Wednesday, January 15, 2025

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ၌...

နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ၌ တနင်္သာရီတိုင်းဒေသကြီးမှ အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းရှင်များမှလည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး...

မင်းဘူး(စကု)မြို့နယ်ရှိ နွေသီးနှံ စိုက်ဧက (၁၃၀၀)...

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ လျှပ်စစ်ရေတင်လုပ်ငန်းနှစ်ခုမှ ၂၀၂၄ - ၂၀၂၅ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေစပါး (၃၉၀) ဧကနှင့် အခြားသီးနှံ (၉၁၀)...

ယူကရိန်းကို အကူအညီပေးမည့် မဟာမိတ်အဖွဲ့ဝင်များ၏ အစီအစဉ်...

နိုင်ငံပေါင်း ၂၇ နိုင်ငံနှင့် မိတ်ဖက်နိုင်ငံ ၂၀ မှ နေတိုး ကာကွယ်ရေးဦးစီးချုပ်များသည် ဇန်နဝါရီ ၁၅ ရက်မှ ၁၆ ရက်အထိ...

ဗန်းမော်မြို့ စစ်ဘေးရှောင်များကို (၅)ကြိမ်မြောက်ကယ်ထုတ်မည့် ခရီးစဉ်...

ကချင်ပြည်နယ်၊ ရွှေကူမြို့တွင် လာရောက် ခိုလှုံနေကြသည့် ဗန်းမော်စစ်ရှောင်များအား မန္တလေးမြို့သို့ ထပ်မံပို့ဆောင်မည့် (၅)ကြိမ်မြောက် ခရီးစဉ်ကို ယနေ့ ဇန်နဝါရီ(၁၅)ရက်၌ စတင်ခဲ့ကြောင်း မြေပြင်ကူညီကယ်ဆယ်ရေးအဖွဲ့ထံက...
HomeNewsLocal Newsကျန်းမာရေး အခြေအနေများအရ လစ်လပ်နေသည့်...

ကျန်းမာရေး အခြေအနေများအရ လစ်လပ်နေသည့် ယာယီသမ္မတ တာဝန်များအား နစကဥက္ကဋ္ဌထံ လွှဲအပ်

ယခုလကုန်တွင် ကျင်းပရန် ရှိနေသည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်နိုင်ရန်ဟုဆိုကာ ယာယီသမ္မတ တာဝန်အား နစက ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ လွှဲအပ်ပေးခဲ့ကြောင်း သိရသည်။

နစက သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ ဇူလိုင်လ (၂၂) ရက် ညပိုင်းထုတ်ပြန်သည့် ထုတ်ပြန်ချက်အရ ယာယီသမ္မတ ဦးမြင့်ဆွေအနေဖြင့် ကျန်းမာရေးအရ ဆေးခွင့်ယူထားစဉ်ကာလအတွင်း ယာယီသမ္မတ တာဝန်လစ်ဟင်း နေစဉ်ကာလတွင် ယာယီသမ္မတတာဝန်ဝတ္တရားများကို နစက ဥက္ကဋ္ဌထံသို့ လွှဲအပ်ဆောင်ရွက်စေမည်ဖြစ်ကြောင်း ယာယီသမ္မတရုံးမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးသို့ အကြောင်းကြားစာပေးပို့လာကြောင်း ဖော်ပြထားသည်။

ယင်းကဲ့သို့ အကြောင်းကြားစာပေးပို့ပြီးနောက် ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်၊ (၁၁) နာရီခွဲအချိန်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဆိုင်ရာကိစ္စရပ်များအလို့ငှာ ယာယီသမ္မတတာဝန်ဝတ္တရားများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌထံသို့ လွှဲပြောင်းအပ်နှံခြင်းအား လက်မှတ်ရေးထိုးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ယခု ဇူလိုင်လကုန်တွင် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး ကျင်းပကာ တိုင်းပြည်၏ အခြေအနေများကို ယာယီသမ္မတထံ တင်ပြရမည်ဖြစ်သည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ၌ တနင်္သာရီတိုင်း ဒေသကြီးမှ အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းရှင်များမှလည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်

နေပြည်တော်၌ ကျင်းပပြုလုပ်မည့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ၌ တနင်္သာရီတိုင်းဒေသကြီးမှ အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းရှင်များမှလည်း ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး MSME အေဂျင်စီ အစည်းအဝေးမှ သိရသည်။ ပြည်ထောင်စု အဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲပြသယှဉ်ပြိုင်နိုင်ရေး တိုင်းဒေသကြီး MSME အေဂျင်စီ အစည်းအဝေး (၁/၂၀၂၅)ကို ဇန်နဝါရီ (၁၄)ရက်က ထားဝယ်မြို့၊ တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်သည်။ တိုင်းဒေသကြီးအနေဖြင့် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ အောင်မြင်စွာ ဝင်ရောက်ပြသယှဉ်ပြိုင်နိုင်ရေး တိုင်းဒေသကြီးအဆင့်...

မင်းဘူး(စကု)မြို့နယ်ရှိ နွေသီးနှံ စိုက်ဧက (၁၃၀၀) အတွက် စိုက်ပျိုးရေများ ဖြန့်ဝေပေးသွားမည်

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ လျှပ်စစ်ရေတင်လုပ်ငန်းနှစ်ခုမှ ၂၀၂၄ - ၂၀၂၅ ခုနှစ် နွေသီးနှံစိုက်ပျိုးရာသီ၌ နွေစပါး (၃၉၀) ဧကနှင့် အခြားသီးနှံ (၉၁၀) ဧက၊ စုစုပေါင်း (၁၃၀၀)ဧကကို လျာထား စိုက်ပျိုးသွားမည်ဖြစ်ပြီး စိုက်ပျိုးရေများ လုံလောက်စွာ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မင်းဘူး(စကု)မြို့နယ်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။ မင်းဘူး(စကု)မြို့နယ်၊ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) လက်အောက်ရှိ ကမ်းနီလျှပ်စစ်မြစ်ရေတင်လုပ်ငန်းနှင့် ကျောက်စံလျှပ်စစ်ရေတင်လုပ်ငန်းနှစ်ခုမှ နွေစပါးနှင့် အခြားသီးနှံ ဧကပေါင်း (၁၃၀၀) အတွက် စိုက်ပျိုးရေများ စတင်ဖြန့်ဝေပေးသွားမည်ဖြစ် ကြောင်း...

ယူကရိန်းကို အကူအညီပေးမည့် မဟာမိတ်အဖွဲ့ဝင်များ၏ အစီအစဉ် နေတိုး ကာကွယ်ရေးဦးစီးချုပ်တွေ ဆွေးနွေးမည်

နိုင်ငံပေါင်း ၂၇ နိုင်ငံနှင့် မိတ်ဖက်နိုင်ငံ ၂၀ မှ နေတိုး ကာကွယ်ရေးဦးစီးချုပ်များသည် ဇန်နဝါရီ ၁၅ ရက်မှ ၁၆ ရက်အထိ ဘရပ်ဆဲလ်မြို့တွင် နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားပြီး ယူကရိန်း၏ အခြေအနေ၊ မဟာမိတ်အဖွဲ့၏ လက်ရှိလုပ်ဆောင်နေသော မစ်ရှင်များနှင့် ရုရှားကို တန်ပြန်ရန် အစီအစဉ်များအပြင် အခြေအနေများကို ပြန်လည်သုံးသပ်မည်ဟု နေတိုးရဲ့ သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ အဆိုပါအစည်းအဝေးကို စစ်ဘက်ရေးရာကော်မတီဥက္ကဌ Rob Bauer က သဘာပတိအဖြစ် ဆောင်ရွက်မည်ဖြစ်ပြီး နေတိုးအတွင်းရေးမှူးချုပ် Mark Rutte၊...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071