Saturday, November 23, 2024

ကလေ-းလုပ်သား ပပျောက်ရေး ဆက်လက် အကောင်အထည်ဖော်သွားမည်

မြန်မာနိုင်ငံ ကလေ-းအလုပ်သမား ပပျောက်ရေး အမျိုးသားအဆင့် ဒုတိယ (၅) နှစ် လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈ ခုနှစ်) ကို မူလရည်မှန်းချက် (၆)ရပ်အပေါ်အခြေခံ၍...

ရုရှားက ဟိုက်ပါဆောနစ်ဒုံးကျည် ထုတ်သုံးလာ၍ နေတိုးနှင့်...

စစ်ပွဲ က ၃၃ လနီးပါးအကြာတွင် စစ်ရှိန်ပိုမြင့်စေခဲ့သည့် ယူကရိန်း၏ အလယ်ပိုင်းမြို့တစ်မြို့ကို ရုရှားက စမ်းသပ်ဆဲ အသံထက်မြန်သော ဟိုက်ပါဆောနစ်ဒုံးကျည်သုံး တိုက်ခိုက်လာမှုကြောင့် နေတိုးအဖွဲ့နှင့်...

မူဆယ်တွင် ပိုင်ရှင်မဲ့အလောင်း တွေ့ရှိမှု ပိုများလာ

ယခု ၂၀၂၄ ခုနှစ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ပိုင်ရှင်မဲ့အလောင်းတွေ့ရှိမှုများ ပိုမိုများပြားလာကြောင်း ဒေသခံ လူမှုကူညီရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် နှလုံးလှ ပရဟိတ (မူဆယ်)...

လားရှိုးမြို့တွင် စက်သုံးဆီအခက်အခဲကြုံနေရဟု ဆို

ရှမ်း/မြောက် လားရှိုးတွင် စက်သုံးဆီဝယ်ယူမှုအခက်အခဲဖြစ်ပွားနေကြောင်း လားရှိုးနေ ဒေသခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။ လက်ရှိ လားရှိုးမြို့အတွင်း စက်သုံးဆီတစ်လီတာလျှင် ကျပ် ၈၀၀၀ ကျော် အထိပေးဝယ်နေရပြီး၊ မြို့တွင်း...
HomeNewsLocal Newsကျင်းပတော့မည့် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် "ခေတ်...

ကျင်းပတော့မည့် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် “ခေတ် (၆)ခေတ်” ယိမ်းအကဖြင့် တင်ဆက်ဖျော်ဖြေမည်

ဒီဇင်ဘာလအတွင်း ကျင်းပတော့မည့် အမျိုးသားအားကစားပွဲတော်ဖွင့်ပွဲအခမ်းအနားတွင် “ခေတ် (၆) ခေတ်” ယိမ်း အကဖြင့် တင်ဆက်ဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားအားကစားပွဲတော်ကို ပဉ္စမအကြိမ် မြောက် ကျင်းပခြင်းဖြစ်ပြီး ယိမ်းအက အစီအစဉ်၌ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်) မှ တာဝန်ယူဆောင်ရွက်မည့် ကုန်းဘောင်ခေတ်နှင့် အင်းဝခေတ်အကများကို မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့်အညီ ခမ်းနားလှပစွာ တင်ဆက်ဖျော်ဖြေနိုင်ရေးအတွက် သဘင်ပညာဌာနမှ ဆရာမများ ကြီးကြပ်၍ ကျောင်းသူ (၁၀၀)နှင့် လေ့ကျင့်ဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ပဉ္စမအကြိမ် အမျိုးသား အားကစားပွဲတော်တွင် အားကစားသမား (၁၂၀၀၀) ခန့် ပါဝင်ယှဉ်ပြိုင်မည် ဖြစ်ကာ အားကစားသမားများသည် ဝန်ကြီးဌာနအဆင့်တွင် စုစုပေါင်း အားကစားသမား (၅၂၀၀) ကျော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့်တွင် အားကစားသမား (၆၆၀၀) ကျော်နှင့် မသန်စွမ်းအားကစားသမား (၁၄၀) ကျော် ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၉) ရက်နှင့် ပိတ်ပွဲအခမ်းအနားကို ဒီဇင်ဘာ (၂၀) မှာ ကျင်းပသွားမည် ဖြစ်ကာ ပြိုင်ပွဲများကို ဒီဇင်ဘာ (၂)ရက်ကစ၍ နေပြည်တော်ရှိ အားကစားကွင်းများ၊ အားကစားရုံများတွင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ကလေ-းလုပ်သား ပပျောက်ရေး ဆက်လက် အကောင်အထည်ဖော်သွားမည်

မြန်မာနိုင်ငံ ကလေ-းအလုပ်သမား ပပျောက်ရေး အမျိုးသားအဆင့် ဒုတိယ (၅) နှစ် လုပ်ငန်းစီမံချက် (၂၀၂၄-၂၀၂၈ ခုနှစ်) ကို မူလရည်မှန်းချက် (၆)ရပ်အပေါ်အခြေခံ၍ နေပြည်တော်ကောင်စီ၊ တိုင်းနှင့် ပြည်နယ် အားလုံးတွင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကလေ-းအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီမှ သိရသည်။ မြန်မာနိုင်ငံ ကလေ-းအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ၊ အတွင်းရေးမှူးအဖွဲ့၏ သတ္တမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ (၂၂)ရက်က နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာတွင် အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး...

ရုရှားက ဟိုက်ပါဆောနစ်ဒုံးကျည် ထုတ်သုံးလာ၍ နေတိုးနှင့် ယူကရိန်း အရေးပေါ်အစည်းအဝေးလုပ်မည်

စစ်ပွဲ က ၃၃ လနီးပါးအကြာတွင် စစ်ရှိန်ပိုမြင့်စေခဲ့သည့် ယူကရိန်း၏ အလယ်ပိုင်းမြို့တစ်မြို့ကို ရုရှားက စမ်းသပ်ဆဲ အသံထက်မြန်သော ဟိုက်ပါဆောနစ်ဒုံးကျည်သုံး တိုက်ခိုက်လာမှုကြောင့် နေတိုးအဖွဲ့နှင့် ယူကရိန်းတို့အကြား အင်္ဂါနေ့(နိုဝင်ဘာ ၂၆) တွင် အရေးပေါ် ဆွေးနွေးမှုလုပ်သွားမည်ဖြစ်သည်။ ပဋိပက္ခသည် “အဆုံးအဖြတ်အဆင့်သို့ ရောက်ရှိလာပြီ” ဟု ပိုလန်နိုင်ငံဝန်ကြီးချုပ် ဒေါ်နယ်တပ်စ်က သောကြာနေ့တွင် ပြောကြားလိုက်ပြီး “အလွန်စိတ်လှုပ်ရှားစရာ အနေအထားများပေါ်ပေါက်နေပြီ” ဟုလည်း ဆိုခဲ့သည်။ ကြာသပတေးနေ့တွင် ရုရှားက ဒီနီပရိုမြို့ရှိ စစ်ဘက်အဆောက်အအုံကို တိုက်ခိုက်ခဲ့ပြီးနောက် လုံခြုံရေးတင်းကျပ်ထားရသဖြင့် ယူကရိန်း၏ ပါလီမန်အစည်းအဝေးကို ဖျက်သိမ်းလိုက်ရသည်။ နိုင်ငံတော်ရုပ်သံမိန့်ခွန်းတွင် အနောက်နိုင်ငံများအပေါ်...

မူဆယ်တွင် ပိုင်ရှင်မဲ့အလောင်း တွေ့ရှိမှု ပိုများလာ

ယခု ၂၀၂၄ ခုနှစ်အတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် ပိုင်ရှင်မဲ့အလောင်းတွေ့ရှိမှုများ ပိုမိုများပြားလာကြောင်း ဒေသခံ လူမှုကူညီရေးအဖွဲ့ တစ်ဖွဲ့ဖြစ်သည့် နှလုံးလှ ပရဟိတ (မူဆယ်) တာဝန်ခံတစ်ဦးက ပေါ်ပြူလာနယူးစ်ကိုပြောသည်။ ယခု နိုဝင်ဘာလ (၂၂)ရက်အထိ ပိုင်ရှင်မဲ့အလောင်းတွေ့ရှိမှု (၈) ဦးထက်မနည်း တွေ့ရှိထားပြီး အရေအတွက်အားဖြင့် မြေပြင်တွင် ပိုမိုများပြားနိုင်ကြောင်း ၎င်းက ဆိုသည်။ "အခုနှစ်က ပိုင်ရှင်မဲ့အလောင်းတွေ့လာတာတွေ ပိုများတယ်ဗျ။ ကျွန်တော်တို့ အနေနဲ့ အချို့ပိုင်ရှင်မဲ့ သေဆုံးမှုမျိုးကို မတင်တာတွေလည်းရှိတယ်။ တစ်လ တစ်လဆိုရင် (၁၀) ဦးအထက်လောက်မှာရှိတယ်"ဟု ၎င်းက ရှင်းပြသည်။ ယခုလ...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071