Wednesday, January 22, 2025

ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများကို အမြဲမပြတ်လေ့လာ လေ့ကျင့်ရန်...

ယနေ့ခေတ်တွင် စစ်လက်နက်နည်းပညာများ၊ စစ်နည်းဗျူဟာများသည် အဆက်မပြတ်တိုး တက်လျက်ရှိ၍ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့်မူဝါဒအတိုင်း စဉ်ဆက်မပြတ်ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများကို အမြဲမပြတ်လေ့လာနေရမည်ပြီး သင်ယူထားရှိပြီးဖြစ်သည့်...

ဒေသငြိမ်းချမ်းလုံခြုံရေး အာဆီယံပူးပေါင်းဆောင်ရွက်မှု အရေးကြီး

ကွာလာလမ်ပူ၊ဇန်နဝါရီ ၂၂ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ရာ၌ အသက်တမျှအရေးကြီးကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးကပြောကြားခဲ့သည်။ နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုအန္တရာယ်များ အပါအဝင် လက်ရှိဖြစ်ပေါ်နေသော နှင် ထပ်မံ ပေါ်ထွက်လာနေသော...

စင်္ကာပူကျောင်းများ၌ကလေ-းများကျန်းမာရေးနှင့်အညီကျွေးမွေးမှုစနစ်စတင်

စင်္ကာပူ၊ဇန်နဝါရီ ၂၂ စင်္ကာပူကျောင်းများ၌ မူလတန်းအရွယ် ကလေ-းများအတွက် တစ်ဦးချင်းစီ၏ ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်ကျွေးမွေးမှုပုံစံကို စတင်ကျင့်သုံးမည်ဖြစ်ကြောင်းသိရသည်။ ကလေ-းတစ်ဦးစီ၏ လူနေမှုပုံစံ သတ်မှတ်ချက်၊ကျန်းမာရေးစစ်ဆေးမှုရလဒ်များ၊ကာကွယ်ဆေးထိုးမှတ်တမ်းများနှင့် လိုအပ်ပါက ကျန်းမာရေး ဌာနများသို့...

ပြိုင်ဘက် ထိုင်းအသင်းကို ရှမ်းယူနိုက်တက် ရှုံးနိမ့်

2024 ASEAN Shopee Cup အုပ်စုပွဲစဉ်(၄) ၏ ပွဲစဉ်အဖြစ် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ယနေ့ ညနေပိုင်းတွင် BG Pathum...
HomeNewsLocal Newsကျားဖြန့်နှိမ်နင်းရေး ဇင်ယော်လှုပ်ရှားမှု ဒုတိယပိုင်းကို...

ကျားဖြန့်နှိမ်နင်းရေး ဇင်ယော်လှုပ်ရှားမှု ဒုတိယပိုင်းကို စတင်ရန်ရှိဟု မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးဆို

တရုတ်နိုင်ငံအပါအဝင် အာဆီယံ (၅)နိုင်ငံပါဝင်သည့် အွန်လိုင်းငွေလိ-မ်ဂိုဏ်း(ကျားဖြန့်)များ နှိမ်နင်းရန် “ဇင်ယော်” တရားဥပဒေစိုးမိုးရေး ပူးပေါင်းလှုပ်ရှားမှု ဒုတိယပိုင်းကို စတင်ရန်ရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ သတင်းထုတ်ပြန်သည်။

အာဆီယံ ငါးနိုင်ငံတွင် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ထိုင်း၊ ဗီယက်နမ် တို့ ပါဝင်ပြီး ယင်းလှုပ်ရှားမှုကို ယခုနှစ်၏ သင့်လျော်သောအချိန်ကောင်းတွင် စတင်သွားမည်ဖြစ်သည်ဟုဆိုသည်။

ယင်းလှုပ်ရှားမှုမှ တဆင့် ဆက်သွယ်ရေးလိ-မ်-လ-ည်မှုနှင့် ကွင်းဆက်ရာဇဝတ်မှုများအား အဆက်မပြတ် အာရုံစိုက် တိုက်ဖျက်သွားမည်ဖြစ်ကာ နိုင်ငံအသီးသီးမှ ပျောက်ဆုံး၊ ပိတ်လှောင်ခံနေရသူများကို အစွမ်းကုန် ကယ်ဆယ်သွားမည်ဖြစ်ပြီး နိုင်ငံအသီးသီးမှ နိုင်ငံသားများ၏ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးနှင့် ဒေသတွင်း လုံခြုံတည်ငြိမ်အေးချမ်းရေးတို့ကို လက်တွေ့ကျကျ ကာကွယ်စောင့်ရှောက်သွားမည်ဟု ဆိုသည်။

လက်ရှိတွင် အွန်လိုင်းငွေလိ-မ်လုပ်ငန်း(ကျားဖြန့်)အပါအဝင် ဆက်သွယ်ရေးလိ-မ်-လ-ည်မှုများကို မြန်မာအပါအဝင်ဒေသတွင် (၆) နိုင်ငံ ပူးပေါင်းလုပ်သည့် အထူးစစ်ဆင်ရေးအတွင်း လူ (၇) သောင်းကျော်ကို ဖမ်းမိထားကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၏ ထုတ်ပြန်မှုတွင် ဖော်ပြသည်။

ထိုစစ်ဆင်ရေးနာမည်ကို ထုတ်မပြောသော်လည်း ယင်းပူးပေါင်းလှုပ်ရှားမှုသည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ၂၀၂၃ ခုနှစ်၊ သဩဂုတ်လအတွင်း မြန်မာ၊ ထိုင်း၊ လာအို၊ တရုတ်နိုင်ငံတို့၏ ရဲတပ်ဖွဲ့များ တွေ့ဆုံဆွေးနွေးမှုအပြီး စတင်ခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင်လည်း ကမ္ဘောဒီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီး ဌာန၊ တရုတ်နိုင်ငံပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၊ လာအိုနိုင်ငံ ပြည်သူ့လုံခြုံရေး ဝန်ကြီးဌာနနှင့် ကာကွယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ တော်ဝင်ရဲတပ်ဖွဲ့၊ ဗီယက်နမ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနတို့မှ ကိုယ်စားလှယ်အဖွဲ့များ တက်ရောက်ခဲ့ကြသည့်“ဇင်ယော်” ပူးပေါင်းလှုပ်ရှားမှု ပြန်လည်သုံးသပ်ခြင်းအစည်းအဝေးကို ဇန်နဝါရီလ (၂၁)ရက်တွင် တရုတ်နိုင်ငံ ၊ ယူနန်ပြည်နယ် ကူမင်းမြို့၌ ကျင်းပခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071

Continue reading

ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများကို အမြဲမပြတ်လေ့လာ လေ့ကျင့်ရန် တပ်ချုပ်မှာကြား

ယနေ့ခေတ်တွင် စစ်လက်နက်နည်းပညာများ၊ စစ်နည်းဗျူဟာများသည် အဆက်မပြတ်တိုး တက်လျက်ရှိ၍ “လေ့လာ၊ လေ့ကျင့်၊ လိုက်နာ” ဟူသည့်မူဝါဒအတိုင်း စဉ်ဆက်မပြတ်ပြောင်းလဲတိုးတက်နေသည့် စစ်အတတ်ပညာများကို အမြဲမပြတ်လေ့လာနေရမည်ပြီး သင်ယူထားရှိပြီးဖြစ်သည့် စစ်မှုရေးရာနည်းနာများနှင့် အတတ်ပညာများကို ပိုမိုကျွမ်းကျင်အောင် အမြဲလေ့ကျင့်နေရမည်ဖြစ်ကြောင်း နစကဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။ ယနေ့ ဇန်နဝါရီ ၂၂ ရက်နံနက်ပိုင်းက နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ တောင်ညိုတပ်နယ်ရှိ နယ်မြေခံလေ့ကျင့်ရေးသင်တန်းကျောင်း ၌ သင်တန်းသားများကို သင်ကြားလေ့ကျင့်ပေးနေမှုအား ၎င်းမှ ကြည့်ရှုစစ်ဆေးစဥ် မှာကြားခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ချမှတ်ထားရှိသည့်စည်းမျဉ်းစည်းကမ်းများအတိုင်း အမြဲလိုက်နာကျင့်သုံးနေရမည်ဖြစ်ပြီး စစ်သားကောင်း တစ်ယောက်ပီသစွာ နေထိုင်ကျင့်ကြံမည်ဆိုပါက...

ဒေသငြိမ်းချမ်းလုံခြုံရေး အာဆီယံပူးပေါင်းဆောင်ရွက်မှု အရေးကြီး

ကွာလာလမ်ပူ၊ဇန်နဝါရီ ၂၂ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား နယ်စပ်ဖြတ်ကျော် ပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို ထိန်းသိမ်းစောင့်ရှောက်ရာ၌ အသက်တမျှအရေးကြီးကြောင်း မလေးရှားပြည်ထဲရေးဝန်ကြီးကပြောကြားခဲ့သည်။ နိုင်ငံဖြတ်ကျော်ရာဇ၀တ်မှုအန္တရာယ်များ အပါအဝင် လက်ရှိဖြစ်ပေါ်နေသော နှင် ထပ်မံ ပေါ်ထွက်လာနေသော လုံခြုံရေးစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်မှာ အာဆီယံအတွက် အထူးအရေးကြီးကြောင်းလည်း အာရှ၏နိုင်ငံတကာ လုံခြုံရေးထိပ်သီးအစည်းအဝေးနှင့် ကုန်စည်ပြပွဲ 2025 မိန့်ခွန်းတွင် ၎င်းကပြောကြားခဲ့သည်။ "အာဆီယံမိတ်ဖက်များအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ယုံကြည်မှုတည်ဆောက်ရေးအခန်းကဏ္ဍကို နောက်တစ်ဆင့်တက်သင့်ပြီး ဒေသတွင်းငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းရာမှာ စည်းလုံးညီညွတ်မှု၊ တုန့်ပြန် ဆောင်ရွက်မှု နဲ့ ပတ်သက်ဆက်နွယ်မှုတွေရှိနေသင့်ပါတယ်" ဟုလည်း ပြောကြားခဲ့သည်။ အစွန်းရောက်မူဝါဒနှင့် အကြမ်းဖက်မူဝါဒအပါအဝင် လုံခြုံရေးဆိုင်ရာ အန္တရာယ်...

စင်္ကာပူကျောင်းများ၌ကလေ-းများကျန်းမာရေးနှင့်အညီကျွေးမွေးမှုစနစ်စတင်

စင်္ကာပူ၊ဇန်နဝါရီ ၂၂ စင်္ကာပူကျောင်းများ၌ မူလတန်းအရွယ် ကလေ-းများအတွက် တစ်ဦးချင်းစီ၏ ကျန်းမာရေးနှင့်ညီညွတ်သည့် အစားအသောက်ကျွေးမွေးမှုပုံစံကို စတင်ကျင့်သုံးမည်ဖြစ်ကြောင်းသိရသည်။ ကလေ-းတစ်ဦးစီ၏ လူနေမှုပုံစံ သတ်မှတ်ချက်၊ကျန်းမာရေးစစ်ဆေးမှုရလဒ်များ၊ကာကွယ်ဆေးထိုးမှတ်တမ်းများနှင့် လိုအပ်ပါက ကျန်းမာရေး ဌာနများသို့ လွှဲပြောင်းပေးပို့ခြင်းများလည်းပါဝင်သည့် ယခုကျန်းမာရေးစီမံချက်ကို ကျန်းမာရေးဝန်ကြီးဌာန၊ပညာရေးဝန်ကြီးဌာနနှင့် လူမှုရေး နှင့် မိသားစုဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတို့ကပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။ စာသင်နှစ်အစကတည်းက ကျောင်းသားမိဘများသည် ၎င်းတို့ကလေ-း၏အလေ့အကျင့် နှင့်ပတ်သက်သော အချက်အလက်များအတွက် က-လေး၏လူနေမှုပုံစံ စစ်တမ်း မေးခွန်းလွှာကို ဖြေဆိုရမည်ဖြစ်သည်ဟုဆိုသည်။ ကျန်းမာရေးဝန်ထမ်းများအနေဖြင့်လည်း ကလေ-းတစ်ဦးချင်းစီ၏ အမူအကျင့် နှင့် ကျန်းမာရေးအခြေအနေတို့နှင့် ပတ်သက်၍ မိဘများဖြည့်သွင်းထားသည့် မေးခွန်းလွှာမှအဖြေများကို အခြေခံ၍ ကလေ-းများ နှင့် ထိတွေ့ဆက်ဆံကာ အနာဂတ်...

Ads Space Available

Boost your brand’s visibility with prime ad space on our website—reach your audience effectively and drive results! Call Us at: 09-420209071