြင့် ယာယီပိတ်ခဲ့ပြီး မတ် ၄ ရက်ကပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

“ကုန်သွယ်မှုတွေစနေပါပြီ”ဟု နယ်စပ်ကုန်သည်တစ်ဦးကပြောသည်။

တရုတ်-မြန်မာ နယ်စပ်ဂိတ်အချို့တွင် ယွမ်ငွေဖြင့် အခွန်ဆောင်ခြင်းအား ဖေဖော်ဝါရီ၁ရက်ကစပြီးစတင်နေပြီလည်းဖြစ်သည်။

မူဆယ်နယ်စပ်ကုန်သည်ကြီးတစ်ဦးကမူ”ဟိုဘက်မှာပိတ်မိနေတဲ့၊ဒီဘက်ကနေသွားလို့မရတဲ့ ကားတွေကအများကြီး၊ခုလမ်းဖွင့်သွားပြီ။မြန်မာဘက်က ဖရဲ၊သခွါး၊ရာဘာတွေအတွက် အဆင်ပိုပြေသွားတယ်”ဟုပြောသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

NCA သဘောတူစာချုပ်အတိုင်း အတတ်နိုင်ဆုံးထိန်းသိမ်းဆောင်ရွက်လျက်ရှိ

နိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသည့် အကြမ်းဖက်လုပ်ရပ်များနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)အတိုင်း အတတ်နိုင်ဆုံးထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။ ၎င်းမှ ယနေ့ နိုဝင်ဘာ ၁၉ ရက်နံနက်ပိုင်းက နေပြည်တော်တွင်ပြုလုပ်သည့် နစက အစည်းအဝေးသို့တက်ရောက်၍ အမှာစကားပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ နစက အနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး လုံခြုံရေးနှင့်ပတ်သက်၍ အထူးကြိုးပမ်းဆောင်ရွက်လျက်ရှိသည်ဟု ပြောသည်။ ထို့ပြင် NCA သည် အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီများ၊ အဖွဲ့အစည်းများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှအသိသက်သေများ၊ ပြည်တွင်းအသိသက်သေများရှေ့တွင် လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်က...

နိုင်ငံဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူပြုသည့် အဆောက်အဦများ၊ လမ်းတံတားများကို အ ကြမ်းဖက်သမားများက ဆင်ခြင်တုံတရားမဲ့မိုက်လုံးကြီးစွာဖျက်ဆီးနေဟု နစက ဥက္ကဋ္ဌပြော

နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများရှေ့သို့မရောက်နိုင်ခြင်းနှင့်ပတ်သက်၍ နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နိုဝင်ဘာ ၁၉ ရက် နံနက်ပိုင်းကပြုလုပ်သည့် နစက အစည်းအဝေး၌ပြောကြားခဲ့ခြင်းဖြစ်သည်။ နစက ဥက္ကဋ္ဌက အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံအတွင်း လမ်း၊ တံတားများ၊ စာသင်ကျောင်းများနှင့် အဆောက်အဦများ ကြီးမားစွာထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည့် အခြေအနေများကို ပြောသည်။ ထိုသို့ ဖျက်ဆီးခဲ့မှုများကြောင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေရသဖြင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် သုံးစွဲရမည်ငွေကြေးများကို ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများတွင် သုံးစွဲကုန်ကျနေရသဖြင့် နိုင်ငံအတွက်ထိခိုက်နစ်နာစေသည်ကိုလည်း ပြောကြားသည်။ အကြမ်းဖက်သမားများ၏ အသိဉာဏ်အားနည်းမှုနှင့်ပတ်သက်၍လည်း " အဲဒီလို အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်နေကြခြင်းဟာ ပြည်ပက...

တိုင်းရင်းသားကိုယ်စားလှယ်များ နိုင်ငံရေးစင်မြင့်တွင် ပိုမိုပါဝင်လာနိုင်ရန်လိုအပ်ဟု နစက ဥက္ကဋ္ဌပြော

ဒေသနှင့်တိုင်းရင်းသားအကျိုးကို တရားဥပဒေနှင့်အညီ တောင်းဆိုဆွေးနွေးနိုင်ရန် တိုင်းရင်း သားကိုယ်စားလှယ်များ နိုင်ငံရေးစင်မြင့်တွင် ပိုမိုပါဝင်လာနိုင်ရန်လိုအပ်သည်ဟု နစက ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ယနေ့ နိုဝင်ဘာ ၁၉ ရက်နံနက်ပိုင်းကပြုလုပ်သည့် နစက အစည်းအဝေးတွင်ပြောကြားခဲ့သည်။ နစကဥက္ကဋ္ဌက ရွေးကောက်ပွဲ ကြိုတင်ပြင်ဆင်မှုများနှင့်ပတ်သက်၍ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းတွင် နိုင်ငံ့လူဦးရေ၏ ၆၃ ရာခိုင်နှုန်းကျော်ကိုကောက်ယူနိုင်ခဲ့ပြီး ကျန်ရှိသည့်နေရာများကို ယခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်ကောက်ယူနိုင်မည်ဟုခန့်မှန်းထားပြီး ပါတီများမှတ်ပုံတင်ခြင်းကိုလည်း ဥပဒေနှင့်အညီခွင့်ပြုပေးထားပြီးဖြစ်သည်ဟု ထည့်သွင်းပြောကြားသည်။ " လွှတ်တော်အတွင်းမှာ တိုင်းရင်းသားတွေနဲ့ လူထုလူတန်းစားအလွှာတွေကို ကိုယ်စားပြုသူတွေ ကျယ်ပြန့်စွာပါဝင်လာဖို့ အချိုးကျကိုယ်စားပြုစနစ်(PR)ကို တိုင်း၊ ပြည်နယ်နဲ့ အမျိုးသားလွှတ်တော်မှာ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071